Tuesday, December 3, 2019

စီးရီးအေတစ်နှစ်တာအကောင်းဆုံးဆုနှင့် အကောင်းဆုံးရှေ့တန်းတိုက်စစ်မှူးဆု တို့ကို ရော်နယ်ဒို ဆွတ်ခူး

Image may contain: 1 person

ပေါ်တူဂီ အသင်းနှင့် ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒိုမှာ ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် စီးရီးအေတစ်နှစ်တာ အကောင်းဆုံးဆုနှင့် အကောင်းဆုံးရှေ့တန်းတိုက်စစ်မှူးဆု တို့ကို မီလန်မြို့တွင် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အသက် (၃၄) နှစ်အရွယ် ရော်နယ်ဒိုသည် စီးရီးအေကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပွဲပေါင်း (၃၁) ပွဲကစားခဲ့ပြီး (၂၁) ဂိုးသွင်းယူကာ အသင်းနှင့်အတူ အမှတ်ပေး ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ရော်နယ်ဒိုသည် မီလန်တွင် ကျင်းပသော စီးရီးအေဆုပေးပွဲအခမ်းအနားသို့ တက်ရောက်နေရခြင်းကြောင့် ပဲရစ်တွင် ကျင်းပခဲ့သော Ballon d'Or ဆုပေးပွဲအခမ်းအနားကို မတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ Ballon d'Or ဆုပေးပွဲအခမ်းအနားတွင် မက်ဆီက ၆ ကြိမ်မြောက်ဆွတ်ခူးရရှိခဲ့ပြီး ရော်နယ်ဒိုထက် တစ်ဆု ပိုသာ သွားခဲ့ပြီဖြစ်သည်။ သို့သော် ရော်နယ်ဒိုမှာလည်း ထိုညအတွင်း ဆုလက်မဲ့ မဖြစ်ခဲ့ဘဲ စီးရီးအေတစ်နှစ်တာ အကောင်းဆုံးဆုကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
Image may contain: 2 people
Image may contain: 2 people, people smiling
<<Zawgyi>>
စီးရီးအေတစ်နှစ်တာအကောင်းဆုံးဆုနှင့် အကောင်းဆုံးရှေ့တန်းတိုက်စစ်မှူးဆု တို့ကို ရော်နယ်ဒို ဆွတ်ခူး
Wednesday, December 4 , 2019

ပေါ်တူဂီ အသင်းနှင့် ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒိုမှာ ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် စီးရီးအေတစ်နှစ်တာ အကောင်းဆုံးဆုနှင့် အကောင်းဆုံးရှေ့တန်းတိုက်စစ်မှူးဆု တို့ကို မီလန်မြို့တွင် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အသက် (၃၄) နှစ်အရွယ် ရော်နယ်ဒိုသည် စီးရီးအေကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပွဲပေါင်း (၃၁) ပွဲကစားခဲ့ပြီး (၂၁) ဂိုးသွင်းယူကာ အသင်းနှင့်အတူ အမှတ်ပေး ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ရော်နယ်ဒိုသည် မီလန်တွင် ကျင်းပသော စီးရီးအေဆုပေးပွဲအခမ်းအနားသို့ တက်ရောက်နေရခြင်းကြောင့် ပဲရစ်တွင် ကျင်းပခဲ့သော Ballon d'Or ဆုပေးပွဲအခမ်းအနားကို မတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ Ballon d'Or ဆုပေးပွဲအခမ်းအနားတွင် မက်ဆီက ၆ ကြိမ်မြောက်ဆွတ်ခူးရရှိခဲ့ပြီး ရော်နယ်ဒိုထက် တစ်ဆု ပိုသာ သွားခဲ့ပြီဖြစ်သည်။ သို့သော် ရော်နယ်ဒိုမှာလည်း ထိုညအတွင်း ဆုလက်မဲ့ မဖြစ်ခဲ့ဘဲ စီးရီးအေတစ်နှစ်တာ အကောင်းဆုံးဆုကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment