Wednesday, December 25, 2019

တောင်ငူတွင် လင်မယားနှစ်ဦးကို ဓာတ်တိုင်ကြွေသီးဖြင့် မသေမချင်းရိုက်သတ်ခဲ့မှုမှ ကျူးလွန်သူသားအဖနှစ်ဦးအား စတင်စစ်ဆေးတော့မည်

Image may contain: 10 people, people standing and outdoor

လွန်ခဲ့သည့် ဖေဖော်ဝါရီလ က၊ မြို့သစ်နယ်မြေရဲစခန်းအပိုင် တောင်ငူမြို့နယ် ကေတုမတီမြို့သစ် မင်းကြီး ဆွေရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းနံဘေး လူမြင်ကွင်း၌ ရန်ကုန်မြို့နေ လင်မယားနှစ်ဦးဖြစ်သည့် ဦးစိုးလင်းသန်း (ဗိုလ်မှူး-ငြိမ်း) ၄၉ နှစ်(ဘ)ဦးသန်း၊ အင်္ဂလန်အခြေစိုက် သင်္ဘောကပ္ပတိန်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ချောစုစုလင်း ၄၅ နှစ်တို့အား၊ ကေတုမတီမြို့သစ် မင်းကြီးဆွေရပ်ကွက်နေ ဦးရဲဝင်း ၅၁ နှစ်နှင့်ဖခင်ဖြစ်သူ ဦးတိုးကြည် ၇၆ နှစ်တို့က ဓာတ်တိုင်ကြွေသီးဖြင့် မသေမချင်းရိုက်ခဲ့ရာမှ လင်မယားနှစ်ဦးလုံးမှာ အခင်းဖြစ်နေရာ၌သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် လင်မယားနှစ်ဦးအား သားအဖနှစ်ဦးက လူမြင်ကွင်း၌ ဓာတ်တိုင်ကြွေသီးဖြင့် ရိုက်သတ်ခဲ့သောအမှုမှ ပြစ်မှုပုဒ်မများအား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားလို၊ တရားခံနှစ်ဖက်လုံးမှ ပြင်ဆင်ချက် လျှောက်ထားခဲ့ရာ တောင်ငူခရိုင် တရားရုံးက မူလစွဲချက်တင်ထားသည့် ပုဒ်မများအတိုင်းသာ ဆက်လက်စစ်ဆေးရန် တိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့အမိန့်ချမှတ်ပြီးနောက် မူလစွဲချက်တင်ထားသည့် ပုဒ်မများအတိုင်း တောင်ငူခရိုင်တရားရုံးမှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး လာမည့်ရုံးချိန်းတွင် အမှုမှပြစ်မှုကျူးလွန်သူသားအဖအား ပထမဆုံး စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းအခြေအနေနှင့် ပတ်သက်ပြီး တောင်ငူခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အောက်ရုံးက စွဲချက်တင်ထားတဲ့ အမိန့်ဟာ အတည်ပဲဆိုပြီးတော့ ပြန်ချပေးတာလေ။ဒီအောက်ကနေပြီးတော့ ၃၀၂၊ ၃၀၂ နဲ့ စွဲချက်တွေ အသီးသီးတင်ထားတာရှိတယ်လေ၊ အဲဒီအမိန့်အတိုင်ပဲဆိုပြီးတော့ ပြန်ပြီးတော့ အမိန့်ပြန်ချပေးတာ။ ရုံးချိန်းက တရားခံစစ်တွေရောက်နေပြီလေ၊ သူကတရားခံ စစ်ရမယ့်အချိန်မှာ ပြင်ဆင်မှုတက်သွားတော့ အမှုတွဲကတိုင်းကို လွှဲလိုက်ရတဲ့အတွက်မို့လို့ အခုအမှုတွဲပြန်ရောက်တယ်။ ပြန်ရောက်တဲ့အခါကျတော့ အဲ့ဒီရောက်နေတဲ့နေရာကနေ ဆက်စစ်မှာပေါ့၊ လာမယ့် ၂၇ ရက်နေ့မှာ ပြန်စစ်မယ်” ဟု ပြောကြားသည်။
ယင်းဖြစ်စဉ်ကို တောင်ငူခရိုင်တရားရုံး တွင်စစ်ဆေးလျက်ရှိရာ သားဖြစ်သူဦးရဲဝင်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂)/ ၃၀၂ (၂)/ ၃၂၃ ဖြင့်လည်းကောင်း၊ ဖခင်ဖြစ်သူ ဦးတိုးကြည်အား ၃၀၂(၂)/ ၁၁၄/ ၃၀၂ (၂)/ ၁၁၄/ ၃၂၃/ ၁၁၄ တို့ဖြင့်လည်းကောင်း စစ်ဆေးလျက်ရှိသည့်အပြင် တောင်ငူမြို့နယ်တရားရုံးကလည်း ၎င်းတို့သားအဖနှစ်ဦးအား ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁) ဖြင့်လည်းကောင်း သီးခြားစီစွဲချက်တင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါစွဲချက်တင်စစ်ဆေးလျက်ရှိသည့် ရာဇသတ်ကြီးပုဒ်မများအပေါ်တွင် တရားလိုဘက်မှ ပြစ်ဒဏ်နည်းသည်ဟူ၍လည်းကောင်း၊ တရားခံဖြစ်သူဘက်မှလည်း ပြစ်ဒဏ်မှာများသည်ဟူ၍လည်းကောင်း ယူဆကာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ ပြီးခဲ့သောဇူလိုင်လအတွင်းက ပြင်ဆင်မှုတက်ခဲ့ကြောင်း သိရသည်။
Source: ELEVEN MEDIA #Myanmar_Online-News
<<Zawgyi>>
တောင်ငူတွင် လင်မယားနှစ်ဦးကို ဓာတ်တိုင်ကြွေသီးဖြင့် မသေမချင်းရိုက်သတ်ခဲ့မှုမှ ကျူးလွန်သူသားအဖနှစ်ဦးအား စတင်စစ်ဆေးတော့မည်
Wednesday ,December 25 , 2019

0 comments:

Post a Comment