Wednesday, December 4, 2019

တင်ဒါလုပ်ငန်းများကို ကုမ္ပဏီထောင်၍ လုပ်ကိုင်နေသည့် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် NLD အလုပ်အမှုဆောင်တို့အား တိုင်ကြားခံရ

No photo description available.

အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နတ်တလင်းမြို့နယ်အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးခင်မောင် ဦးအောင်ဆန်းလင်းတို့သည် ရွေနတ်တလင်းသားဆိုသည့် ကုမ္ပဏီကိုတည်ထောင်ကာ ဆောက်လုပ်ရေးတင်ဒါများ လေလံဆွဲမှုများပြုလုပ်နေခြင်း နတ်တလင်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ တိုင်းဒေသကြီး လွှတ်တော်ကိုယ် ဦးမောင်မောင်ဦး နှင့် နတ်တလင်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခင်အေး တို့သည့်နောက်ကွယ် မှကူညီဆောင်ရွက်မှုများပြုလုပ်နေသည်ဟုဆိုကာ အရေးယူပေးရန် ရေစီအဖွဲ့ချုပ်ပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေးသို့ တိုင်ကြားထားကြောင်း သိရှိရသည်။

ရွှေနတ်တလင်းသားကုမ္ပဏီကို တည်ထောင်ပြီးဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် တိုင်းဒေသကြီးတင်ဒါများ မြို့နယ်စည်ပင်တင်ဒါများ လျှောက်ထားနေသည်ဟု တိုင်ကြားသူဦးသန်စင်ထက်ကဆိုသည်။
တိုင်ကြားသူ ဦးသန့်စင်ထက်သည် အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နတ်တလင်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်‌ ‌‌ေဟာင်း တစ်ဦးဖြစ်ပြီး မြို့နယ်လူငယ်တာဝန်ခံ ၁ အဖြစ် ပါတီမှတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
ကိုယ်စားလှယ်များ ပါတီတာဝန်ရှိသူများ ပါဝင်နေခြင်းကြောင့် တင်ဒါအရည်အသွေး စိစစ်အတည်ပြုရာတွင်
ကိုယ်စားလှယ်များက စိစစ်ပြီးအတည်ပြုသတ်မှတ်ပေးရသောကြောင့် မသမာမှာများဖြစ်လာနိုင်သည့်အတွက်
ပါတီဗဟိုဌာနချုပ်မှ တင်ဒါလုပ်ငန်များတွင် ပါတီတာဝန်ရှိသူများမပါဝင်ရန် အတိအလင်းညွှန်ကြားထားသည်ဟု ဦးသန့်စင်ထက်က၎င်း၏တိုင်စာတွင်ဖော်ပြထားကြောင်း သိရှိရသည်။

ဒီနှစ်မှစထောင်တာပါ အခုထိတောတင်ဒါလုပ်ငန်းတွေမရသေးဘူး စည်ပင်တင်ဒါတော့ဝင်ပြိုင်ထားတယ်လို့စည်ပင်ကသူတွေပြောတယ်ဟု ဦးသန်စင်ထက်ကဆိုသည်။ ညွှန်ကြားချက်များကို ဖောက်ဖျက်နေသည်ဟုဆိုပါတီစည်းမျဉ်းစည်းကမ်းများနှင့်အညီအရေးယူပေးနိုဝင်ဘာ ၁၅ ရက် နေ့တွင်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။
<zawgyi>
တင်ဒါလုပ်ငန်းများကို ကုမ္ပဏီထောင်၍ လုပ်ကိုင်နေသည့် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် NLD အလုပ်အမှုဆောင်တို့အား တိုင်ကြားခံရ
Thursday, December 5 , 2019

အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နတ်တလင်းမြို့နယ်အလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးခင်မောင် ဦးအောင်ဆန်းလင်းတို့သည် ရွေနတ်တလင်းသားဆိုသည့် ကုမ္ပဏီကိုတည်ထောင်ကာ ဆောက်လုပ်ရေးတင်ဒါများ လေလံဆွဲမှုများပြုလုပ်နေခြင်း နတ်တလင်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ တိုင်းဒေသကြီး လွှတ်တော်ကိုယ် ဦးမောင်မောင်ဦး နှင့် နတ်တလင်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးခင်အေး တို့သည့်နောက်ကွယ် မှကူညီဆောင်ရွက်မှုများပြုလုပ်နေသည်ဟုဆိုကာ အရေးယူပေးရန် ရေစီအဖွဲ့ချုပ်ပါတီဗဟိုစည်းကမ်းထိန်းသိမ်းရေးသို့ တိုင်ကြားထားကြောင်း သိရှိရသည်။
ရွှေနတ်တလင်းသားကုမ္ပဏီကို တည်ထောင်ပြီးဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် တိုင်းဒေသကြီးတင်ဒါများ မြို့နယ်စည်ပင်တင်ဒါများ လျှောက်ထားနေသည်ဟု တိုင်ကြားသူဦးသန်စင်ထက်ကဆိုသည်။
တိုင်ကြားသူ ဦးသန့်စင်ထက်သည် အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နတ်တလင်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်‌ ‌‌ဟောင်း တစ်ဦးဖြစ်ပြီး မြို့နယ်လူငယ်တာဝန်ခံ ၁ အဖြစ် ပါတီမှတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
ကိုယ်စားလှယ်များ ပါတီတာဝန်ရှိသူများ ပါဝင်နေခြင်းကြောင့် တင်ဒါအရည်အသွေး စိစစ်အတည်ပြုရာတွင်
ကိုယ်စားလှယ်များက စိစစ်ပြီးအတည်ပြုသတ်မှတ်ပေးရသောကြောင့် မသမာမှာများဖြစ်လာနိုင်သည့်အတွက်
ပါတီဗဟိုဌာနချုပ်မှ တင်ဒါလုပ်ငန်များတွင် ပါတီတာဝန်ရှိသူများမပါဝင်ရန် အတိအလင်းညွှန်ကြားထားသည်ဟု ဦးသန့်စင်ထက်က၎င်း၏တိုင်စာတွင်ဖော်ပြထားကြောင်း သိရှိရသည်။

ဒီနှစ်မှစထောင်တာပါ အခုထိတောတင်ဒါလုပ်ငန်းတွေမရသေးဘူး စည်ပင်တင်ဒါတော့ဝင်ပြိုင်ထားတယ်လို့စည်ပင်ကသူတွေပြောတယ်ဟု ဦးသန်စင်ထက်ကဆိုသည်။ ညွှန်ကြားချက်များကို ဖောက်ဖျက်နေသည်ဟုဆိုပါတီစည်းမျဉ်းစည်းကမ်းများနှင့်အညီအရေးယူပေးနိုဝင်ဘာ ၁၅ ရက် နေ့တွင်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment