Tuesday, December 3, 2019

RCSS/SSA အဖွဲ့ မှ ဆက်ကြေးကောက်ခံနေသူတစ်ဦးအား ဖမ်းဆီး

Image may contain: outdoor

လားရှိုးမြို့နယ်အတွင်း RCSS/SSA အဖွဲ့ မှ ဆက်ကြေးကောက်ခံနေသူတစ်ဦးအား ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာနေ ဦးကျော်မြင့်ထံသို့ ဆက်ကြေးငွေ ၁၅ သိန်းအား လားရှိုးမြို့၊ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၁၃)၊ သိန်းနီလမ်းရှိ ယုံဟော် စားသောက်ဆိုင်ရှေ့၌ လာရောက်ပေးဆောင်ရန် ဖုန်းဖြင့်ခြိမ်းခြောက် တောင်းဆိုကြောင်း သတင်း အရ ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က သွားရောက်စစ် ဆေးရာ RCSS/SSA အဖွဲ့မှ ဆက်ကြေးတာဝန်ခံ သူရအောင်(ဘ)ဦးစိုးဝင်းအား ဆက်ကြေး ကောက်ခံသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသူအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
<zawgyi>
RCSS/SSA အဖွဲ့ မှ ဆက်ကြေးကောက်ခံနေသူတစ်ဦးအား ဖမ်းဆီး
Wednesday,December 4 ,2019

လားရှိုးမြို့နယ်အတွင်း RCSS/SSA အဖွဲ့ မှ ဆက်ကြေးကောက်ခံနေသူတစ်ဦးအား ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာနေ ဦးကျော်မြင့်ထံသို့ ဆက်ကြေးငွေ ၁၅ သိန်းအား လားရှိုးမြို့၊ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၁၃)၊ သိန်းနီလမ်းရှိ ယုံဟော် စားသောက်ဆိုင်ရှေ့၌ လာရောက်ပေးဆောင်ရန် ဖုန်းဖြင့်ခြိမ်းခြောက် တောင်းဆိုကြောင်း သတင်း အရ ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က သွားရောက်စစ် ဆေးရာ RCSS/SSA အဖွဲ့မှ ဆက်ကြေးတာဝန်ခံ သူရအောင်(ဘ)ဦးစိုးဝင်းအား ဆက်ကြေး ကောက်ခံသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိသူအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment