၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကိုကိုကြီး(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ပြည်တွင်းစစ်သည် ဗမာ နှင့် အခြားတိုင်းရင်းသားများကြား ဖြစ်ပွားနေခြင်းမဟုတ်ဘဲ အာ ဏာရှင်စနစ်ကြောင့် ဖြစ်ပွားနေရ ခြင်းဆိုသည်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င်ပြည် သူအားလုံးက အလေးအနက်ထား စေချင်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ထောက်ပြပြော ဆိုလိုက်သည်။ဇူလိုင် ၉ ရက်က ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း လူထုပါဝင် နိုင်မှု ဆွေးနွေးပွဲ၌ ဦးကိုကိုကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက် ၍ တပ်မတော်က ချမှတ်ထားသော မူဝါဒခြောက်ချက်မှာလည်း နိုင်ငံ တော်၏ သဘောထားဟု သတ် မှတ်၍ မရကြောင်း ဆွေးနွေးပြော ကြားခဲ့သည်။
‘‘ဒီမိုကရေစီရဲ့ ပြဿနာ ဟာ တိုင်းရင်းသားတန်းတူညီမျှရေး၊ ပြည်တွင်းစစ်ပြဿနာနဲ့ ခွဲခြားပြီး စဉ်းစားလို့မရဘူး။ ဘာကြောင့် လဲဆိုတော့ ဒီမိုကရေစီဟာ ကိုယ်စားပြုမှုဖြစ်တယ်။ ဒီမိုကရေစီ မရှိသမျှ ကာလပတ်လုံးမှာ အစိုးရ သည် ပြည်သူကို ကိုယ်စားမပြု ဘူး။ ဒါဆိုရင် အစိုးရတွေက စစ်တိုက်နေခြင်းဟာ ပြည်သူတွေက ဗမာတွေက စစ်တိုက်နေတာ မ ဟုတ်ဘူး။ အဲဒါ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ကြားမှာ ရှင်းရှင်းပြတ်ပြတ်ဖြစ်ဖို့ လိုတယ်’’ ဟု ဦးကိုကိုကြီးက ပြောသည်။
နိုင်ငံရေးနည်းလမ်းအရ အ စိုးရတစ်ရပ် မပေါ်ပေါက်မချင်း အစိုးရအဆက်ဆက် စစ်တိုက် နေခြင်းသည် ဗမာလူမျိုးများက စစ်တိုက်နေခြင်းမဟုတ်ကြောင်း နှင့် အာဏာရှင်စနစ်၏ဒဏ်ကို ဗမာလူမျိုးပါ ခံစားခဲ့ရကြောင်း ဦးကိုကိုကြီးက ဆက်လက်ပြော သည်။
‘‘ဗမာတွေလည်း ကော့နေ အောင် ခံရတာပဲ။ ကျွန်တော်တို့ ဆိုလည်း ထောင်ထဲမှာ ဆယ်စုနှစ် နှစ်ခုနီးပါးလောက် နေခဲ့ရတယ်။ ဗမာမို့လို့ ချမ်းသာမပေးဘူး။ တိုင်းရင်းသားမို့လို့ လုပ်နေတာ မဟုတ်ဘူး။ ဖြစ်နေတာက အာ ဏာရှင်စနစ်ဆိုတာ သူ့အာဏာ ကို လာဆန့်ကျင်တဲ့ ထိခိုက်တဲ့ သူမှန်သမျှကို လူမျိုးမရွေး၊ ဘာ သာမရွေး ချေမှုန်းတယ်’’ဟု ဆို သည်။
ယင်းအချက်ကို ပြည်တွင်း စစ်ဖြေရှင်းရာတွင် တိုင်းရင်းသား ခေါင်းဆောင်များအပါအ၀င် ပြည်သူအားလုံးက လေးလေးနက် နက် သိမြင်လာအောင်ပြုလုပ် ခြင်းသည် ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ပြည်သူများပါဝင်လာခြင်း ၏ အရေးကြီးသည့် အချက်ဖြစ် ကြောင်း ဦးကိုကိုကြီးက ထောက် ပြဆွေးနွေးသည်။
တစ်ကျော့ပြန် ကချင်စစ် ပွဲကာလအတွင်းတွင်လည်း လူ မျိုးရေးကို အခြေခံသည့် လှုံ့ဆော် ရေးသားမှုများ၊ ၀ါဒဖြန့်မှုများမှာ ဗမာနှင့်ကချင် နှစ်ဖက်စလုံးမှ အင်တာနက်လူမှုကွန်ရက်စာမျက်နှာ အချို့တွင် ထွက်ပေါ်ခဲ့သည်။ ကချင်အပါအ၀င် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ယင်းကဲ့သို့ လူမျိုးရေးဝါဒဖြန့်ချိရေး သားမှုများမှာ အဟန့်အတားဖြစ် စေကြောင်းလည်း ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။
‘‘လူဦးရေ အများဆုံးက ဗမာ ၆၅၊ ၇၀ ရာခိုင်နှုန်းလောက် ရှိ တယ်ဆိုရင် ဒီမိုကရေစီပြဿနာ ဟာ စစ်ဘက်၊ အရပ်ဘက်ဆက် ဆံရေးပြဿနာ စစ်တပ်က နိုင်ငံ တော်အာဏာကို နှစ်ပေါင်းများ စွာ ရာစုနှစ်တစ်ဝက်လောက် ထိန်းသိမ်းထားတဲ့ အခြေအနေကို ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲကို ရောက်အောင်ကြိုးစားနေတဲ့ ကာလမှာ အဲဒီဗမာ၊ ဗမာပဋိပက္ခဟာ လူဦးရေအားလုံးရဲ့ ၆၅၊ ၇၀ ရာခိုင်နှုန်းလောက် ရင်ဆိုင် နေရတဲ့ပြဿနာ၊ တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာထက် မနိမ့်ဘူးဆိုတာ ကျွန်တော်တို့က အလေးအနက်ထားစေ ချင်တယ်။ အဲဒါမှ ဒီပြည်တွင်းစစ် ကိစ္စသည် တိုင်းရင်းသားချင်း ဖြစ်နေတာ မဟုတ်ဘူး။ ဗမာနဲ့ ကချင်နဲ့ ဗမာနဲ့ ရှမ်းနဲ့ ဖြစ်နေ တာမဟုတ်ဘူးဆိုတဲ့ အခြေအနေ ရောက်အောင် နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ အစိုးရပေါ်ပေါက် လာဖို့ ဒီမိုကရေစီအရေးကြိုးပမ်း မှုနဲ့ တိုင်းရင်းသားတန်းတူညီမျှ ရေး သီးခြားစီခွဲပြီး စဉ်းစားလို့ မရ ဘူးဆိုဟာ ဒီConcept၊ ဒီအယူ အဆ ဒါကိုခိုင်ခိုင်မာမာဖြစ်ဖို့လို တယ်လို့ ဒါကိုဆွေးနွေးချင်တယ်’’ ဟု ဦးကိုကိုကြီးက ဆက်လက် ပြောသည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တပ်မတော်က ချမှတ်ထားသည့် မူဝါဒ ခြောက် ချက်နှင့်ပတ်သက်၍လည်း ‘‘စစ် တပ်ရဲ့ သဘောထားကို နိုင်ငံ တော်ရဲ့သဘောထားလို့ သတ် မှတ်လို့ မရဘူး။ ဒါကျွန်တော်တို့ အရေးကြီးတယ်’’ ဟု ဦးကိုကိုကြီး က ထည့်သွင်းဆွေးနွေးသည်။
စစ်တပ်အနေဖြင့် တပ်မ တော်သားများကိုသာ ယင်းမူဝါဒ အတိုင်း လိုက်နာရန် အမိန့်ပေး၍ ရပြီး နိုင်ငံတော်အဆင့်ဖြစ်စေရန် မှာမူ ဥပဒေပြဋ္ဌာန်းရန် လိုအပ် ကြောင်း ဆက်လက်ပြောသည်။
‘‘တကယ့် တကယ်က နိုင်ငံ တော်အဆင့်ဖြစ်ဖို့ဆိုရင် ဥပမာ လွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီး တော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက် တဲ့ မူဝါဒတွေက ဒီလိုဖြစ်ရမယ်။ အစရှိသည်ဖြင့် ဒီလိုဖြစ်မှ ကျွန် တော်တို့က ဒါနိုင်ငံတော်ရဲ့ မူဝါဒ လို့ ကျွန်တော်တို့သတ်မှတ်လို့ရ တယ်’’ ဟု ဦးကိုကိုကြီးက ထည့် သွင်းဆွေးနွေးခဲ့သည်။
တပ်မတော်၏ ငြိမ်းချမ်းရေး နှင့် ပတ်သက်သော မူဝါဒခြောက် ချက်တွင် နိုင်ငံတော်က ထုတ်ပြန် ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် တို့တာဝန်အရေးသုံး ပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေဖြင့် ဒီမိုကရေစီလျှောက် လှမ်းနေမှုတွင်လိုက်ပါရန် စသည့် အချက်များ ပါဝင်သည်။
Wednesday, July 9, 2014
ပြည်တွင်းစစ်သည် ဗမာနှင့်အခြားတိုင်းရင်းသားများကြား ဖြစ်ပွားနေခြင်းမဟုတ်ဟု ဦးကိုကိုကြီး ပြောကြား
7Day Daily
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment