Tuesday, July 8, 2014

Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာအဖွဲ့ကို ခေါ်ယူစစ်ဆေးပြီး တိုက်ပိုင်ကွန်ပျူတာနှင့် စာရွက်စာတမ်းများ သိမ်းယူ


Bi မွန်းတည့်နေဂျာနယ်ကို တွေ့ရစဉ်

Bi မွန်းတည့်နေ ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း သတင်းဖော်ပြမှုကြောင့်ဂျာနယ်တာဝန်ခံ အယ်ဒီတာနှင့် အယ်ဒီတာနှစ်ဦးကို သတင်းတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး တိုက်ပိုင် ကွန်ပျူတာများကို သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ဇူလိုင် ၈ ရက် ညဥ့်သန်းခေါင်ယံ ၁၂ နာရီခွဲတွင် အယ်ဒီတာကိုကော့မှူးနှင့် ကိုဝင်းတင်တို့ကို ပန်ဆိုးတန်းသတင်းတပ်ဖွဲ့ရုံးခန်း သို့ ခေါ်ယူစစ်ဆေးခဲ့ပြီး နံနက် ၄ နာရီတွင် တာဝန်ခံအယ်ဒီတာ ကိုအောင်သန့်ကို ထပ်မံခေါ်ယူ သွားပြီးနောက် မည်သည့်အ ဆက် အသွယ်မှမရတော့ကြောင်း Bi မွန်းတည့်နေဂျာနယ်၏ သတင်းထောက်ချုပ်ကို သိန်းမင်းအောင် ကပြောသည်။

‘‘တစ်ယောက်ချင်းခေါ်သွား တာ။ အခုနောက်ဆုံးမနက် လေး နာရီမှာ တာဝန်ခံအယ်ဒီတာ ကို အောင်သန့်ပါသွားတယ်။ အခု အဆက်အသွယ်မရတော့ဘူး။ မနေ့က (ဇူလိုင် ၇) မှာပါသွားတဲ့ ကြားဖြတ်အစိုးရသတင်းကို ခေါ် စစ်တာပါ။ ကျွန်တော်တို့က ဒီ ထုတ်ပြန်ချက်ကို ဇူလိုင် ၅ ရက် နေ့ညနေကတည်းက ရထားတယ်။ အချက်အလက်လည်း ခိုင်ခိုင်မာ မာရှိထားတဲ့အတွက် ထည့်လိုက် တာဖြစ်ပါတယ်’’ဟု ၎င်းက ဇူ လိုင် ၈ ရက် မွန်းလွဲပိုင်းတွင် 7 Day သို့ပြောသည်။

ထို့အပြင် Bi မွန်းတည့်နေ ဂျာနယ်တိုက်ကို ဇူလိုင် ၈ ရက် မွန်းလွဲ ၁ နာရီတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် လာရောက်ရှာဖွေစစ် ဆေးခဲ့ပြီး ကွန်ပျူတာသုံးလုံး၊ ပရင်တာ တစ်လုံး၊ Network ချိတ်ဆက်သည့် ဘောက်တစ်ခု၊ မွန်းတည့်နေဂျာနယ်နှင့် အခြား သတင်းဌာနများ၏ စာချုပ်စာ တမ်းများနှင့် ဂျာနယ် Letter Headပါ စာရွက်များကို သိမ်းဆည်း သွားကြောင်း သတင်းထောက် ချုပ် ကိုသိန်းမင်းအောင်ကပြော သည်။

‘‘အခုသတင်းပါတဲ့ ဂျာနယ် ဖိုင်တွေပါတဲ့ ကွန်ပျူတာတွေ အကုန်သိမ်းသွားတာပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီးလည်း တိုက်မှာ ကျန်တဲ့သူတွေကို စစ်ဆေးမေးမြန်းသွားတယ်။ သူတို့က ဘယ်တပ်ဖွဲ့ကလဲဆိုတာ မပြောဘူး။ ကျွန်တော်တို့ကိုစစ်နေတုန်းမှာပဲ သူတို့ပြောစကားထဲမှာ ပန်းဘဲတန်းစခန်းလို့လည်းပြောပါတယ်။ ဖုန်းတွေအချင်းချင်းဆက်ပြီး တစ်ဖက်က ညွှန်ကြားချက်ပေးနေတာတွေလည်း ကြားရတယ်။ ရဲမှူးလို့လည်းပါတယ်။ Locker တစ်ခုဆိုသော့ပျောက်နေတာကို ရိုက်ဖွင့်ခိုင်းပြီး အထဲက စာရွက်တွေထဲက သူတို့လိုချင်တာယူသွားတာပါ’’ဟု ၎င်းက ဆိုသည်။

ဇူလိုင် ၄ ရက်ထုတ် Bi မွန်း တည့်နေဂျာနယ်မျက်နှာဖုံးနှင့်စာ မျက်နှာ ၂ တို့တွင် ‘‘ဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် တင် မြှောက်ကြောင်း M.D.C.F ထုတ် ပြန်’’ ခေါင်းစဉ်ဖြင့် သတင်းဖော် ပြထားမှုမှာ အစိုးရအပေါ်အကြည်ညိုပျက်စေပြီး တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်သဖြင့် အရေးယူမည်ဖြစ်ကြောင်း အစိုးရက ဇူလိုင် ၈ ရက်ထုတ် သတင်းစာများတွင် သတင်းထုတ်ပြန်ခဲ့သည်။

‘‘ကြေညာချက်ထုတ်တဲ့ သတင်းနဲ့ ပတ်သက်ပြီး ဒီနေ့ အစိုးရသတင်းစာတွေမှာပါတဲ့ အတိုင်း သက်ဆိုင်ရာအဖွဲ့အ စည်းက အရေးယူဆောင်ရွက် တာဖြစ်တယ်။ အသေးစိတ်တော့ မသိရသေးပါဘူး’’ဟု သတင်း တပ်ဖွဲ့မှ ရဲအုပ်စိုးနိုင်ကပြောသည်။

ဇူလိုင် ၇ ရက်နေ့ နံနက်က မြို့တော်ခန်းမရှေ့တွင် ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားသူများအင်အားစုအဖွဲ့ MDCF က လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတအဖြစ် ရွေး ချယ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားဒီမိုကရေစီအင် အားစုများကို ကြားဖြတ်အစိုးရ အဖြစ် တင်မြှောက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း ယင်းအဖွဲ့ မှ ဦးကျော်လွင်ကပြောသည်။

Biမွန်းတည့်နေဂျာနယ် အယ်ဒီတာအဖွဲ့ကို သာမက ကြေညာချက်ထုတ်ပြန်ခဲ့သည့် ဒီ မိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှား သူများအင်အားစု (MDCF) မှ ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင် နောင်ကို ဇူလိုင် ၈ ရက် နံနက် ၁ နာရီခွဲက သတင်းတပ်ဖွဲ့က ကြေ ညာချက်များ၊ လက်ကမ်းစာ စောင်များကိုပါ သိမ်းဆည်း၍ ခေါ်ဆောင်သွားကြောင်း ယင်း အင်အားစုမှ ဦးကျော်လွင်က ၎င်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားသူများအင်အားစု (MDCF) မှာ ကုန်ဈေးနှုန်းကျဆင်းရေး၊ မီတာခကျဆင်းရေး၊ လယ်သမားအရေးတို့တွင် တောင်းဆိုဆန္ဒပြခဲ့သော ကိုထင်ကျော် ဦးဆောင်သည့်အဖွဲ့ဖြစ်သည်။ ၎င်းသည်ပြီးခဲ့သည့်လက စီမံအုပ်ချုပ်မှုညံ့ဖျင်းသော ပြည်ထောင်စုအစိုးရကို ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား အစိုးရအဖြစ် ရွေးချယ်တင်မြောက်ကြရန် လက်ကမ်းစာရွက်များ ဖြန့်ဝေခဲ့ သူလည်းဖြစ်သည်။

ထို့ကြောင့် ကိုထင်ကျော်ကို အစိုးရက အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆို ထားသည်။

ယခုကြေညာချက်တွင် အ ချက်သုံးချက်ပါဝင်ပြီး ယနေ့အစိုး ရသည် အလုပ်လက်မဲ့နှင့် ကုန် ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်သမား များပြဿနာ၊ တရာစီရင်ရေးနှင့် အုပ်ချုပ်ရေးတွင် ညံ့ဖျင်းမှုများရှိ နေခြင်း၊ လယ်ယာမြေပြဿနာ များကို မဖြေရှင်းပေးဘဲ ကိုယ် ကျိုးစီးပွားကိုသာ ကာကွယ်နေ ခြင်းတို့ကြောင့် လက်ကျန်ပြည် ထောင်စုအစိုးရသက်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း ရင်းသားဒီမိုကရေစီအင်အားစု များအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်လိုက် သည်ဟု ကြေညာချက်တွင် ဖော် ပြသည်။

နိုင်ငံတော်လုံခြုံရေးကိုမူ အားဖြင့် လက်ခံသော်လည်း ယူန တီ၊ Bi မွန်းတည့်နေ စသည့်တို့ တွင် ရေးသားထားသည့် သတင်းများမှာ နိုင်ငံတော်နှင့် အစိုးရအပေါ်မည်သို့ထိခိုက်စေကြောင်း သက် သေတစ်စုံတစ်ရာမပြသခဲ့ဘဲ သတင်းထောက်နှင့် အယ်ဒီတာများကို ဖမ်းဆီးခြင်း၊ ဂျာနယ်တိုက် ပစ္စည်းများသိမ်းဆည်းခြင်းမှာ အစိုးရက စာနယ်ဇင်းအဖွဲ့အစည်းများကို ဂရုမစိုက်ခြင်းမှာထင်ရှားကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

‘‘ယူနတီပဲဖြစ်ဖြစ်၊ အခုမွန်း တည့်နေပဲဖြစ်ဖြစ် အဓိက သတင်းတွေဟာ အစိုးရနဲ့ နိုင်ငံတ်ာကို ထိ ခိုက်လို့ နိုင်ငံတော်လုံခြုံရေးအရ ဆိုပြီး အကြောင်းပြတယ်။ ဒါပေ မဲ့ဘယ်လိုထိခိုက်တယ်ဆိုတာကို သက်သေတစ်စုံတစ်ရာမတွေ့ရ ဘူး။ စာနယ်ဇင်းကောင်စီရှိရဲ့သားနဲ့ အာဏာပိုင်က ၀င်ပြီး ဒီလိုသိမ်းတယ်၊ ဖမ်းတယ်ဆိုတာ အရင်ခေတ်က သဘောအတိုင်းပဲ ဖြစ်နေတယ်။ အစိုးရနဲ့ ၀န်ကြီး ဌာနတွေဟာ မီဒီယာကို ဂရုမ စိုက်တာထင်ရှားတယ်’’ဟု ၎င်းက ဆိုသည်။


7Day Daily

0 comments:

Post a Comment