Wednesday, April 29, 2015

ဒုတိယစီးရီးကို ‘အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို’ လို့အမည်ပေးလိုက်တဲ့ ပိုပို


အဆိုတော်ပိုပိုက ၎င်း၏ ဒုတိယတစ်ကိုယ်တော်အခွေကို ‘အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို’ ဟု အမည်ပေးထားပြီး မေလအ တွင်း ကျရောက်မည့် (၂၅)နှစ်ပြည့်မွေးနေ့တွင် ဖြန့်ချိပေးမည် ဖြစ်ကြောင်း ပိုပိုကပြောသည်။‘‘ပိုပိုက အလွမ်းသီချင်းကြိုက် တယ်။ ပိုပို သာ ရေဒီယိုတစ်လုံး ဆိုရင် အလွမ်းသီချင်းတွေကို ပိုပြီးဖွင့်မယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ့်ကိုယ်ကိုယ်ညွှန်းပြီး ဒီနာ မည်လေးကို ပေးဖြစ်တာပါ’’ဟု ၎င်းက ပြောသည်။ဒုတိယတစ်ကိုယ်တော်အ ခွေတွင် ၎င်းကိုယ်တိုင်ရေးထား သည့် သီချင်း၁၃ပုဒ်ပါဝင်ကာ ကိုယ်ပိုင် သံစဉ်သီချင်းများဖြစ် ကြောင်း ပိုပိုကပြောသည်။

‘‘ဒီအခွေမှာ ယောက်ျားလေး တွေကြိုက်မယ့် ‘သူမအတွက်’ သီချင်းပြန်ပါမယ်။ နောက်ပြီး ယောက်ျားလေးတွေ အသည်းကွဲ လို့ အရက်သောက်တယ်ဆိုတဲ့ သီချင်းပါမယ်။ အလွမ်းသီချင်းက ခုနစ်ပုဒ်လောက်ပါမယ်’’ဟု ပိုပို က ပြောသည်။

ပထမတစ်ကိုယ်တော်အခွေ ‘ချစ်ဖူးခဲ့သမျှ’နှင့်ယှဉ်လျှင် အသံ ပိုင်းဆိုင်ရာနှင့် ဂီတပိုင်းတွင် ကွဲ ပြားမှုများတွေ့ရမည်ဖြစ်ပြီးယ ခင်အခွေထက်အရည်အသွေး ပိုင်းပို၍ ကောင်းမွန်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

ယင်းအခွေကို မတ်လ ၁၆ ရက်တွင် ကျရောက်မည့် (၂၅)နှစ် မြောက်မွေးနေ့၌ မွေးနေ့အမှတ် တရအဖြစ် ဖြန့်ချိပေးမည်ဖြစ် ကြောင်း ပိုပိုကပြောသည်။

7Day Daily

0 comments:

Post a Comment