ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ သေဆုံးမှု၌ ဖမ်းဆီးခေါ်ဆောင်သွားသည့် AA အဖွဲ့တွင်သာ အဓိကတာဝန်ရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
"တိုက်ပွဲနဲ့မဆိုင်တဲ့ ပြည်သူတစ်ဦးကို ဖမ်းဆီးထားတာဖြစ်တဲ့အတွက် ဖမ်းဆီးထားတဲ့AA အဖွဲ့ဆီမှာပဲ တာဝန်ရှိတယ်။ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့သူကို တိုက်ပွဲနယ်မြေမှာ ဖမ်းဆီးထားကတည်းက ဖမ်းဆီးခံထားရသူရဲ့အသက်အတွက် သူတို့ဆီမှာသာ တာဝန်ရှိကြောင်း " ဒေါက်တာမျိုးညွန့်က ပြောသည်။
"လက်နက်ကိုသုံးပြီး နိုင်ငံရေးအဖြေရအောင်လုပ်ရင် အဲ့ဒီ လက်နက်အားကိုးတဲ့အစဉ်အလာဟာ ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ဘဲ ဘယ်တော့မှငြိမ်းချမ်းမယ့်အဖြစ်ကိုရောက်မှာမဟုတ်ဘူး"ဟု ၎င်းက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် သွားရောက်တရားရင်ဆိုင်မှုအပေါ် ထောက်ခံပွဲကျင်းပရန် ပြင်ဆင်နေချိန်တွင် စစ်ဆေးစရာရှိ၍ဟုဆိုကာ ဦးရဲသိန်းကို AA အဖွဲ့က ၂၀၁၉ ခုနှစ်၊ ဒီဇင် ဘာလ (၁၁) ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သေဆုံးသူ ဦးရဲသိန်း၏ မိသားစုဝင်များထံ မြို့နယ်ပါတီအလုပ်မှုဆောင်အဖွဲ့မှ သွားရောက် နှစ်သိမ့်မှုများပြုလုပ်နေပြီး ယခုကဲ့သို့ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ပွားစေရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ကပြောသည်။
Source _ News Watch
<zawgyi>
ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌသေဆုံးမှု၌ AA အဖွဲ့ သာ အဓိကတာဝန်ရှိကြောင်း ဒေါက်တာမျိုးညွန့် ပြောကြား

0 comments:
Post a Comment