မယ်ကမ္ဘာပြိုင်ပွဲသို့ နှစ် ပေါင်းငါးဆယ်ကျော်ကြာမှ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အ ဖြစ် ပြန်လည်ယှဉ်ပြိုင်ခဲ့သည့် ၀ိုင်း လေးက ဆုမရရှိခဲ့သော်လည်း နောင်ပြိုင်မည့် ပြိုင်ပွဲဝင်များအ တွက် အတွေ့အကြုံများစွာရရှိခဲ့ ကြောင်းပြောသည်။‘‘၆၄ကြိမ်မြောက်ခဲ့ပြီဖြစ်တဲ့ Miss Worldမှာ အတွေ့အကြုံ ကောင်းများစွာ၊ Trainingပေါင်း များစွာရှိပြီးသားနိုင်ငံတွေနဲ့ ယှဉ် ပြိုင်ရတဲ့အခါမှာ ဆုရတာ၊မရတာ ထက် ဗဟုသုတနဲ့ အတွေ့အကြုံ တွေရဖို့က ညီမအတွက်အရေး ကြီးပါတယ်။ နောက်နှစ်ပြိုင်မယ့် Miss World Myanmarကို ပံ့ပိုး နိုင်မှာပါ’’ဟု ၀ိုင်းလေးကပြော သည်။
ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၂၀ကျော်မှ အလှမယ်များစွာ ပါ ၀င်ယှဉ်ပြိုင်ခဲ့ပြီး အရှေ့အာဖရိက အလှမယ်က Miss World 2014 ဆုရရှိခဲ့သည်။
ပြိုင်ပွဲဝင်သည့်အချိန်အ တွင်း Sport Challengeကဏ္ဍ သည် ခက်ခဲသည့်အချိန်ဖြစ်ခဲ့ပြီး အပင်ပန်းဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘‘ရောက်ရောက်ချင်း အောပ ရာလိုက်ပြတဲ့ညမှာ ဒေါက်ဖိနပ်နဲ့ ပလက်ဖောင်းပေါ်က ပြုတ်ကျပြီး အရိုးထိသွားတယ်။ ဒူးလည်းပြဲသွားပြီး တစ်ပတ်လောက်ဒေါက်မြင့်မ စီးဘဲ နားခဲ့ရတယ်။ အရမ်းလည်း အေးတော့ အရိုးပါကျိုးသွားနိုင် တယ် ကံကောင်းလို့။ နာနေပေ မယ့် ကြိတ်မှိတ်ပြီး ပြုံးခဲ့ရတာက တော့ အမှတ်တရပါပဲ’’ဟု ၀ိုင်း လေးက ပြိုင်ပွဲဝင်နေစဉ်အချိန်အ တွင်းမှ မမေ့နိုင်သော အမှတ်တရ တစ်ခုကိုပြောပြသည်။
Miss Worldပြိုင်ပွဲကိုပါဝင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းသည် ၎င်း ဘ၀အတွက် မှတ်တိုင်တစ်ခုစိုက် ထူနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအ နေဖြင့်လည်း နှစ်ပေါင်းငါးဆယ် ကျော်အချိန်တွင် ပြန်လည်ဝင် ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သော ကြောင့် ဂုဏ်ယူစရာဖြစ်ကြောင်း ၀ိုင်းလေးကပြောသည်။
ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလ အတွင်း အားပေးခဲ့ကြသည့် ပရိ သတ်များကို ကျေးဇူးတင်ပြီး ပရိ သတ်များအတွက် ဆုမရယူနိုင်ခဲ့ သောကြောင့်အားနာကြောင်း၎င်း ကဆိုသည်။
ဝိုင်းလေးသည် Miss World 2014 ပြုလုပ်သည့် လန်ဒန်မြို့မှ ဒီဇင်ဘာ ၁၅ရက်တွင် စတင်ထွက် ခွာလာပြီး မြန်မာနိုင်ငံသို့ ဒီဇင် ဘာ ၁၆ရက် နံနက်၌ ရောက်ရှိ မည်ဖြစ်ကြောင်း ပရိသတ်များကို ၎င်း၏ဖေ့စ်ဘွတ်ခ်မှ အသိပေး ထားသည်။
Tuesday, December 16, 2014
ဒေါက်ဖိနပ်နဲ့ ပလက်ဖောင်းပေါ်ကကျလို့ အရိုးထိခဲ့တဲ့ မယ်ကမ္ဘာပြိုင်ပွဲဝင် ၀ိုင်းလေး
7Day Daily
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment