Wednesday, July 9, 2014

Ooredoo မြန်မာ က ၁၉ နှစ်အောက် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း ၏ ဂျာမနီနိုင်ငံ လေ့ကျင့်ရေး ခရီးစဉ် ကို ပံ့ပိုးကူညီ


မကြာသေးမီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အောက်ရှိ ၁၉ နှစ်အောက် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘောလုံး အသင်းသည် သီတင်း နှစ်ပတ်ကြာ လေ့ကျင့်ရေး ခရီးစဉ် အတွက် ဂျာမနီနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ ဘောလုံး အားကစား နည်းပညာများ ပိုမို တတ်မြောက် ကျွမ်းကျင်ရေး အတွက် မျှော်မှန်းလျှက် ဦးစိုးဝင်း နှင့် ၄င်းတို့၏ ဘောလုံးနည်းပြဖြစ်သူ Gerd Zeise တို့ ဦးဆောင်မှုအောက်တွင် သွားရောက်ခြင်းဖြစ်သည်။
“နိုင်ငံရပ်ခြား ခရီးသွား ပြီးတော့ မတူညီတဲ့ ယဉ်ကျေးမှုတွေ နဲ့ ဘောလုံးကစားပုံ နည်းနာတွေ ကို လေ့လာ တာတွေဟာ ၊ သွားပြီး လေ့ကျင့် တာတွေဟာ နိုင်ငံတကာ ဘောလုံး အားကစား ရဲ့ လုပ်ရိုးလုပ်စဉ် တွေ ပဲဖြစ်ပါတယ်” ဟု အသင်း မထွက်ခွာ သေးခင် မှာ ဦးစိုးဝင်း ကပြောကြား လိုက်ပါတယ်၊ “ Ooredoo မြန်မာရဲ့ အကူအညီနဲ့ ဒီလူငယ် အသင်းဟာ နိုင်ငံခြားခရီးစဉ်မှာ ကစားပွဲတွေကို အတွေ့အကြုံ ရကြမှာ ဖြစ်တဲ့ အတွက် အင်မတန် အားရစရာကောင်းပါတယ်။” ဟု ထပ်လောင်း ပြောကြား လိုက်ပါသည်။

Ooredoo မြန်မာ ၏ အလုပ် အမှုဆောင် အရာရှိချုပ် Ross Cormack က အသင်းကို အောင်မြင်စေကြောင်း နှင့် ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ဖြစ်စေကြောင်း ဆုမွန်ကောင်းတောင်း လျှက် ၊ “အားလုံး မြန်မာ့ ဂုဏ်ဆောင် အားကစား သမားတွေ အဖြစ် ဂုဏ်ယူ နိုင်ကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဘောလုံး အားကစား ကို ပိုမို ကျွမ်းကျင်အောင် အတူတူ လေ့ကျင့်ရင်း နဲ့ ကမ္ဘာပတ်ခွင့် ရလို့ အင်မတန် ၀မ်းသာစရာ ကောင်းပါတယ်” ဟုပြောကြားခဲ့သည်။

ခရီးစဉ်တွင် မြန်မာ့ လက်ရွေးစင် ၁၉ နှစ်အောက် အမျိုးသား အသင်း သည် ဂျာမန် အပျော်တမ်း ဘောလုံးအသင်း နှင့် ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင် ကစားသွား မည်ဖြစ်သည်။ ယခုအချိန်တွင် ဂျာမနီနိုင်ငံ အမျိုးသား လက်ရွေးစင် အသင်းသည် ကမ္ဘာ့ဖလား ပွဲတွင် ယမန်နေ့မနက်ပိုင်းက အိမ်ရှင် ဘရာဇီးအသင်းကို အနိုင်ရရှိပြီး ဗိုလ်လုပွဲ အဆင့် သို့ တက် ရောက်သွားပြီဖြစ်သည်။ ထိုကြောင့် ဂျာမနီနိုင်ငံ သို့ မြန်မာ့လက်ရွေးစင် ၁၉ နှစ်အောက် အသင်း သွားရောက် လည်ပတ်ခြင်းသည် အချိန်ကိုက်ပင်ဖြစ်သည်။

Ref : Ooredoo Myanmar
Yangon Media Group

0 comments:

Post a Comment