Friday, July 18, 2014

ဘာစီလိုနာတွင် မက်ဆီတာဝန်ယူ ကစားရသောနေရာ အပြောင်းအလဲ ဖြစ်လာဖွယ်ရှိ


ဘာစီလိုနာ နည်းပြသစ် လူးဝစ်အန်ရီကေး လက်ထက်တွင် လီယွန်နယ်လ် မက်ဆီအနေဖြင့် နေရာပြောင်းရွှေ့ ကစားရဖွယ် ရှိနေကြောင်း သိရှိရသည်။

စပိန်မီဒီယာများက အန်ရီကေးသည် မက်ဆီကို ယခင်အသုံးပြုနေကျ တိုက်စစ်တွင် မထားတော့ဘဲ အသစ်ရောက်ရှိလာသည့် လူးဝစ်ဆွာရက်ဇ်နှင့် နေမာတို့ကို တိုက်စစ်မြားဦးတွင် တင်ထားပြီး မက်ဆီက ကွင်းလယ်တိုက်စစ်မှ ချိတ်ဆက် ပံ့ပိုးပေးရန် ပြောင်းလဲ နေရာချဖွယ် ရှိနေကြောင်း ဖော်ပြခဲ့ကြသည်။ မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင် အသင်းတွင် ဂွန်ဇာလို ဟီဂူရင်းကို ပံ့ပိုးကစားပေးခဲ့သော်လည်း အန်ရီကေးကမူ မက်ဆီကို ကွင်းလယ်ပိုင်းတွင် ပိုမိုအားပြုရန် လိုလားဖွယ် ရှိသည်။အန်ရီကေးသည် ဘာစီလိုနာကို တိုက်စစ်မှူးနှစ်ဦး ရှေ့တင်ကစားသည့် ပုံစံမျိုး ပြောင်းလဲ ခင်းကျင်းရန် လျာထားပြီး ထို့အတွက်ကြောင့်လည်း အလက်ဆစ် ဆန်းချက်ဇ်ကို ရောင်းထုတ်ကာ တိုက်စစ်ကစားသမား စစ်စစ်ဖြစ်သည့် ဆွာရက်ဇ်ကို လီဗာပူးလ်ထံမှ ပြန်လည် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းက တိုက်စစ်တွင် ဆွာရက်ဇ်နှင့် နေမာတို့ကို ပေါင်းစပ်ပေးခြင်းက အကောင်းဆုံး အခင်းအကျင်း ဖြစ်လိမ့်မည်ဟု ယူဆနေသည်။ သို့သော်လည်း ဆွာရက်ဇ်သည် FIFA၏ ကာလရှည် ပွဲပယ်ပြစ်ဒဏ် ကျခံထားရခြင်းကြောင့် ဘာစီလိုနာ အနေဖြင့် ရာသီအစပိုင်းတွင် အဆိုပါ တိုက်စစ်အခင်းအကျင်းကို လက်တွေ့ အသုံးချနိုင်ဦးမည် မဟုတ်ချေ။

Ref: Daily Mail
Soccer Myanmar

0 comments:

Post a Comment