Sunday, January 4, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝပြည့် မွေးနေ့လက်ဆောင်အဖြစ် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆို


အာရှသူရဲကောင်း ဗိုလ်အောင်ဆန်းသီချင်းထဲကစာသားအ တိုင်း မြန်မာနိုင်ငံ မိဘအပေါင်းတို့က နိုင်ငံ အတွက် အကျိုးပြုပေးနိုင်မည့် အနာဂတ် ခေါင်းဆောင်များ မွေးထုတ်ပြီး ဗိုလ်ချုပ်အောင် ဆန်း နှစ် ၁ဝဝပြည့်မွေးနေ့ လက်ဆောင် အဖြစ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည် သူများအား တိုက်တွန်းလိုက်သည်။''မြန်မာနိုင်ငံမိဘအပေါင်းဟာ သူရဲကောင်းများ၊ အာဇာနည်များ မွေးထုတ် ရမယ်ဆိုတဲ့ အဓိပ္ပာယ်က နိုင်ငံအကျိုးကို ထမ်းဆောင်နိုင်မယ့်ကလေးများ၊ ခေါင်းဆောင် များ၊ နောင်တခေတ်မှာ လူကြီးများဖြစ်လာ မယ့် ကလေးများကို ပြုစုပျိုးထောင်ရမယ်လို့ ပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့် တိုက်တွန်း ချင်တာကတော့ ကျွန်မတို့ရဲ့ ပြည်သူလူထု အားလုံးဟာ နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်များမွေးဖွားလာနိုင်အောင်လို့၊ ပေါက် ဖွားလာနိုင်အောင်လို့ ဝိုင်းဝန်းပြီးတော့ နှစ် ၁ဝဝပြည့်မွေးနေ့မှာ လက်ဆောင်အဖြစ် လုပ်ပေးကြပါလို့ ဆိုချင်ပါတယ်''ဟု ဇန်န ဝါရီ ၃ရက်က ပဲခူးတိုင်းဒေသကြီးတွင် ပြုလုပ် သည့် ဗိုလ်ချုပ်နှစ် ၁ဝဝပြည့် မွေးနေ့အကြို လူထုဟော ပြောပွဲတွင် ထည့်သွင်းပြောကြား ခဲ့သည်။

ထို့ပြင်တိုင်းပြည်အတွက် ဆုတစ် ဆုတောင်းဟုဆိုပါက သူမအနေဖြင့် နိုင်ငံ သူနိုင်ငံသားများအား ရုပ်ပိုင်းဆိုင်ရာအရ မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အတွေး အခေါ်နှင့် စိတ်နေစိတ်ထားမြင့်မားသည့် ပြည့်ဝသည့် လူသားများဖြစ်ဖို့ ဆုတောင်း မည်ဖြစ်ပြီး ပြည့်ဝသည့်ပြည်သူလူထုဖြင့် သာယာဝပြောညီညွတ်စွာ တိုးတက်သည့် နိုင်ငံတစ်ခု ထူထောင်နိုင်မည်ဖြစ်ကြောင်း ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ''ဗိုလ်ချုပ်ရဲ့ပင်ကို စိတ် ဓာတ်က အင်မတန်မှ ရိုးသားဖြူစင်ပါတယ်။ မှန်ရာကိုပြောတတ်ပါတယ်။ မှန်ရာကိုပဲ တွေး ပြီးရေးတတ်ပါတယ်။ မိမိမှားရင်လဲအမှားကို ရဲရဲဝံ့ဝံ့အမှားကို ပြည်သူလူထုရှေ့မှာ ဝန်ခံ ပါတယ်။ နောက်ပြီးတစ်မျိုးသားလုံး ညီညွတ် မှုကိုပဲ အဓိကထားပြီးတော့ ဆောင်ရွက်သူ ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။ မိမိရဲ့တိုင်းပြည်ကို ဘယ်သောအခါမှ မရောင်းစားတဲ့ ခေါင်း ဆောင်ပဲဖြစ်ပါတယ်''ဟု ပြောသည်။

၁၉၁၅ခုနှစ်တွင် မွေးဖွားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့သည် ၂ဝ၁၅ ဖေဖော်ဝါရီ ၁၃တွင် နှစ် ၁ဝဝပြည့်မည် ဖြစ်သည်။ ပဲခူးမြို့တွင်ပြုလုပ်သည့် ယင်း ဟောပြောပွဲသို့ ပြည်သူနှစ်သောင်းကျော် ခန့် တက်ရောက်ခဲ့သည်။

‪‎TheFlowerNews‬

0 comments:

Post a Comment