Wednesday, April 29, 2015

ကားများကို TNLA ဆက်ကြေးကောက်၍ တပ်မတော်နှင့် တိုက်ပွဲဖြစ်

TNLA တပ်ဖွဲ့က ကွတ်ခိုင်−မူဆယ်လမ်းပိုင်းကိုပိတ်ဆို့ကာ ယာဉ်များအား ဆက်ကြေးကောက်ခံနေစဉ် (ကံသာ/မြန်မာ့ခေတ်)

ကွတ်ခိုင်-မူဆယ်လမ်း ပိုင်းကို ပိတ်ဆို့ကာ တအာင်န်း (ပလောင်) အမျိုးသား လွတ် မြောက်ရေးတပ်မတော် (TNLA) က ဆက်ကြေးငွေကောက်ခံနေ ခြင်းကြောင့် အစိုးရတပ်မတော် က တားဆီးခဲ့ပြီး တိုက်ပွဲအပြင်းအ ထန်ဖြစ်ပွားခဲ့ရာ တပ်မတော်မှ တပ်ကြပ်တစ်ဦးကျဆုံးပြီး အရာ ရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။TNLA က ဧပြီ ၂၉ ရက် နံနက် ၈ နာရီမှစတင်ကာ ယင်း လမ်းပိုင်းကို ပိတ်ဆို့ကောက်ခံ ခြင်းဖြစ်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၁၂၃)က သွားရောက် ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည် နယ်ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။‘‘ကျွန်တော်တို့ သိသိချင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သတင်းပို့တယ်။ ခလရ(၁၂၃)က လိုက်ရှင်းတယ်။ ဆက်ကြေး ကောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ အားလုံးသုံးနေရာမှာ တိုက်ပွဲဖြစ် တယ်။ တပ်မတော်သားတစ် ယောက် အသက်ပေးသွားရ တယ်’’ ဟု ဒုရဲမှူးကြီး အောင်မြတ် မိုးကပြောသည်။

အရပ်သားများ ထိခိုက်မှုမရှိ စေရန် ကွတ်ခိုင်-မူဆယ်လမ်း ပိုင်းကို နှစ်ဖက်ပိတ်လိုက်ပြီး ကား များ အ၀င်မခံတော့ဘဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲမှာ နံနက် ၉ နာရီခန့်မှ ညနေ ၅ နာရီကျော်အထိ ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

အရပ်သား ကားများကိုတားဆီး၍ ငွေကြေး တောင်းခံခြင်း မသိဘဲ တိုက်ပွဲဖြစ်ပွားသည် ကိုသာသိကြောင်း TNLA မှ ပြော ရေးဆိုခွင့်ရှိသူ တာပန်လှက ပြော သည်။

တရုတ်-မြန်မာနယ်စပ်ကုန် သွယ်ရေးတွင် မူဆယ်၊ မန္တလေး လမ်းသည် အဓိကအားထားနေရ ပြီး တစ်နေ့လျှင် ကားအစီးရေ ရှစ် ရာနှင့်တစ်ထောင်ကြား ပုံမှန်ဖြတ် သန်းနေသည်။ ဖေဖော်ဝါရီတွင် လည်း ၁၂ ဘီးယာဉ် ဗုံးခွဲခံရပြီး မတ်လတွင်လည်း လမ်းပိတ်ဆို့ မှု များ ရှိခဲ့ခြင်းကြောင့် ကုန်သည် များကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

‘‘ကားတွေ တော်တော်များ တယ်။ သူတို့က ဒီအကြောင်းတွေ မဖော်ချင်တော့ဘူးတဲ့။ သတ်နေမှာ စိုးလို့’’ ဟု ငွေ ပေးခဲ့ရသည့် ယာဉ်မောင်းတစ်ဦး၏ မိတ်ဆွေ လားရှိုးမြို့ဒေသခံတစ်ဦးက ပြောကြားသည်။

မူဆယ်−မန္တလေးလမ်းတွင် ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင် နေသူများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား နှစ်စဉ် ထောက်ပံ့ငွေများပေးရသည်။

ငွေကြေးပမာဏသည် ကား အရွယ်အစားပေါ် မူတည်၍ အ နည်းအများကွာခြားကြောင်း မူ ဆယ်မြို့မှ ဆန်ကုန်သည်တစ်ဦး ကပြောကြားသည်။

ဧရာဝတီ

0 comments:

Post a Comment