Thursday, July 17, 2014

အားလပ်ရက်မှာ လည်စရာ - အာဇာနည်နေ့မှာ ဘယ်နေရာတွေ လေ့လာမလဲ


ဓာတ်ပုံ− ကျော်ဇင်သန်း

ဒီတစ်ပတ်ရဲ့ အလုပ်ပိတ်ရက်၊ ကျောင်းနားရက်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်နေ့တစ်ခုနဲ့ တိုက်ဆိုင်နေပါတယ်။ အဲဒီနေ့ကတော့ မြန်မာနိုင်ငံကို တိုင်းတစ်ပါး လက်အောက်ကနေ လွတ်လပ်ရေးရရှိနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေါင်းဆောင်ကိုးဦး ကျဆုံးခဲ့ရတဲ့ ဇူလိုင်၁၉ ရက် အာဇာနည်နေ့ ဖြစ်ပါ တယ်။လွန်ခဲ့တဲ့ ၆၇ နှစ်က မိုးဖွဲဖွဲ ကျနေတဲ့ ဇူလိုင် ၁၉ ရက်မှာ ဗိုလ် ချုပ်အောင်ဆန်းအပါအ၀င် အာ ဇာနည်ခေါင်းဆောင်တွေကို မလို လားသူ လူတစ်စုက လုပ်ကြံခဲ့ကြ ပါတယ်။ အဲဒီလို နိုင်ငံတော်လုပ် ကြံမှုကြီး ဖြစ်ခဲ့တဲ့နေ့ကို မြန်မာ ပြည်သူပြည်သားတွေ မမေ့လျော့ ရအောင် အာဇာနည်နေ့လို့ သတ် မှတ်ပြီး အများပြည်သူ ရုံးပိတ် ရက်တစ်ရက် အနေနဲ့ မြန်မာ ပြက္ခဒိန်များမှာ ထည့်သွင်းခဲ့ပါ တယ်။ အဲဒါကြောင့် (၆၇) ကြိမ် မြောက် အာဇာနည်နေ့ပိတ်ရက် မှာ အာဇာနည်ခေါင်းဆောင်ကြီး များ ဂူဗိမာန်ထားရှိရာ အာဇာနည် ကုန်းကိုသွားရောက် ဂုဏ်ပြုရင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက် တဲ့ အမှတ်တရ နေရာများကို လေ့လာနိုင်ဖို့ ညွှန်ပြလိုက်ပါတယ်။

အာဇာနည်ကုန်း

ရွှေတိဂုံဘုရား မြောက်ဘက် မုခ် သွေးဆေးကန်အနီးမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင် ခုနစ်ဦး တို့ကို ထားရှိတဲ့ အထိမ်းအမှတ် ဂူဗိမာန်ကို အာဇာနည်နေ့မှာ သွားရောက် အလေးပြုသင့်တဲ့ နေရာတစ်ခုပါ။ အာဇာနည်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ကိုတော့ တာမွေအ၀ိုင်းအနီး တာမွေလမ်းပေါ်ရှိ အစ္စလာမ်ဘာသာသင်္ချိုင်းမှာ အထိမ်းအမှတ်အဖြစ် မြှုပ်နှံထားပါတယ်။

အဲဒီနေ့မှာ နိုင်ငံတော်အကြီး အကဲတွေ၊ အစိုးရအဖွဲ့အစည်း တွေ၊ နိုင်ငံတကာသံရုံးတွေက သံ အမတ်တွေစတဲ့ လူကြီးများက မနက်စောစောပိုင်းမှာ လာရောက်ဂါရ၀ပြုကြတာမို့ သွားရောက် ဂုဏ်ပြုလိုသူတွေအတွက် နေ့လယ်၁၂ နာရီနောက်ပိုင်း သွားရောက် အလေးပြုမယ်ဆိုရင် သင့်တော် မယ်ထင်ပါတယ်။ အဲဒီနေ့မှာ အာဇာနည်ကုန်းကို လာရောက်ဂါရ၀ပြုသူတွေ များနိုင်ပေမယ့် လည်း မည်သူမဆို လွတ်လပ်စွာ အလှည့်ကျ ၀င်ရောက်ဂါရ၀ပြု နိုင်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်

ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အထိ)နေထိုင် ခဲ့တဲ့ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)မှာရှိတဲ့ အိမ်ကိုပြတိုက်အဖြစ် ပြုလုပ်ကာ ဗိုလ်ချုပ်အောင်ဆန်းသက်ရှိ ထင်ရှားရှိခဲ့စဉ်က အသုံးပြုခဲ့တဲ့ ပစ္စည်း တွေနဲ့ မိသားစုဝင်များရဲ့ ပစ္စည်း တွေကို ထိန်းသိမ်းပြသထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သွားရောက်လေ့လာဖို့ ညွှန်ပြလိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနေ ထိုင်ခဲ့တဲ့ အိမ်ကို ၁၉၆၀ ပြည့်နှစ် ကတည်းက ပြတိုက်အဖြစ် သတ် မှတ်ကာ အများပြည်သူများ ၀င် ရောက်လေ့လာနိုင်အောင် ဖွင့် လှစ်ပေးထားခဲ့ပါတယ်။ ဗိုလ်ချုပ် ပြတိုက်မှာတော့ ၀င်ဝင်ချင်း ဗိုလ် ချုပ်အောင်ဆန်းရဲ့ ပုံတူကြေးရုပ် ကို အမှတ်တရထားရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပြတိုက်ထဲမှာတော့ အောက်ထပ်မှာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုနေထိုင်စဉ်က အသုံးပြု ခဲ့တဲ့ ပရိဘောဂများ၊ ရေဒီယို များကို ပြသထားပြီး မိသားစု ထမင်းစားခန်းနဲ့ အစည်းအဝေး ခန်းတို့ကိုလည်း လေ့လာတွေ့ရ မှာ ဖြစ်ပါတယ်။ ထမင်းစားခန်း မှာ ရှေးခေတ်ပုဂံခွက်ယောက် တွေကို လေ့လာနိုင်မှာပါ။

အပေါ်ထပ်မှာတော့ ဗိုလ် ချုပ်အောင်ဆန်းရဲ့ အိပ်ခန်းကို လေ့လာနိုင်မှာပါ။ အိပ်ခန်းရဲ့ဘေး မှာ ဗိုလ်ချုပ်ဖတ်ရှုခဲ့တဲ့ စာအုပ်တွေ ထိန်းသိမ်းထားရှိတဲ့ စာဖတ်ခန်း ကို လေ့လာနိုင်ပြီး ဗိုလ်ချုပ်ရဲ့ စည်း ကမ်းရှိပုံကို ခံစားမိမှာ ဖြစ်ပါ တယ်။ အိပ်ခန်းထဲမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အ၀တ်အစားများ၊ အိန္ဒိယစစ်ဗိုလ်ချုပ် နေရူးလက် ဆောင်ပေးခဲ့တဲ့ ကုတ်အင်္ကျီ ၊ မီးခြစ်၊ တုတ်ကောက်စတာတွေကိုကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အိပ် ခန်းရဲ့ ကပ်လျက်မှာတော့ သားသမီးတွေရဲ့ အိပ်ခန်းကို ခင်းကျင်းပြသထားပါတယ်။ အိပ်ခန်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုတင်၊ ဦးအောင်ဆန်းလင်းနဲ့ ဦးအောင်ဆန်းဦးတို့ရဲ့ ခုတင်တွေကို တွေ့ရ မှာပါ။ အဲဒီမှာ ဗိုလ်ချုပ်တို့ မိသားစု အသုံးပြုခဲ့တဲ့ မှန်၊ ဗီရိုစတဲ့ ရှေးခေတ်လက်ရာများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့အိပ်ခန်း အနီးမှာ ဘုရားခန်းရှိပြီး အဲဒီဘုရားခန်းကိုတော့ ကြံ့ခိုင်မှုအနေအထားအရ ပိတ်ထားတယ်လို့ သိရပါတယ်။ ပြတိုက်ရဲ့ ခြံဝင်းအတွင်းမှာ တော့ ဗိုလ်ချုပ်အောင်ဆန်းသက် ရှိထင်ရှားရှိစဉ်က အသုံးပြုခဲ့တဲ့ အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစားကားကိုလည်း ပြသ ထားတာကြောင့် မိမိတို့ရဲ့ နိုင်ငံ့ ခေါင်းဆောင်တစ်ချိန်က စီးခဲ့ သော ကားကို လေ့လာနိုင်မှာပါ။ ဗိုလ်ချုပ်ပြတိုက်ကို ရောက်သွား သူတိုင်း ပြတိုက်မှာ ဗိုလ်ချုပ်အောင် ဆန်းရဲ့ အငွေ့အသက်တွေရှိနေ တာမို့ စိတ်ခံစားမှုတစ်မျိုး ခံစားမိစေမှာ သေချာပါတယ်။

ဒါကြောင့် အာဇာနည်နေ့ မှာ သွားရောက်လေ့လာလည် ပတ်သင့်တဲ့ နေရာတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်က အာဇာနည်နေ့မှာ ထိပ်ဆုံးကပါဝင်နေပါ တယ်။ အာဇာနည်နေ့မှာ ပြတိုက်ကို လာရောက်လည်ပတ်သူတွေ ကို ၀င်ကြေးအ ခမဲ့ သတ်မှတ်ပေး ထားပြီး ပြတိုက်ဖွင့်ချိန်ကိုလည်း ၁ နာရီခန့် စောဖွင့်ပြီး နောက်ကျမှ ပိတ်သွားမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ပန်းခြံ

ဗိုလ်ချုပ်ပြတိုက်ကို သွားရောက်လေ့လာသူတွေ တစ်ဆက် တည်းဝင်ရောက်လေ့လာနိုင်တဲ့ နေရာကတော့ ကန်တော်ကြီး ပတ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်အောင် ဆန်း ကြေးရုပ်နဲ့ ဗိုလ်ချုပ်ပန်းခြံပါပဲ။ အဲဒီနေရာကို သွားရောက် လည်ပတ်ပြီး ဗိုလ်ချုပ်အတွက် ဆုတောင်းပေးလို့ ရသလို၊ အမှတ်တရ ဓာတ်ပုံများလည်း ရိုက်လို့ ရပါတယ်။

အာဇာနည်ကုန်း သွားပြီး ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်း ဆောင်ကြီးတွေကို အလေးမပြု နိုင်သူတွေအနေနဲ့ ဗိုလ်ချုပ်ပန်း ခြံမှာရှိတဲ့ ပုံတူကြေးရုပ်ကြီးဆီကိုသွားပြီးတော့ ဂါရ၀ပြု နိုင်မှာပါ။

House of Memory

လည်ရင်းပတ်ရင်းနဲ့ စား သောက်စရာ ဆိုင်တစ်ဆိုင်ကို ညွှန်ပြလိုပါတယ်။ အဲဒီဆိုင်က တော့ ဦးဝိစာရလမ်းပေါ် ခြံအ မှတ်-၂၉၀ မှာရှိတဲ့ ဗိုလ်ချုပ် အောင်ဆန်း ဘီအိုင်အေရုံးချုပ် အဖြစ် အသုံးပြုခဲ့တဲ့ ရှေးဟောင်း အိမ်ကြီးမှာ ဖွင့်လှစ်ထားတဲ့ မြန်မာရိုးရာထမင်းဆိုင် ဖြစ်ပါတယ်။

House of Memory ဆိုင်က တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်ကိုလိုနီခေတ်က ဆောက်လုပ် ခဲ့တဲ့ အိန္ဒိယ စစ်တပ်အကြီးအ ကဲဝဏ္ဏကျော်ထင် မစ္စတာရှရီဒီနာနာ့ဒ် ပိုင်ဆိုင်တဲ့ တိုက်ခံပျဉ် ထောင်အိမ်ကြီးကို ဆိုင်အဖြစ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီဆိုင်မှာ မြန်မာထမင်း ဟင်းလျာများကို အဓိကရောင်းချ ပေးပြီး ကချင်ရိုးရာ၊ ကရင်ရိုးရာ ဟင်းလျာများကိုလည်း ရောင်းချပေးပါတယ်။ ဟင်းလျာပွဲဈေးနှုန်း တွေကတော့ တစ်ပွဲကို ၅၀၀၀ ကျပ်မှ ၇၀၀၀ ၀န်းကျင်ရှိပြီး ဟင်းမျိုးစုံနဲ့ ထမင်းစားမယ်ဆိုရင် ၉၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အထိ ရှိပါတယ်။

ထူးခြားချက်ကတော့ Ho-use of Memory ဆိုင်ဖွင့်ထား တဲ့ အိမ်ကြီးမှာ ဗိုလ်ချုပ်အောင် ဆန်းဦးဆောင်သော အာဇာနည် ခေါင်းဆောင်ကြီးများပါဝင်တဲ့ ဘီ အိုင်အေ တပ်ဖွဲ့ရုံးထိုင်ခဲ့ပြီး ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ၎င်းတို့ရဲ့ အငွေ့အသက်တွေ ကျန်ရှိနေတဲ့နေရာ တစ်ခုလည်း ဖြစ်ပါတယ်။

ဘီအိုင်အေ ရုံးချုပ်အဖြစ် အသုံးပြုခဲ့စဉ်က ဗိုလ်ချုပ်အောင် ဆန်းအလုပ်လုပ်ခဲ့တဲ့ ရုံးခန်းနဲ့ လက်နှိပ်စက်ကို ပြခန်းတစ်ခုအ ဖြစ် ထားရှိထားပြီး ဆိုင်ကိုလာ ရောက်စားသောက်ကြတဲ့ လူတွေ လေ့လာနိုင်အောင် ပြသထားပါ တယ်။

ဒါကြောင့် အာဇာနည်နေ့ မှာ စားသောက်ရင်း လွတ်လပ် ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တိုင်းပြည်လွတ်လပ်ရေး ရရှိရေး အတွက် အလုပ်လုပ်ခဲ့တဲ့ ရုံးခန်းကို လေ့လာရင်း ဗိုလ်ချုပ်ကို အောက်မေ့တမ်းတနိုင်၊ ဂုဏ်ပြု နိုင်မယ့် နေရာတစ်ခုအဖြစ် ညွှန် ပြလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဈေး

ဗိုလ်ချုပ်အောင်ဆန်း ဈေး ကတော့ ရန်ကုန်မြို့ကိုလာရောက် လည်ပတ်ကြတဲ့ နိုင်ငံသားတွေ အကြိုက်တွေ့စေတဲ့ ဈေးပါ။ ယခင်က စကော့ဈေးဟု ခေါ်ခဲ့ပြီး လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ ခုနှစ်မှာတော့ ဗိုလ်ချုပ်အောင် ဆန်းကို အစွဲပြုပြီး ခေါ်ဆိုခဲ့ပါ တယ်။

ပန်းဘဲတန်းမြို့နယ် ဗိုလ် ချုပ်အောင်ဆန်း လမ်းပေါ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးမှာတော့ မြန်မာ့ရိုးရာလက်မှု ပစ္စည်းတွေ အ၀တ်အထည်တွေ၊ ကျောက်မျက်ရတနာတွေ အမှတ်တရ လက်ဆောင် ပစ္စည်းတွေကိုရောင်းချတဲ့ ဈေးဖြစ်ပါတယ်။ နိုင်ငံတကာ ဧည့်သည်တွေ လာရောက်တဲ့အခါ မြန်မာနိုင်ငံအကြောင်း သိရှိနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ပြီး အဲဒီဈေးကြီးဟာ ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက် အအုံကြီးလည်း ဖြစ်နေပြန်ပါ တယ်။

ဒါကြောင့် အာဇာနည်နေ့ ရဲ့ ပိတ်ရက်မှာ တခြားနေရာများသို့ ဈေးဝယ်ထွက်မယ့်အစား ဗိုလ်ချုပ်ဈေးကို လည်ပတ်ရင်း ဗိုလ် ချုပ်အောင်ဆန်းကို အမှတ်ရနေ စေဖို့ ညွှန်ပြလိုပါတယ်။

Bogyoke is our Father

ပန်းချီပြပွဲ

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကို သတိတရဖြစ်စေ ဖို့ ပန်းချီဆရာ ၃၀ ကျော်တို့က ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီကားတွေကို ပြသရောင်းချမယ့် သီးသန့်ပြပွဲတစ်ခုကို တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အလှသစ်ပန်းချီပြခန်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် အာဇာနည်နေ့ မှာ ဗိုလ်ချုပ်အလွမ်းပြေ ပန်းချီပြ ပွဲကို ကြည့်ရှုရင်း ၀ါသနာပါသူ များ ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်း ချီကားတွေကို ၀ယ်ယူနိုင်မှာပါ။

ပြပွဲကို ဇူလိုင် ၁၉ ကစတင် ပြီး လကုန်အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ပန်းချီကားပေါင်း ၇၀ ကျော်ကို ပြသသွားမှာပါ။

ဒါကြောင့် ဒီနှစ်မှာ ကျ ရောက်တဲ့ (၆၇)ကြိမ်မြောက် အာ ဇာနည်နေ့မှာ ဗိုလ်ချုပ်အောင် ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေ ကို ဂုဏ်ပြုလို့ရနိုင်မယ့် နေရာ တော်တော်များများကို ဖော်ပြ လိုက်ပါတယ်။

၁၉ ဇူလိုင် မမေ့မလျော့ရအောင်လို့ အာဇာနည်နေ့မှာ အထက်က ညွှန်ပြထားတဲ့နေရာ တွေထဲက မိမိတို့ လက်လှမ်းမီတဲ့ နေရာကို သွားရောက်လည်ပတ် ရင်း တိုင်းပြည်အတွက် အသက် ပေးပြီး ဆောင်ရွက်ခဲ့ကြတဲ့ အာ ဇာနည်ခေါင်းဆောင်တွေကို ဂုဏ် ပြုလိုက်ကြရအောင် ....။ ။


7Day Daily

0 comments:

Post a Comment