Sunday, January 4, 2015

‘နှလုံးသားအရင်းအနှီး’လို ပရိသတ်စွဲမယ့် သီချင်းသစ်နဲ့ အိုင်းရင်းဇင်မာမြင့်


နှလုံးသားအရင်းအနှီးကဲ့ သို့ ပရိသတ်ရင်ထဲစွဲစေမည့် တေး သီချင်းမျိုးကို ဒုတိယတစ်ကိုယ် တော်အခွေဖြစ်သည့် ‘‘ချစ်လို့’’ တေးစီးရီးတွင် ထည့်သွင်းထား ကြောင်း တေးသံရှင် အိုင်းရင်းဇင် မာမြင့်ကပြောသည်။အဆိုပါတေးစီးရီးတွင် ဂီတ ပုံစံမျိုးစုံဖြင့် သီဆိုထားသော တေး သီချင်းများစွာပါဝင်ပြီး အမ် တီဗီအတွက် တစ်ပုဒ်မျှမရိုက်ကူး ရသေးသော်လည်း အကောင်း ဆုံးပြင်ဆင်ရိုက်ကူးသွားမည်ဖြစ် ကာ အပုဒ်တိုင်း၌ ကိုယ်တိုင် သရုပ်ဆောင်သွားမည်ဟု တေး သံရှင် အိုင်းရင်းဇင်မာမြင့်ကပြော သည်။

‘‘ဒီအခွေလေးက ထွက် လည်း ထွက်နေပြီဆိုတော့ နား ထောင်ဖူးတဲ့ ပရိသတ်တွေလည်း တော်တော်များများသိနေပါပြီ။ ‘‘တစ်နေ့နေ့’’သီချင်းလေးက တော့ အဲဒီလိုရင်ထဲထိမယ့် သီချင်းလေးတစ်ပုဒ်ပါ။ ပရိသတ်တွေဆီ ကတော့ ကောင်းတယ်လို့တော့ ပြန်ကြားရတာတွေရှိပါတယ်’’ဟု ၎င်းကပြောသည်။

ဂီတအနုပညာရှင်တစ်ဦး အနေဖြင့် ဂီတဆုပေးပွဲများ ပြုလုပ်လာသည်ကို သဘောကျ သော်လည်း မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲကဲ့သို့ တစ်နှစ်တစ်ခါ သာ အတော်ဆုံးသူများကို ချီးမြှင့် စေလိုကြောင်း ဖွင့်ဟပြောဆို သည်။

7Day Daily

0 comments:

Post a Comment