ကားမူးတာက လူတော်တော်များများ ကြုံလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။
ကားမူးတဲ့ အကြောင်းရင်းက မျက်လုံးနဲ့ အတွင်းနားတို့ ဟန်ချက်မညီမျှမှုကြောင့် ဖြစ်ပါတယ်။
အတွင်းနားက ခန္ဓာကိုယ်ကရွေ့လျားနေတယ်လို့ ဦးနှောက်ကို သတင်းပို့တယ် ။ ဒါပေမဲ့ မျက်လုံးက ခန္ဓာကိုယ်က ရွေ့လျားမှုမရှိဘူးလို့ ပြောတယ်။ ဒီလို မတူညီတဲ့ သတင်းပေးပို့မှုတွေကြောင့် ကားမူးရခြင်းဖြစ်ပါတယ်။
ကားစီးတဲ့အခါ မူးဝေအော့အန်တတ်တဲ့သူတွေကကားမူးတာကို သက်သာစေမယ့်နည်းလမ်းတွေနဲ့ မဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေကို သိထားသင့်ပါတယ်။
လတ်ဆတ်တဲ့လေကို ရှူလိုက်ပါ။
လတ်ဆတ်တဲ့လေက ကားမူးခြင်းကို သက်သာစေပါတယ်။
ကားပြတင်းပေါက်ကို ဖွင့်လိုက်ရုံနဲ့ မရရင် ကားပေါ်က ခဏဆင်းပြီး လတ်ဆတ်တဲ့လေကိုရှူလိုက်ပါ။
မြင်ကွင်းကို ပိတ်ထားပါ။
တခါတလေမှာ ကားအပြင်က ရွေ့လျားမှုကြောင့် ကားမူးခြင်း ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကားသွားနေတုန်းမှာ မျက်စိကို မှိတ်ထားခြင်း၊ နေကာမျက်မှန်တပ်ထားခြင်း၊ အိပ်တဲ့အခါသုံးတဲ့ မျက်နှာဖုံးကို တပ်ထားခြင်းက ပြင်ပမြင်ကွင်းတွေကို မမြင်ရတဲ့အတွက် ကားမူးသက်သာစေပါတယ်။
ဂျင်းပါတဲ့အစာတစ်ခုခု စားလိုက်ပါ
ဂျင်းကို ဝါးစားလိုက်ခြင်း၊ ဂျင်းပါတဲ့ ဖျော်ရည်၊ ကွတ်ကီး တစ်ခုခုကို စားပေးရင် ကားမူးတာ သက်သာနိုင်ပါတယ်။
ကိုယ်က ကားမူးတတ်တဲ့သူတစ်ဦးဆိုရင် ကားမစီးခင်ကတည်းက ဂျင်းပါတဲ့စားစရာတစ်ခုခုကို အသင့်ဆောင်ထားသင့်ပါတယ်။
အစိုဓာတ်မပါတဲ့ မုန့်ခြောက်လို၊ဘီစကစ်လို ခြောက်တဲ့အရာတစ်ခုခုစားပါ
ခြောက်သွေ့တဲ့ စားစရာက အစာအိမ်ထဲက ထွက်လာတဲ့ ပိုနေတဲ့ အက်ဆစ်တွေကို စုပ်ယူပေးနိုင်လို့ပဲ ဖြစ်ပါတယ်။
လက်ကောက်ဝတ်ကို ဖိထားပေးပါ
လက်ကောက်ဝတ်က သွေးခုန်တဲ့ နေရာကို ၁၀ စက္ကန့်လောက်ဖိထားပေးမယ်ဆိုရင် ကားမူးတာကို သက်သာစေတတ်ပါတယ်။
သွေးခုန်တဲ့နေရာမှာ စာရွက်/ဂွမ်းလုံးလေး တစ်ခုခုကို ခံပြီး လက်ကောက်ဝတ်ကို ပတ်တဲ့ လက်ပတ်တစ်ခုနဲ့ စည်းထားလိုက်မယ်ဆိုရင် အကောင်းဆုံးပါပဲ။
ကားမူးတတ်သူတွေအနေနဲ့ ကားမစီးခင်ကတည်းက မူးဝေအော့အန်ခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလေးတွေလည်းရှိပါတယ်။
ကားစီးခါနီးမှာ ဗိုက်ကို ပြည့်အင့်အောင် မစားထားသင့်သလို ဘာမှမစားထားဘဲလည်း မနေသင့်ပါဘူး။
ပြီးတော့ အရမ်းစပ်တဲ့ အစာနဲ့ အရမ်းအဆီများတဲ့ အစာတွေကို ရှောင်ထားရပါမယ်။
လှုပ်ရှားမှုအနည်းဆုံးနေရာမှာထိုင်ပါ
ရွေ့လျားမှုနဲ့ အမြင်နဲ့ မညီညွတ်တာက ကားမူးခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်တဲ့အတွက် ကားမူးတတ်သူတွေ
အနေနဲ့ ရွေ့လျားမှုအနည်းဆုံးဖြစ်တဲ့ ကားရှေ့ခန်းမှာ ထိုင်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ကားပေါ်မှာ မျက်စိသုံးပြီး အာရုံစိုက်ရမယ့်အလုပ်မျိုး မလုပ်ပါနဲ့
ကားကရွေ့လျားနေတဲ့အတွက် စာဖတ်တာ၊ ဖုန်းသုံးတာတွေက အာရုံစိုက်ဖို့ ခက်ခဲစေပြီး မူးဝေစေတာ ဖြစ်ပါတယ်။
ဂျင်းပါတဲ့ အစာ/ဆေးတစ်ခုခုကို စားထားပါ ။
ကားမစီးခင် မိနစ် ၂၀ လောက်အလိုကတည်းက ဂျင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရေတစ်ဖန်ခွက်ရောပြီး
သောက်ထားတာမျိုးလုပ်ပါ ။
ဂျင်းပါတဲ့ သကြားလုံး၊ကွတ်ကီးတစ်ခုခု စားထားတာမျိုးတွေလုပ်ထားသင့်ပါတယ္.
ပျော်ရွှင် အေးချမ်းစွာခရီးသွားနိူင်ကြပါစေ...ရှင်
<zawgyi>
ကားစီးရင် မူးတတ်သူများအတွက်နည်းလမ်းကောင်းများ
Friday ,December 27 , 2019

ဂျင်းပါတဲ့ သကြားလုံး၊ကွတ်ကီးတစ်ခုခု စားထားတာမျိုးတွေလုပ်ထားသင့်ပါတယ်.
ပျော်ရွှင် အေးချမ်းစွာခရီးသွားနိူင်ကြပါစေ...ရှင်
#Sein_Minn_Tha_Mee
0 comments:
Post a Comment