Thursday, April 9, 2015

အနုပညာရှင်တွေနဲ့ သူတို့ရဲ့ Skin Care

သင်္ကြန်ရောက်ပြီဆိုရင် ရေကစားကြမယ်၊ ကဲကြမယ်ဆိုပြီးအားခဲထားကြမှာပါ။ သင်္ကြန်ရေ ဘယ်လောက်စိုစို မဖျားနာဘူးဆိုပေမယ့် သင်္ကြန်ရေ ၊ လေ၊ နေရောင်တို့နဲ့ နာရီအတော်ကြာထိတွေ့ရင် အသားအရေပျက်စီးမှုကတော့ အနည်းနဲ့အများဖြစ်တတ်ပါတယ်။ သင်္ကြန်မှာ ပြည်သူချစ် အနုပညာရှင်တွေလည်း ပါဝင်ဆင်နွှဲကြမှာဖြစ်တဲ့အတွက် သူတို့ရောအသားအရေမပျက်စီးအောင် ဘယ်လိုကာကွယ်ကြသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

photo - awn sang facebook

အောန်ဆိုင်း

ဒီနှစ်ကျမ သင်္ကြန်မှာ အပြင်ကိုမထွက်ဘူး။ အိမ်မှာပဲနေဖြစ်မယ်။ သင်္ကြန်ဆိုရင်အရင်တုန်းက ကျမ ခရီးသွားနေတာ များတယ်။ အခုရာသီကတော့အရမ်းပူတယ်။ ဒါကြောင့် ဒီရာသီဥတုနဲ့ပတ်သတ်ပြီး ပြောချင်တာက အပြင်ထွက်မယ်ဆိုရင် Sun Cover ကိုသေချာလိမ်းဖို့လိုတယ်။ ကျမကတော့လိုးရှင်းမှာ Brand အစုံသုံးတယ်၊ လိမ်းတယ်။ အောန်ဆိုင်းအပြင်ထွက်မယ်ဆိုရင် အရင်ဆုံးမျက်နှာကို Sun Cover လိမ်းတယ်။ ပြီးရင် မျက်မှန် တပ်တယ်။ ဦးထုပ်လည်းဆောင်းတယ်။ နေလောင်ဒဏ်ကနေ အပြည့်အ၀အကာအကွယ်ယူတယ်။ နောက်ပြီး စားသောက်မှုပုံစံနဲ့ပတ်သတ်ရင် ဒီရာသီက ချွေးအရမ်းထွက်တော့ ရေများများသောက်ပေးဖို့ လိုတယ်။ အောန်ဆိုင်းက ဗီတာမင်စီပါတဲ့အသီးအနှံတွေကိုစားတယ်။ နောက်ပြီး GYM လည်းကစားတော့ အဲဒါကစားပြီးရင် ချွေးအရမ်း ထွက်တော့ သီးစုံဓာတ်ဆားကို သောက်တယ်။
ပူပြင်းတဲ့ရာသီမှာ အောန်ဆိုင်းက အစားအသောက်ကို အဓိကထားပြီးစားတယ်။ ၀ယ်စားရင်လည်း ၀ယ်စားတဲ့နေရာက သတိထားပြီး ၀ယ်စားတယ်။ အစားအသောက်ကလည်း ကျန်းမာရေးအတွက် ဒီအချိန်မှာ အရေးကြီးတယ်လေ။ အမှန်အတိုင်းပြောရင် လမ်းဘေးစာတွေတော့ မစားသင့်ဘူး။ ဒါပေမယ့်တချို့ကျတော့ နေရာအခြေအနေကို ကြည့်ပြီးစားသင့်တယ်။


photo - khin wint war facebook

ခင်ဝင့်ဝါ

ဒီနှစ်သင်္ကြန် နေပြည်တော်က ACE မဏ္ဍပ်မှာရှိပါမယ်။ သီချင်းလည်းဆိုဖြစ်မယ်ထင်တယ်။ သေချာတော့ မပြောတတ်သေးဘူး။ သင်္ကြန်မှာဆိုရင် အသားအရေမပျက်စီးအောင်လို့ ညီမက Sun Block လိမ်းတယ်။ အမြဲတမ်းလိမ်းနေကျ UV ကာကွယ်တဲ့ အသားအရေလိမ်းဆေးတွေ လိမ်းတယ်။ နေရောင်ခြည်ဒဏ်ကနေ အဓိကကာကွယ်တယ်။ Sun Block မှာ SPF 15 ပါတာကို သုံးတယ်။ ဘာတံဆိပ်ကို သုံးလဲဆိုတော့ Camella တံဆိပ်ကိုသုံးပါတယ်။ ဘော်ဒီလိုးရှင်းကတော့ Vaseline နဲ့ Camella ကိုသုံးတယ်။ တကယ်လို့ သီချင်းဆိုရမယ် နေပူထဲထွက်ရမယ်ဆိုရင် အသားအရေကို ကာကွယ်ဖို့ အ၀တ်အစားကို လုံလုံခြုံခြုံနဲ့ဦးထုပ်ဆောင်းပြီး မျက်မှန် တပ်တယ်။ ရေစိုခံတဲ့မိတ်ကပ်ကိုလိမ်းမယ်။ မိတ်ကပ်လိမ်းတာက ပုံမှန်လိမ်းနေကျအတိုင်း လိမ်းမယ်။ ရေစိုခံတာကိုလိမ်းဖြစ်မယ်ပေါ့။ နောက်တခုက ဒီနှစ်ကခါတိုင်းနှစ်တွေထက် ပိုပူတဲ့အတွက် ချွေးပိုထွက်တယ်။ ရေဓာတ်တွေ ပိုကုန်ဆုံးမယ်။ ဒါကြောင့်ဓာတ်ဆားလိုမျိုးအထုပ်လေးတွေ ဆောင်ထားပြီး သောက်စေချင်တယ်။ အပြင်ထွက်ရင်လည်း UV ပါတဲ့မိတ်ကပ်တွေ၊ လိုးရှင်းတွေလိမ်းပြီးမှ အပြင်ထွက်စေချင်တယ်။ နောက်ပြီး ဦးထုပ်၊ထီးလည်း ဆောင်စေချင်တယ်။ အစားအသောက်မှာလည်း အသီးအနှံများများစားစေချင်တယ်။ ညီမကိုယ်တိုင်လည်း အသားငါးထက် အသီးအရွက်ကို ပိုစားတယ်။ ကြိုက်လည်းကြိုက်တယ်။ အသီးအနှံမှာလည်း အရည်ရွှမ်းတဲ့အသီးအနှံကို ပိုစားတယ်။ ရေလည်း များများသောက်ဖြစ်တယ်။ ဒီနှစ်ဖက်ရှင်ကို ကိုယ်နဲ့လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးရှိမယ့် free style လေးကို လုံလုံခြုံခြုံလေးဝတ်ဖြစ်ပါမယ်။ အရောင်မှာလည်း ညီမကြိုက်တဲ့ ရွှေရောင်တို့၊ ပန်းရောင်တို့ဝတ်ဖြစ်ပါမယ်။ မြန်မာနှစ်သစ်မှာ စိတ်သစ်၊လူသစ်နဲ့ ကံကောင်းခြင်းများစွာနဲ့ အတာနှစ်ကူးသင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ရေကစားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

အားတီ

သင်္ကြန်မှာဆိုရင် ကျနော်က အ၀တ်အစားကို ၀ယ်တော့ဝယ်တယ်။ ဒါပေမယ့် သိပ်အကောင်းကြီးတွေတော့ မ၀ယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အ၀တ်အစားရော၊ ဖိနပ်ရောက သင်္ကြန်ပြီးရင် ပျက်စီးသွားတာများတယ်။ လွှင့်ပစ်လိုက်ရတာများတယ်။ ရေစိမ်တာများတော့ပျက်စီးပြီး လွင့်ပစ်ရတာလေ။ ဒီတော့ ကိုယ့်မှာ ရှိပြီးသားပဲဝတ်ဖြစ်တယ်။ လိုတာလေးနည်းနည်းပဲ ထပ်ဝယ်ပြီးဝတ်ဖြစ်တယ်။ သင်္ကြန်မှာဘယ်လိုအရောင်တွေ ၀တ်ဖြစ်မလဲဆိုရင် မနှစ်ကတော့ ကျနော်အနီရောင်ဝတ်ပြီး သွားပြီ၊ ဒီနှစ်တော့ အဖြူနဲ့အမည်း ကာလာတွေဝတ်ဖြစ်မယ်။ အခုနောက်ပိုင်း ကောင်လေးတွေလည်း ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ရင် ၀တ်တတ် စားတတ်ကြတယ်။ ဘယ်လိုဝတ်ပါလို့တောင် ကျနော်တို့ပြောစရာမလိုတော့ဘူး။ တချို့ပရိသတ်တွေဆိုရင် ကိုယ်တွေထက်တောင်ပိုဝတ်တတ်ပြီး မိုက်နေတာတွေ အများကြီးရှိတယ်။

သင်္ကြန်မှာ အသားအရေမပျက်စီးရအောင် သီချင်းမဆိုခင် Sun Block SPF 50 ပါတဲ့ Cream ကိုလိမ်းတယ်။ ဘာတံဆိပ်လဲဆိုတော့ Camella ပါ။ နောက်ပြီး မျက်လုံးကို ကာကွယ်ဖို့ နေကာမျက်မှန်တပ်ဖြစ်တယ်။ ဦးထုပ်တော့ ကျနော်မဆောင်းဖြစ်ဘူး။ မျက်မှန်မှာလည်းအဖြူနဲ့အမည်း ကာလာတွေတပ်ဖြစ်တယ်။


ယုမွန်ကျော်
ဧရာဝတီ

0 comments:

Post a Comment