Tuesday, December 3, 2019

တမူးမြို့ NLD ပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေအိမ်အတွင်း လက်ပစ်ဗုံးပစ်ပေါက်မှုဖြစ်ပွားပြီး ထိခိုက်မှုမရှိ

Image may contain: outdoor

၂၀၁၉ ခုနှစ် ၊ဒီဇင်ဘာလ(၃)ရက်နေ့ (၁၉း၀၅) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ စျေးတန်း(၂)ရပ်ကွက်|မာဃလမ်းအိမ်အမှတ်(၂/စ်၀၄၃)နေ NLDပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏နေအိမ်အတွင်း လက်ပစ်ဗုံးတစ်လုံး တွေ့ရှိကြောင်းသတင်းရရှိသောကြောင့် တပ်မတော်သားများ ၊တမူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

နေအိမ်ခြံဝင်းအတွင်း ခြံစည်းရိုးနှင့် ၈ပေခန့်အကွာ၌ 91 အမျိုးအစားလက်ပစ်ဗုံး ၁လုံး နှင့် ၃ပေခန့်အကွာ၌ လက်ပစ်ဗုံးကလစ်တို့အားတွေ့ရှိခဲ့ရကြောင်းသိရှိရသည်။
၎င်းနောက် နေအိမ်၌ နေထိုင်သောဦးမောင်မောင်လတ်၏ ညီမတော်စပ်သူမဝါဝါဝင်းအားမေး မြန်းခဲ့ရာ (၁၇းဝဝ) နာရီခန့်တွင် ၎င်း၏ နေအိမ်အရှေ့၌ ဆိုင်ကယ်ရပ်တန့်သည့်အသံကြားသဖြင့်အပြင်သို့ထွက်ကြည့်စဉ် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှ လက်ပစ်ဗုံးအား နေအိမ်အတွင်း ပစ်ခဲ့သည်ကို တွေ့ရှိခဲ့သောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး (၂၀းဝ၅) နာရီတွင် လက်ပစ်ဗုံးအား တပ်မတော်သားတစ်ဦးမှ စတစ်တကျသိမ်းဆည်း၍ အ နက်(၆)ပေခန့်ရှိသောမြေကျင်းအတွင်းမြှပ်နှံသိမ်းဆည်းခဲ့ကြောင်းသိရှိရပါသည်။
Image may contain: 1 person
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people sitting and outdoor
ကဘော်ဆုသန်း
<zawgyi>
တမူးမြို့ NLD ပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေအိမ်အတွင်း လက်ပစ်ဗုံးပစ်ပေါက်မှုဖြစ်ပွားပြီး ထိခိုက်မှုမရှိ
Tuesday, December 3 , 2019

၂၀၁၉ ခုနှစ် ၊ဒီဇင်ဘာလ(၃)ရက်နေ့ (၁၉းဝ၅) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ စျေးတန်း(၂)ရပ်ကွက်|မာဃလမ်းအိမ်အမှတ်(၂/စ်ဝ၄၃)နေ NLDပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏နေအိမ်အတွင်း လက်ပစ်ဗုံးတစ်လုံး တွေ့ရှိကြောင်းသတင်းရရှိသောကြောင့် တပ်မတော်သားများ ၊တမူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
နေအိမ်ခြံဝင်းအတွင်း ခြံစည်းရိုးနှင့် ၈ပေခန့်အကွာ၌ 91 အမျိုးအစားလက်ပစ်ဗုံး ၁လုံး နှင့် ၃ပေခန့်အကွာ၌ လက်ပစ်ဗုံးကလစ်တို့အားတွေ့ရှိခဲ့ရကြောင်းသိရှိရသည်။
၎င်းနောက် နေအိမ်၌ နေထိုင်သောဦးမောင်မောင်လတ်၏ ညီမတော်စပ်သူမဝါဝါဝင်းအားမေး မြန်းခဲ့ရာ (၁ရးဝဝ) နာရီခန့်တွင် ၎င်း၏ နေအိမ်အရှေ့၌ ဆိုင်ကယ်ရပ်တန့်သည့်အသံကြားသဖြင့်အပြင်သို့ထွက်ကြည့်စဉ် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးမှ လက်ပစ်ဗုံးအား နေအိမ်အတွင်း ပစ်ခဲ့သည်ကို တွေ့ရှိခဲ့သောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး (၂၀းဝ၅) နာရီတွင် လက်ပစ်ဗုံးအား တပ်မတော်သားတစ်ဦးမှ စတစ်တကျသိမ်းဆည်း၍ အ နက်(၆)ပေခန့်ရှိသောမြေကျင်းအတွင်းမြှပ်နှံသိမ်းဆည်းခဲ့ကြောင်းသိရှိရပါသည်။
ကဘော်ဆုသန်း

0 comments:

Post a Comment