Tuesday, April 7, 2015

လောက်ကိုင်မှ သင်ခန်းစာ


ယနေ့ လောက်ကိုင်တစ်ဝိုက်တွင် ဖြစ်ပွားနေ သောတိုက်ပွဲများမှ သင်ခန်းစာအများ အပြားပေါ်ထွက်လျက်ရှိနေပါသည်။ ပြည်သူနှင့်တပ်မတော် နှစ်ဦးနှစ်ဖက်လုံး အတွက်သင်ခန်းစာများ ပေါ်ထွက်လာပါသည်။ ဤလောက်ကိုင် နယ်မြေ တိုက်ပွဲများတွင်မှာမှတပ်မတော်ကလည်း မိမိဘက်မှ ထိခိုက်ကျဆုံးမှု စာရင်းကို သတင်းစာတွင် ပွင့်ပွင့်လင်းလင်း ကြေညာသမှုပြုလုပ်လာပါသည်။ ပြည်သူဘက်မှ လည်းဤသတင်းများကို ဖတ်ရှုရသည့် အခါတွင်မှ အခြေအနေအမှန်ကို သုံးသပ်နိုင်လာပါသည်။စစ်တပ်အစိုးရ အဆက်ဆက်၏ သတင်း အမှောင်ချထားခဲ့မှုက ပြည်သူများကို မျက်စိပိတ်နားပိတ်ဖြစ်စေခဲ့ပါသည်။ ပြည်သူများသည် စစ်ရေး စစ်ရာနှင့်ပတ်သက်၍ ယခင်ကသတင်းစာများထဲ တွင် ဖတ်ရလျှင် ““သြော်၊ တိုက်ပွဲတွေဖြစ်နေကြ တယ်””ဟူ၍လောက်သာ စိတ်ဝင်စားမှု ရှိခဲ့ကြပါသည်။ သတင်းစာအာဘော်များကလည်း အများပြည်သူ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်နိုးကြားလာစေရန် လှုံ့ဆော် ပေးသည့် အရေးအသားမျိုးမပါရှိပါ။
မကြာသေးသည့် ရက်ပိုင်းအတွင်းက ဂျာနယ် များ၌ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က အမျိုးသားစစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းသင့် ကြောင်းကိုလွှတ်တော်တွင် တင်ပြဆွေးနွေးသည် ဟု ဖတ်ရှုလိုက်ရပါသည်။ ဂျာနယ်အတော်များများ တွင် ဤတင်ပြချက်ကို အုတ်အော်သောင်းတင်း ၀ိုင်း ၀န်းရှုတ်ချကြခြင်း မရှိသည်ကိုလည်း စာရေးသူ သတိထားလိုက်မိပါသည်။ ဂျာနယ်များ၏ အာဘော် များမှာ အကြမ်းဖျင်းအားဖြင့် ထောက်ခံ ၃၀၊ ကန့် ကွက် ၇၀ခန့်ရှိမည်ဟုထင်ပါသည်။ စာရေးသူ၏ ကိုယ်ပိုင်အမြင်ဖြစ်ပါသည်။

၂၀၁၁ နှစ်စပိုင်းလောက်က ဤစစ်မှုမထမ်း မနေရကိစ်္စ ပေါ်ပေါက်ခဲ့ဖူးပါသည်။ ထိုစဉ်က ဤကိစ်္စကို ပြင်းပြင်းထန်ထန် ၀ိုင်းဝန်းကန့်ကွက်ရှုတ် ချခဲ့ကြပါသည်။ယခုတစ်ကြိမ်တွင်မူ ကန့်ကွက်သံ သည် ယခင်တစ်ကြိမ်ကလောက် သောသောမညံ တော့ပါ။ ပြည်သူများ ဗဟုသုတအမြင်ရှိစပြုလာပြီ ဟု ယူဆရနိုင်ပါသည်။ကိုးကန့်သောင်းကျန်းသူ အဆင့်မျှကိုပင် ဤမျှတိုက်ခိုက်ယူနေရလျှင် ရန်ပြု လာမည့် ပြည်ပတပ်မတော်တစ်ခုနှင့်များ ရင်ဆိုင် ရမည်ဆိုလျှင် မိမိနိုင်ငံ၏ လူ/လက်နက်ယှဉ်ပြိုင် နိုင်မှုစွမ်းအားကို ပြည်သူများ ခန့်မှန်းတတ်စပြုလာ ကြပြီဟု သုံးသပ်၍ရနိုင်ပါသည်။ အမြင်ကျယ်စပြု လာပါပြီ။
ယခင်က ပြည်သူများအမြင်မကျယ်ခြင်းမှာ ပြည်သူများ၏ အပြစ်မဟုတ်ပါ။ တာဝန်ရှိသူအစိုးရ အဆက်ဆက်က မျက်စိပိတ်နားပိတ်ပြုလုပ်ထားခဲ့ ကြ၍သာဖြစ်ပါသည်။ယခုလည်း ပြည်သူများ အမြင်ကျယ်စပြုလာခြင်းသာဖြစ်ပါသည်။ လုံးဝ အမြင်မကျယ်သေးပါ။ ပြည်သူများ၏ ဝေဖန်သံကို စာရေးသူကြားနေရပါသည်။ကွမ်းလုံတိုက်ပွဲကဲ့သို့ သော တိုက်ပွဲကိုပင် ရက်ပေါင်း ၄၀ နှင့်အပြီး သတ် နိုင်ခဲ့လျှင် ယခုလောက်ကိုင်နယ်မြေဖြစ်စဉ်သည် ရက်ပေါင်းမည်မျှကြာနေပြီလဲဟူ၍လည်းကောင်း ပြည်တွင်းသောင်းကျန်းမှု ချေမှုန်းရေးတွင် လေယာဉ် သုံးစရာလိုလို့လားဟူ၍လည်းကောင်း ဝေဖန်ပြော ဆိုမှုများ ရှိနေပါသည်။

စစ်မြေပြင်တွင် စစ်တိုက်သည်ဆိုသည်မှာ သရေကျအောင်တိုက်သည်ဟူ၍မရှိပါ။ အနိုင်ရ အောင် တိုက်ကြစမြဲသာဖြစ်ပါသည်။ ပြင်သစ်စစ် ဘုရင် နပိုလီယံ၏အဆိုအမိန့်မှာ ““မိမိ၏အင်အား အလွန်အမင်းသာလွန်နေမှုသည် မှားယွင်းသည်ဟု မည်သည့်အခါတွင်မျှ ပြော၍မရပါ”” (It is never wrong to be too strong) ဟူ၍ ရှိသကဲ့သို့ အင်္ဂလိပ် စကားလုံးတစ်ခုမှာ “ကျွန်ုပ်၏ နိုင်ငံ မှားမှား၊ မှန်မှန်၊ ကျွန်ုပ်အတွက်ကတော့ ကျွန်ုပ်၏နိုင်ငံအမြဲမှန်သည်”” (My country, right or wrong) ဒုတိယကမ္ဘာစစ်ကြီး အတွင်းက အမေရိကန်ဗိုလ်ချုပ်ကြီး ပက်တန်က လည်း ““ရန်သူကို မိမိ၏အဆမတန် သာလွန်သော စုစည်းအင်အားဖြင့် တစ်ဟုန်ထိုးတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို စောစီးစွာ အနိုင်ယူအပြီးသတ်လိုက်နိုင်ခြင်း သည် ရေရှည်စစ်ပွဲဖြင့် မိမိအကျအဆုံးများပြားမည် ကို ရှောင်ရှားရန်အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်သည်””ဟူ၍ ပြောကြားခဲ့ပါသည်။
အထက်က အဆိုအမိန့်များထဲမှ အင်္ဂလိပ် အဆိုကဲ့သို့ပင် မိမိနိုင်ငံ၏ အတွင်းရေးကိစ်္စကို မိမိ နည်းလမ်းဖြင့် ဖြေရှင်းခြင်းဖြစ်ပါသည်။ နပိုလီယံ၏ အဆိုအမိန့်ကဲ့သို့ပင်မိမိထံတွင်ရှိသော စွမ်းအား ဖြစ်သည့် လေကြောင်းပစ်ကူစွမ်းအားကို အသုံးပြု ခြင်းဖြစ်ပါသည်။ ဤနေရာတွင် စစ်သားလုပ်ခဲ့ဖူး သော စာရေးသူအနေဖြင့်လောက်ကိုင်နယ်မြေတွင် ဗိုလ်ချုပ်ကြီးပက်တန်၏ နည်းနာကိုအပြည့်အ၀ အသုံးပြုခြင်းမရှိသေးဟု အငြိမ်းစားစစ်သည်ဟောင်း တစ်ဦးအနေဖြင့်ထင်မြင်ယူဆမိပါသည်။
အများ၏ ဝေဖန်မှုကို စစ်တိုက်ရာတွင် ဂရုစိုက် မှုလွန်ကဲမိပါက ဘာမျှလုပ်၍ရတော့မည်မဟုတ်ပါ။ အမေရိကန်သမ်္မတ ဘုရှ်သည် အီရတ်ကို ၀င်ရောက်တိုက်ခိုက်စဉ်က ဘုရှ်ကို တစ်ကမ်္ဘာလုံးနီးပါးက ၀ိုင်း ၀န်းရှုတ်ချခဲ့ကြပါသည်။ ဂရုမစိုက်ခဲ့ပါ။ ဗြိတိသျှ ၀န်ကြီးချုပ် မာဂရက်သက်ချာသည် ဖောက်ကလန်ကျွန်းကိစ်္စနှင့်ပတ်သက်၍ အာဂျင်တီးနားနိုင်ငံနှင့် စစ်ဖြစ်စဉ်က မာဂရက်သက်ချာကို အမေရိကန်က ပင် ဦးဆောင်၍ ကန့်ကွက်ခဲ့ပါသည်။ သက်ချာ ဂရုမစိုက်ခဲ့ပါ။စာရေးသူဆိုလိုသည်မှာ အများ၏ ထောက်ပြဝေဖန်မှုကို လျစ်လျူရှုရမည်ဟု မဆိုလို ပါ။ သို့သော် အရာရာတိုင်းကို ဂရုစိုက်နေ၍မရပါ။

လောက်ကိုင်နယ်မြေဖြစ်စဉ် အစဦးပိုင်းတွင် တပ်မတော်ဘက်မှ ယာဉ်တန်းချုံခိုအတိုက်ခံရ၍ စစ်သည်အများအပြား ကျဆုံးခဲ့ရပါသည်။ တပ်မတော်စစ်ကြောင်းတစ်ကြောင်း ချီတက်လျှင် လက် နက်ကြီးနှင့် အရန်ကျည်များကိုပါ သယ်ဆောင်ရပါ သည်။ ရိက်္ခာနှင့် ဆေးသေတ်္တာများ၊ ဆက်သွယ်ရေးအားသွင်းစက်များကို ထည့်၍ မပြောသေးပါ။ ဤ ပစ်္စည်းများအားလုံးကို လွန်ခဲ့သည့် နှစ် ၂၀ လောက် အထိက အထမ်းသမားခေါ်ပေါ်တာများဖြင့် သယ် ပါသည်။အထမ်းသမားပေါ်တာကိစ်္စကို ကမ်္ဘာက ကန့်ကွက်သည့်အပြင် ပြည်တွင်းရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများကလည်း မလိုလားကြတော့သဖြင့်ပေါ်တာခေါ်အထမ်းသမားအသုံးပြုသည့်စနစ်ကို တပ်မတော် အသုံးမပြုတော့သည်မှာ အနှစ် ၂၀ မျှရှိသွားပါပြီ။

ထိုအနှစ် ၂၀ ကာလအတွင်း အပစ်အခတ်ရပ် စဲနေသဖြင့်လည်း အထမ်းသမားမရှိတော့သည့် ပြဿနာမှာ အရေးမကြီးပါ။ မော်တော်ကားလမ်း အတိုင်းမော်တော်ကားများအပေါ်သို့ လေးပင် ပစ်္စည်းများတင်ဆောင်ပြီး သွားလာကြပါသည်။ မော်တော်ကားလမ်းကို စွန့်ခွာ၍ တောင်များပေါ် သို့ တက်ကြရသည့် အခါများတွင်လည်း လေးပင် ပစ်္စည်းများကို စစ်သည်များ အလှည့်ကျထမ်း၍ နားနားနေနေ တက်ကြပါသည်။ မိမိကို ပစ်မည့် ခတ်မည့်သူမရှိပါ။ ပြဿနာမရှိပါ။
ထိုအနှစ် ၂၀ မျှငြိမ်းချမ်းခဲ့သဖြင့် အရာရှိ/ စစ်သည်များမှာ မော်တော်ကားဖြင့် သွားလာသည့် ရောဂါစွဲကပ်လာပါသည်။ ဆယ်ဘီးကား၊ ၁၂ ဘီး ကားများပေါ်ပေါက်လာသဖြင့်လည်း ၀င်ဆံ့မှုပို၍ ရှိလာသောကြောင့် မော်တော်ကားကြီးတစ်စီးတည်း အပေါ်သို့ အကုန်လုံးစုစည်းတက်ရောက်၍ သွားလာကြပါသည်။ ယခင်ကလို ၂ စီး ၃ စီး လူခွဲ၍ စီးရန်မလိုတော့ပါ။ တပ်မတော်သုံးငွေကြေးကန့် သတ်မှုကလည်းရှိလာသဖြင့် တစ်စီးတည်းကို ငွေ ချေရသည်ကအကုန်အကျသက်သာပါသည်။ သို့ ဖြစ်၍ အရေးပေါ်ကာလဖြစ်လာသောအခါ အနှစ် ၂၀ ခန့်စွဲနေသော အမူအကျင့်အတိုင်း ယာဉ်တစ် စီးတည်းအပေါ်သို့အကုန်လုံးတက်၍ ရန်သူ၏ သတ် ကွင်းအတွင်းသို့ တစ်စုတစ်စည်းတည်း ၀င်မိလျက် သား ဖြစ်ကုန်ပါသည်။ တောင်များပေါ်သို့တက် သည့်အခါတွင်လည်းယခင်ကလေးပင်ပစ်္စည်းများကို အလှည့်ကျထမ်း၍ နားနားနေနေ တက်ကြပါသည်။ ယခုအခါ မိမိကိုပစ်မည့်သူ၊ မိုင်းတောင်မိုင်း ဆွဲမည့်သူများအကြားမှတက်ကြရပါသည်။ စစ် သည်အင်အားအချို့မှာ ပစ်္စည်းထမ်း၍ ပြေးပြေး လွှားလွှား မြန်မြန်ဆန်ဆန် တောင်တက်နေရသဖြင့် မောပန်းနေကြပါသည်။ သို့ဖြစ်၍ဥပမာပေးရလျှင် စစ်သည် ၁၀ ယောက်တွင် ၄ ယောက်မှာ ပစ်္စည်း ထမ်းရ၍ မောပန်းနေသောကြောင့် ၁၀ ယောက် သွားသော်လည်း တိုက်ခိုက်ရေးအင်အားမှာ ၆ ယောက်သာဖြစ်နေပါတော့သည်။

ဤသို့ဖြင့် ချီတက်နှုန်းများမှာ နှေးကွေးပြီး ခရီး လည်းမတွင်တော့ပါ။ သို့ဖြစ်၍ လေကြောင်းပစ် ခတ်မှု အကူများကို ရယူရပါသည်။ ဒဏ်ရာရစစ် သည်များကိုလေကြောင်းဖြင့်ပြန်လည်၍ သယ် ထုတ်ရပါသည်။ ဒဏ်ရာရ အရာရှိ/စစ်သည်များကို ရဟတ်ယာဉ်ဆင်းကွင်းဖြစ်သော ရန်သူ၏ပစ်ခတ် မှုကင်းဝေးရာနေရာအထိလူဖြင့် သယ်ထုတ်ရပါ သည်။ အထမ်းသမားမသုံးရသဖြင့် ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် စစ်သည်အချို့ကို ပြန်ခေါ်၍ လူနာထမ်းစေရပြန်ပါသည်။တိုက်ခိုက်ရေးအင် အားထပ်မံလျော့ပြန်ပါသည်။ တိုက်ခိုက်ရေးအင် အားနည်းသည့်အခါ စစ်သည်အငယ်များမှာ ရှေ့ သို့တက်ရန် တွန့်နေတတ်သဖြင့် အရာရှိကရှေ့မှ စံနမူနာပြဦးဆောင်၍ တက်ရပါသည်။ “တို့ဗိုလ်က ဓားကိုဆွဲလို့ ရှေ့ကတက်ပါတယ်””ဆိုသည့် စစ်ချီ သီချင်းအတိုင်း လက်တွေ့ကျင့်သုံးရပါသည်။ ထို အခါအရာရှိ ကျဆုံး၊ ဒဏ်ရာရများပြားလားပါ သည်။

ခေါင်းဆောင်အရာရှိ ကျဆုံးဒဏ်ရာရသည့် အခါ စီမံကွပ်ကဲမည့်သူမရှိသဖြင့် စစ်သည်များ ရှေ့ဆက်လုပ်ရမည့် ကိစ်္စေ၀၀ါးသွားပါသည်။ ရည် မှန်းချက်အောင်မြင်ရန်ကြန့်ကြာသွားပါသည်။ ယနေ့ဒီမိုကရေစီစနစ်ဖြင့် ချီတက်နေချိန်တွင် လူ သားအခွင့်အရေး၊ လူသားချင်း စာနာထောက်ထား မှုများကို အလွန်အလေးထားနေရပါသည်။ ဖုန်ကြားရှင်ဘက်မှ ဥပဒေဘောင် ပြင်ပမှနေ၍ အထမ်းသမားကြိုက်သလိုသုံး၍ ယင်းအဖွဲ့မှဒဏ် ရာရသူများကို အနီးဆုံးနိုင်ငံမှ လက်တစ်ကမ်းရှိဆေးရုံများသို့ ပို့ဆောင်နေချိန်တွင် တပ်မတော်က မိမိတိုက်ခိုက်ရေးအင်အားထဲမှ ဖဲ့ထုတ်၍ ဒဏ်ရာ ရသူများကို ပထမအဆင့်အနေဖြင့် ထမ်းထုတ်ခါတပ်မတော်ဆေးရုံများသို့ ပို့ဆောင်ရန်စီစဉ်ကြရပါ သည်။ ဤသို့ရေးသားသဖြင့် အထမ်းသမားများပြန် ၍ သုံးစေလိုသောကြောင့် နှပ်ကြောင်းပေးနေခြင်း မဟုတ်ပါ။မြေပြင်ရှိ ပကတိအခြေအနေကို ပြည်သူ အများသိသာမြင်သာရုံမျှသာ မျက်စိဖွင့်ပေးနေခြင်း ဖြစ်ပါသည်။

ကာတွန်းဆရာ အော်ပီကျယ်၏ ဟောပြော ပွဲတစ်ခုကို စာရေးသူက ရုပ်မြင်သံကြားတွင် နား ထောင်လိုက်ရပါသည်။ အော်ပီကျယ်ပြောသော ကာတွန်းတွင်ဖခင်ဖြစ်သူက ““ငါအင်အားရှိမှ မင်း တို့အင်အားရှိမယ်””ဟုပြောပြီး အကောင်းဆုံးဟင်း များကိုစားကာ မိသားစုအတွက် အရိုးအရင်းသာ ချန် ပါသည်။ကာလရှည်ကြာလာသောအခါ ဇနီးဖြစ်သူ က လင်ယောက်ျားအား ““ရှင့်ရဲ့ဗလကို ထုတ်ပြစမ်းပါ”” ဟုတောင်းဆိုသည့်အခါတွင် ယောက်ျားဖြစ်သူက မတ်တတ်ထ၍ဗလထုတ်ပြလိုက်ရာ လက်မောင်း ကြွက်သားများမှာ ကွမ်းသီးလုံးခန့်သာရှိပြီး ၀မ်းဗိုက် ကြီးသာ ပူဖောင်းနေပုံကို ဟောပြောပါသည်။ ဤ သည်ကား ပြည်သူအများ၏တပ်မတော်ဘတ်ဂျက် အပေါ် အမြင်ဖြစ်ပါသည်။ တပ်မတော်ကလည်း ဤ ကိစ်္စကို သတိရှိရန် လိုအပ်ပါသည်။ ပြည်သူ၏ သဒ်္ဓါ ရက်ရောမှုကို ရရှိနိုင်ရန်ကြိုးစားရပါမည်။
နှစ်(၇၀)ပြည့် တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော်၏ စစ်လက်နက်ပစ်္စည်း အမျိုးအစား အတော်များများကို စစ်ရေးပြအခမ်းအနားတွင် ထည့်သွင်းပြသသွားပါသည်။ လက်ရှိတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်လက်ထက်တွင်မှစတင်လာသည့် အစီအစဉ်ဖြစ်ပါသည်။ ဤစစ်လက်နက်ပစ်္စည်းများ၏ ၇၅ရာခိုင်နှုန်းမှာ မြန်မာပြည်လုပ်တစ်ခုမျှ မပါပါ။ ပြည်ပမှ ၀ယ်ယူခဲ့ရသည့်ပစ်္စည်းများချည်းသာဖြစ်ပါ သည်။ ဤလက်နက်များကို ထုတ်လုပ်သောနိုင်ငံမှ ထုတ်လုပ်ခဲ့သည့်ခုနှစ်များကိုလည်း တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်လာကြကုန်သော နိုင်ငံ ခြားသား စစ်သံများအားလုံးလည်း မြင်ရရုံမျှဖြင့်သိရှိ ကြပါသည်။မည်သည့်နိုင်ငံလုပ်များဖြစ်သည်ကိုလည်း နိုင်ငံအသီးသီးမှ စစ်သားအချင်းချင်း သိရှိကြပါသည်။ ထုတ်လုပ်ခဲ့သည့်ခုနှစ်အလိုက်ခေတ်မီမှုအတိုင်းအတာ အလိုက်ဤလက်နက်ကို မည်သို့တန်ပြန်ကျော် လွှား၍ ရနိုင်သည်ကိုလည်း သိရှိကြပါသည်။

သို့သော်လည်း မိမိတွင်လည်း အဆိပ်ရှိကြောင်း ကိုပြသသည်ကတော့ မှန်ကန်သည့် လုပ်ရပ်ဖြစ်ပါ သည်။ အာရှတောဘုရင်ကျားရဲသည်ကင်းမြီးကောက် ကလေးကိုတောထဲ၌ မျက်နှာချင်းဆိုင်တွေ့လျှင် လမ်းဖယ်ပေးပါသည်။ အရွယ်ပမာဏနှင့်အင်အား သည် အရာရာတိုင်းတွင် အဓိကမဟုတ်ပါ။ အဆိပ် ရှိဖို့က အဓိကဖြစ်ပါသည်။သို့သော် ဤကင်းမြီး ကောက်သည် အိုမင်းမစွမ်းရှိလာသည့်အခါ ခေတ် သစ် ကင်းမြီးကောက်ငယ်က အစားထိုးနေရာယူပေး ရပါမည်။ လက်နက်ပစ်္စည်းသည်လည်းခေတ်မမီ တော့လျှင် ခေတ်မီလက်နက်ဖြင့် အစားထိုးရပါမည်။ ထိုအခါ ငွေ/ဘတ်ဂျက်လိုလာပါမည်။
ဤသို့ဆိုလိုက်သည့်အတွက် စာရှုသူတို့ မျက် လုံးပြူးမသွားကြပါနှင့်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရရှိပြီးစအချိန်ကတည်းက လူသား အရင်းအမြစ်ကိုသာအမာခံထား၍ရှိသည့် လက် နက်ဖြင့် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ခဲ့ပါ သည်။ ““သူ့နိုင်ငံသား သံမှုန့်စားမှ တို့ဓားတုံးမည်”” ဟူသော အဆိုမှာမြန်မာ့တပ်မတော်၏ ဆောင်ပုဒ် တစ်ခုပင်ဖြစ်ပါသည်။ တပ်မတော်သည် ပြည်ထောင် စုသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ခါ မြန်မာနိုင်ငံ၏ ရေ မြေတောတောင်အနှံ့တွင် မတိုက်ခိုက်ဘူးသောနယ် မြေမရှိပါ။

စာရှုသူတို့သတိထား၍ ကြည့်လျှင် မြ၀တီရုပ် မြင်သံကြားအစီအစဉ်မှ တပ်မတော်နေ့ ဂုဏ်ပြုပြ သသွားသော ““ကွမ်းလုံရက်-၄၀””တိုက်ပွဲဇာတ်လမ်း တွင် ဗကပများဝတ်ဆင်ထားသော ယူနီဖောင်း သည် ထို ၁၉၇၁ ခုနှစ်က အိမ်နီးချင်းနိုင်ငံကြီး၏ တပ်မတော် ယူနီဖောင်းနှင့် ၉၀ ရာခိုင်နှုန်း တူညီ နေသည်ကိုသတိပြုမိကြပါလိမ့်မည်။ သဘော ပေါက်ကြပါ။ တပ်မတော်သည် ခေတ်အဆက်ဆက် တွင်ရှိသည့် လက်နက်ဖြင့် ဗကပ/တရုတ်ဖြူ/ မူဂျာ ဟစ်/မျက်နှာဖြူ အကြံပေးများပါဝင်သော ကရင် လက်နက်ကိုင်အဖွဲ့များကို အနိုင်တိုက်ခဲ့ကြပါသည်။
သို့သော် ထိုအချိန်က ပြည်သူသည်တပ်မတော် အပေါ် အထူးသဖြင့် စစ်တိုက်နေရသည့် စစ်သား များအပေါ် ယနေ့ပစ်္စုပ်္ပန်ကာလထက်ပို၍ မုဒိတာ ပွားခဲ့ကြပါသည်။ယနေ့ဒီမိုကရေစီခေတ်တွင်မူ တပ်မတော်သားများကို အာဏာရူးများ၊ မုဒိမ်း ကောင်များ၊ ဘတ်ဂျက်အိတ်ထဲထည့်သူများအဖြစ် အစဉ်စွပ်စွဲပြောဆိုနေခဲ့ကြပါသည်။

ပြည်သူများ၏ စွပ်စွဲချက်များသည် မှန်သည်များ လည်းရှိပါသည်။ သို့သော် လုံးဝဥဿုံမှန်ကန်မနေပါ။ ပြည်သူများက မေတ်္တာခေါင်းပါးလာသောအခါ ဘာမျှမဆိုင်သောရှေ့တန်းတိုက်ခိုက်ရေးတပ်များ၏ စိတ်ဓာတ်ကို ထိခိုက်လာစေပါသည်။ စာရေးသူတို့ အရာရှိငယ်ဘ၀က ““ငါတို့အပင်ပန်းခံ၊ အသေခံကာကွယ်စောင့်ရှောက်မှ မြို့ပေါ်က လူထုဘေးရန် ကင်းမယ်””ဟူသော ခံယူချက်လုံးဝရှိခဲ့ပါသည်။ ယခုမူ ငါတို့စွန့်လွှတ်စွန့်စား အသေခံတိုက်လည်း ပြည်သူကအသိအမှတ်ပြုတာမှ မဟုတ်ဘဲဟု မြင်လာလျှင် မကောင်းပါ။

အိမ်မှ သားသမီးကို အချိန်ပြည့်အပြစ်တင်နေ ပြီးမှ ၀မ်းနည်းစိတ်ဓာတ်ကျလာသော ကလေးကို စာမေးပွဲဖြေခိုင်းပြီး စာမေးပွဲမှာဂုဏ်ထူးမပါရကောင်း လားဟုထပ်ဆင့်အပြစ်တင်သော မိဘကဲ့သို့ ပြည်သူ ကဖြစ်လာလျှင် မသင့်ပါ။ ယခုအခါ အချို့ဂျာနယ် များက ကွမ်းလုံတိုက်ပွဲကဲ့သို့သော တိုက်ပွဲကိုပင် ရက် ၄၀နှင့်ပြီးပြတ်အောင် တိုက်ခဲ့ပြီး ယခုလောက်ကိုင် နယ်မြေတိုက်ပွဲမှာ ရက် ၄၀ မကတော့ဟု ဝေဖန် ရေးသားနေကြပြန်ပါသည်။ ဝေဖန်ရေးက လွယ်ပါ သည်။ မျှတသောဝေဖန်မှုဖြစ်ဖို့တော့လိုအပ်ပါသည်။ မိမိဝေဖန်ပြောဆိုမည့် အကြောင်းအရာကိုလည်း အခြေခံမျှလောက်တော့ သိရှိရန် လိုအပ်ပါသည်။
ကွယ်လွန်သွားပြီဖြစ်သော စင်ကာပူဝန်ကြီးချုပ် လီကွမ်ယူသည် ၁၉၉၁ ခုနှစ်က ရုရှားနိုင်ငံတွင် ကွန် မြူနစ်ဝါဒကျဆုံးပြီး ရုရှားနိုင်ငံပြိုကွဲစဉ်က ““ဤမျှပညာရေးစနစ်ကောင်းမွန်ပြီး ထူးချွန်အားကစား သမားများပေါ်ထွက်ရာ နိုင်ငံသည် ပြိုလဲမှုကြာရှည် မည်မဟုတ်ပါ။ မကြာမီအချိန်အတောအတွင်းမှာပင် ကမ်္ဘာ့အင်အားကြီးအဆင့်ဝင်နိုင်ငံတစ်ခုအဖြစ်သို့ ပြန် လည်ရောက်ရှိလာလိမ့်မည်””ဟု နိမိတ်ဖတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိပညာရေးစနစ်နှင့် အားကစားအဆင့်ကို ကမ်္ဘာ့အဆင့်မဟုတ်ဘဲ အာရှအဆင့်ဖြင့် ပင် ပြန်လည်သုံးသပ်ရပါမည်။

စာရေးသူဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် အမျိုး သမီးဦးရေ ၅၁ ရာခိုင်နှုန်း အမျိုးသားဦးရေ ၄၉ ရာခိုင်နှုန်းရှိပါသည်။ အားကစားအဆင့်ဖြင့်ကြည့် လျှင် ဘောလုံး၌အမျိုးသမီးအသင်းက အောင်မြင်မှု ရာခိုင်နှုန်းတွင် အမျိုးသားအသင်းထက် သာလွန်နေ ပါသည်။ တက်္ကသိုလ်ဝင်တန်းဂုဏ်ထူးအရေအတွက် တွင်လည်း ကျောင်းသူကကျောင်းသားဦးရေထက် များပါသည်။ ကာတွန်းမီဒီယာများတွင်လည်း ဇနီးက ခင်ပွန်းကို နိုင်နေသည်များသာ ရေးဆွဲကြပါသည်။ မိဘ မေတ်္တာဖော်ကျူးရာတွင်လည်းမိခင်မေတ်္တာကို သာ ရှေ့တန်းတင်ထားပြီး ဖခင်၏ ကဏ္ဍကို မှေးမှိန် ထားပါသည်။ ယောက်ျားလေးများသည် သနပ်ခါး လိမ်း၍ နားပန်းပန်ကာလက်ကြောမတင်းဘဲ သက် သာမှုဘက် လိုက်ရန် စိတ်ဓာတ်သာရှိသူများ ယခင် ကထက်များလာပါသည်။ မေမေ့သား ပူတူတူလေး များဖြစ်လာပါသည်။ ဒါမှ ယောက်ျား အဖေ့သားများလျော့နည်း၍ လာပါသည်။ ဦးမန်ကံညွန့်၏ လွှတ် တော်တွင် တင်ပြသော အဆိုအတွက် ယောက်ျား လေးအများစုမှာ ဤအတိုင်းရှိနေကြပါသည်။ ကာတွန်းနှင့်ရုပ်ရှင်မီဒီယာများဇောင်းပေးမှုတွင် သတိ ရှိသင့်ကြပါပြီ။

မည်သို့ပင်ဆိုစေကာမူ လောက်ကိုင်နယ်မြေ တွင် ဖုန်ကြားရှင်ထ၍ ဆူပူလိုက်သဖြင့် မြန်မာ ပြည်သူလူထုအတွက် သတိဝင်ရန် အကြောင်း အချက်များစွာရရှိလိုက်ပါသည်။ စာရေးသူသည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်းက Hot News ဂျာနယ်တွင် ““စစ်အစိုးရ၊ စစ်တပ်နှင့် မြန်မာနိုင်ငံ”” ဆောင်းပါးအမှတ် (၁)နှင့် (၂)ကိုရေးသားခဲ့ဖူးပါ သည်။ တပ်မတော်မှ အရာရှိကြီး တော်တော်များ များ ဖတ်ရှုမိကြကြောင်း ပြန်လည်ကြားသိရပါသည်။ ထိုဆောင်းပါးနှစ်စောင်တွင် ရှေ့တန်းတွင်တိုက်ခိုက် နေရသည့် တပ်မတော်သားများ၏ ဘ၀ကို စာနာ နားလည်ပေးပါရန် ပြည်သူပြည်သားများကို ပန် ကြား ရေးသားခဲ့ဖူးပါသည်။ ယခုလက်ရှိဆောင်းပါးဖြင့်လည်း ပြည်သူပြည်သားများကို ဒုတိယအကြိမ် ပန်ကြားလိုက်ပါသည်။

ပြည်သူပြည်သားများသည်လည်း ဒီမိုကရေစီ ကာလ လေးနှစ်ကျော်ကို ဖြတ်သန်းခဲ့ပြီးကြပြီ ဖြစ် သဖြင့် မျက်စိပွင့်နားပွင့် အတော်ပင်ရှိနေကြပါပြီ။ ယခုလက်ရှိဆောင်းပါးသည် ပြည်သူပြည်သားများ ၏ တပ်မတော်အပေါ် အမြင်ကို ပိုမိုနားလည်မှု ကျယ်ပြန့်လာစေလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါ သည်။
 
ပစ်တိုင်းထောင်
Hot News Journal

0 comments:

Post a Comment