Tuesday, July 8, 2014

စစ်ကိုင်းတိုင်းအတွင်း ၄၃၆ ဟောပြောပွဲ လေးခွဖြင့် ပစ်ခတ်နှောင့်ယှက်ခံရဟုဆို


ပုဒ်မ(၄၃၆)ပြင်ဆင်ရေးဟောပြောပွဲကျင်းပနေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ နယ် မန်ကျည်းတုံကျေးရွာတွင် ပုဒ် မ ၄၃၆ ပြင်ဆင်ရေးဟောပြော ပွဲကို လေးခွဖြင့်ပစ်ခတ်နှောင့် ယှက်ခြင်းခံရပြီး ဟောပြောပွဲရပ် တန့်ခဲ့ရကြောင်း သတင်းရရှိ သည်။

ဇူလိုင် ၆ ရက် ညနေ ၅ နာရီ ကျော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို မန်ကျည်းတုံကျေးရွာ၌ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်နေချိန်တွင် ယင်း ကဲ့သို့နှောင့်ယှက်ခြင်းခံရပြီး ခုနစ်ဦးခန့် လောက်လေးခွဒဏ်ရာရရှိ ကာ ပွဲရပ်တန့်ခဲ့ရကြောင်း ယင်း ဟောပြောပွဲဦးဆောင်သူများက ပြောသည်။

‘‘ဟောပြောဖို့ နှစ်ယောက် ကျန်နေတုန်း အမှောင်ဝင်လာခါ စမှာ ပစ်ခံရတာပါ။ အတိအကျ မမြင်ရတော့ ဘယ်သူဘယ်ဝါ ဆိုတာတော့ ပြောလို့မရဘူး။ ဒါ ပေမဲ့ နောက်က စီစဉ်သူ ရှိတယ် လို့ ယူဆပါတယ်’’ဟု ခင်ဦးမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းကပြောသည်။

လောက်လေးခွဖြင့် ၀ိုင်းဝန်း ပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦး၊ အမျိုးသမီး သုံးဦးအပါအ ၀င် ခုနစ်ဦးခန့်ဒဏ်ရာရခဲ့ပြီး နှစ် ဦးမှာ ဦးခေါင်းနှင့်မျက်နှာတွင် ပေါက်ပြဲဖူးရောင်ဒဏ်ရာများရခဲ့ သည်ဟု ဦးတင်ဝင်းက ဆက်လက်ပြောသည်။

နှောင့်ယှက်ခံရမှုကြောင့် ပွဲရပ်နားခဲ့ပြီး ခင်ဦးရဲတပ်ဖွဲ့သို့ သွားရောက်၍ စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦး ညွန့်အောင်က တရားလိုပြုလုပ် တိုင်ချက်ဖွင့်ခဲ့ကြောင်း ဦးတင် ၀င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ခင်ဦးရဲစခန်းသို့ ဆက်သွယ်မေး မြန်းရာ ဖြစ်စဉ်မှန်ကန်ပြီး နှစ် ဦးမှာ ဖူးရောင်ဒဏ်ရာရရှိခဲ့ကာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။ဦးတင်ဝင်းက ဆက်လက်၍ ‘‘တရားဝင်ခွင်ပြုမိန့်နဲ့ ပြုလုပ်ခဲ့ တာပါ။ ဒီလိုဖြစ်တာ တရားဥပ ဒေစိုးမိုးမှုအားနည်းတယ်လို့ ထင် ပါတယ်’’ဟု ပြောသည်။


7Day Daily

0 comments:

Post a Comment