Tuesday, April 28, 2015

နွေရာသီကို ဘယ်လို အန်တုကြမလဲ- နေခြည် (ဆေး-၁)


လဟာ မြန်မာပြည်သူ၊ ပြည်သား တွေ ပျော်ရွှင်ရတဲ့လတစ်လလို့ ဆိုနိုင်ပါလိမ့်မယ်။ ပိတောက်ပန်း တွေဝေဆာနေသလို အတာပွဲတော်နဲ့လည်း တစ်နှစ်တစ် ခါတိုက်ဆိုင်တဲ့လတစ်လဖြစ်လေတော့ အများသူငါပျော် ရွှင်ကြရတဲ့ လလေးတစ်လပါ။လူငယ်တွေကတော့ အ ကြိုက်တွေ့နေမှာဖြစ်ပေမယ့် ဘိုးဘိုး၊ ဘွားဘွားတွေ၊ သက်ရွယ်ကြီးသူတွေအတွက်တော့ သတိကိုလိုသည် ထက်ပိုထားရမယ့်လလို့ပဲ ရည်ညွှန်းပြောရမယ်ထင်ပါ တယ်။ အတာသင်္ကြန်ပွဲလေးလည်းပြီးရော နေပူတာ ဟာ ကြောက်ခမန်းလိလိပါလို့ စာရေးသူမြင်မိပါတယ်။ ပင်ပင်ပန်းပန်းအလုပ်လုပ်နိုင်ဖို့နေနေသာသာ၊ ဒီနား ဟိုနားလှုပ်ရှားသွားလာရင်တောင် ပတ်ဝန်းကျင်အပူ ရှိန်ကြောင့် လူလည်း နွမ်းလျနေတော့တာပါပဲ။

ဒါကြောင့် ဒီလိုအဆမတန်ပူပြင်းတဲ့နွေရာ သီကို ဘယ်လိုအန်တုကြမလဲဆိုတဲ့ ခေါင်းစည်းလေးနဲ့ အတူ နွေအပူကြောင့်ဖြစ်တတ်တဲ့ရောဂါတွေနဲ့ ဆောင် ရန်၊ ရှောင်ရန်လေးတွေကိုဒီတစ်ပတ်တော့ စာဖတ်သူ များအတွက် မျှဝေလိုက်ရပါတယ်။ နွေအပူအကြောင်း မဆက်ခင် ခန္ဓာကိုယ်အပူအကြောင်းကိုအရင်ပြောရ မှာဖြစ်ပါတယ်။

စာရေးသူတို့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ဦးနှောက် မှာရှိတဲ့ ဟိုက်ပိုသားလမက်စ်ဆိုတဲ့အင်္ဂါလေးတစ်ခုမှာရှိတဲ့ အပူချိန်ထိန်းညှိတဲ့စင်တာကနေ ပုံမှန်ထိန်းပေး လေ့ရှိပါတယ်။ ပြင်ပကရာသီနဲ့ကိုက်ညီမှုရှိပြီး ခန္ဓာကိုယ် ရဲ့ပဋိဇီဝလုပ်ငန်းတွေကို အနှောင့်အယှက်မဖြစ်ရလေ အောင်အတွက် အရေပြားကနေတစ်ဆင့် သွေးကြော လေးတွေကျယ်စေပြီး ချွေးထွက်စေတာနဲ့ အဆုတ်က နေရှူထုတ်လိုက်တဲ့လေကနေတစ်ဆင့်လည်း ခန္ဓာကိုယ် အတွင်းမှာ မြင့်တက်လာတဲ့အပူချိန်ကိုပြန်လည်လျှော့ ချပေးစေပါတယ်။ ဒီလိုလုပ်ငန်းဆောင်တာတွေဟာ အ ပူချိန်အရမ်းမြင့်တက်လာမှုနဲ့အတူ လိုက်လျောညီထွေ မဖြစ်တော့တဲ့အခါ ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ် ပေါ်လာတတ်သလဲကို ဆက်လေ့လာကြည့်ရအောင်။

စာရေးသူတို့ခန္ဓာကိုယ်အတွင်းအပူချိန်ဟာ ခံနိုင်တာထက် ပိုလာတဲ့အခါမှာ ဒါမှမဟုတ် အပူကို လက်ခံမှုံနအွေငေည ဟာ အပူကိုစွန့်ထုတ်ဆုံးရှုံးမှုံနအေူသျ ထက်ပိုလာပြီဆိုရင်ံနအှေအမသုန ဖြစ်လာပါ တယ်။ ဒီလိုံနအှေအမသုန ဖြစ်ဖို့ဆိုတာ လူတိုင်းမှာဖြစ် နိုင်တာလားဆိုတော့ အဲဒီလိုတော့ လူတိုင်းလွယ်လွယ် မဖြစ်တတ်ပါဘူး။

ဥပမာအားဖြင့်ဆိုရင် နုနယ်လွန်းတဲ့ ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာ ရှည်ဖျားနာနေသူတွေမှာပိုပြီးဒဏ်မခံနိုင်ပါဘူး။ ဒီလို လူတွေဟာ သူတို့ရဲ့အသက်အရွယ် သို့မဟုတ် ရှိရင်း စွဲရောဂါအနေအထားအရ ပတ်ဝန်းကျင်ရဲ့အပူချိန်အ ပြောင်းအလဲကိုခံနိုင်ရည်မရှိတဲ့သူတွေဖြစ်နေတတ်ပါ တယ်။ ချွေးထွက်ပြီးအပူစွန့်ထုတ်မှုကိုအနှောင့်အယှက် ဖြစ်စေတဲ့ အရေပြားရောဂါတချို့နဲ့ သောက်ဆေးတချို့ ကြောင့်လည်း အပူတွေအောင်းလာပြီးံနအှေအမသုန ကိုဖြစ်စေနိုင်ပါတယ်။ နောက်ပြီးသတိထားသင့်သူတွေ ကတော့ ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်မရှိသူတွေ Inadequate Intravascular Volume) နဲ့ နှလုံး ရောဂါအရင့်အမာCardiovascular Dysfunction ရှိသူတွေပါပဲ။

ဒါကြောင့် စာရေးသူတို့က Heat Stroke ဖြစ်နိုင်ခြေရှိသူတွေဟာ ဒီလိုပါလို့ ထောက်ပြနိုင်တာပေမယ့်လို့ အပူလှိုင်းဖြတ် ပြီး ရာသီအင်မတန်ပူတဲ့အချိန်မျိုးမှာ မူလကျန်းမာရေးလည်းချို့တဲ့တာကြောင့် ဖြစ်ရတဲ့ Classic Heat Stroke နဲ့ ရာသီပူပူကြီးမှာအား အင်သုံးပြီးအလုပ်လုပ်တာ၊ လေ့ကျင့်ခန်းပြင်း ပြင်းထန်ထန်လုပ်တာတို့ကြောင့်ဖြစ်တဲ့ Exer-tional Heat Stroke ဆိုပြီးထပ်ခွဲနိုင်တာကိုတွေ့ ရပါတယ်။ ဒါကြောင့် Exertional Heat Stroke လိုမျိုး ကိုတော့ ဥတုနဲ့လိုက်ဖက်အောင်မနေတဲ့ လူငယ်တွေ မှာ၊ သို့မဟုတ် အလုပ်ကြမ်းလုပ်ရသူတွေမှာ မူလကျန်း မာနေပေမယ့်လို့ ဖြစ်နိုင်တာကို တွေ့ရပါမယ်။

ဒါကြောင့် ဒီလိုခန္ဓာကိုယ်အပူချိန်အရမ်းမြင့် တက်ပြီး Heat Stroke ရရင် ဘယ်လိုလုပ်သင့်သလဲ။ Heat Stroke ဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအ နေတစ်ခုဖြစ်ပါတယ်။ ကိုယ်တွင်းခန္ဓာကိုယ်အပူချိန် ကို လျင်မြန်စွာချပေးရမှာဖြစ်ပြီး အပူချိန်မြင့်တက်တာ ကြောင့် ဖြစ်တဲ့ထိခိုက်မှုတွေကိုလျှော့ချစေခြင်းဟာ အ ဓိကကုထုံးတစ်မျိုးဖြစ်ပါတယ်။ Heat Stroke ဖြစ်တယ် လို့သံသယရှိတဲ့လူနာကို ဆေးရုံတစ်ခုခုကိုခေါ်သွား ပြီး အနီးကပ်စောင့်ကြည့်ကုသပေးသင့်ပါတယ်။ Heat Stroke ဖြစ်ရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်ပါသ လဲဆိုရင်တော့ -

'ခေါင်းတွေအင်မတန်ကိုက်လာမယ်၊ တစ် ကိုယ်လုံး နုံးချည့်လာမယ်၊ ပျို့ချင်၊ အန်ချင်မယ်၊ ရင် ဘတ် အောင့်မယ်၊ အရေပြားလည်းပူခြစ်ပြီးခြောက်သွေ့ နေမယ်၊ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းတွေ ရှိသင့်တာ ထက်ပိုမြန်လာမယ်'ဆိုတဲ့အချက်တွေဟာ Heat Stroke ဖြစ်နေသလားလို့ သံသယဝင်သင့်တဲ့အချက်တွေပဲ ဖြစ် ပါတယ်။ ဒီထက်အင်မတန်ဆိုးသွားရင်တော့ သွေး ပေါင်တွေကျပြီှး့သခု ဖြစ်တာ၊ တက်တာ (Convu-lsions))နဲ့ Coma ပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို အဆင့်ထိမရောက်ခင်မှာ ကုသမှုခံယူနိုင်ဖို့ဟာ အရေး ကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် စာရေးသူတို့က ကုထုံးအကြောင်းကို ပြန်လှည့်ကြရမယ်ဆိုရင် -

Heat Stroke ရရင် အဝတ်အစားကျပ်ကျပ် တွေဖြစ်နေတာ၊ အပူသားတွေဖြစ်နေတာမျိုးရှိမယ်ဆို ရင် အဝတ်အစားကို ချွတ်ပစ်သင့်ပါတယ်။ ခန္ဓာကိုယ် ပေါ်ကို ရေဖျန်းတဲ့ဘူးလေးတွေရှိရင် ရေဖျန်းပေးတာ၊ ရေခဲရေစိမ်ထားတဲ့အဝတ်စတွေနဲ့ ခန္ဓာကိုယ်ကိုအုပ် ထားပေးတာနဲ့ ဂျိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်ကို ရေခဲ ထုပ်ညှပ်ထားပေးတာစတာတွေကို ပြုလုပ်ဖို့လိုပါတယ်။ ဒီလိုအချိန်မှာလွဲတတ်တာကတော့ နဖူးပေါ်ကို ရေပတ် ဝတ်တင်ရုံလောက်နဲ့ဟာ ဆင့်ပါးစပ်ကို နှမ်းပက်သလို ဖြစ်နေပါတယ်လို့ ပြောရပါမယ်။ နဖူးကိုရေပတ်တင် တာဟာ အပူစွန့်ထုတ်မှု ဘာမှသိပ်မရှိပါဘူးလို့ပဲ ဆို ရမှာဖြစ်ပါတယ်။

တစ်ခါတလေမှာ ရေခဲရေဇလုံးထဲမှာ စိမ်ပေး ထားရလောက်အထိဖြစ်ပြီး ဒီလိုစိမ်ပေးတာဟာ ကိုယ် အပူချိန်အရမ်းတက်နေသူတွေအတွက် အင်မတန်အ ကျိုးရှိတာကိုတွေ့ရလို့ သုံးတဲ့အခါသုံးပါတယ်။ မိနစ် ၂ဝကနေ ၄ဝ လောက်အတွင်းမှာပဲ ခန္ဓာကိုယ်အပူချိန် ဟာ ၃၉ဒီဂရီ(Celsius)အောက်ကို ချပေးနိုင်ပါတယ်။

ဒါပေမဲ့ အမြဲသုံးနည်းလမ်းမဟုတ်တာကတော့ ဒွိဟ ဖြစ်စရာအချက်လေးတွေရှိနေပြီး လူနာကိုသက်သောင့် သက်သာမဖြစ်တာမို့ လုပ်သင့်မလုပ်သင့်ကို ပြန်ချင့် ချိန်ရပါမယ်။ စာရေးသူအထက်မှာဖော်ပြထားတဲ့ ရေ ဖျန်းပေးတဲ့နည်းကိုတော့ Evaporation အငွေ့ပြန် စေတဲ့နည်းအနေနဲ့သုံးလေ့ရှိပါတယ်။ ရေအရမ်းမအေး တဲ့ ပုံမှန်ရေနွေးနွေးနဲ့ကိုမကြာခဏ လူနာကိုဖျန်းပေး ရမှာဖြစ်ပြီး အားပြင်းပြင်းပန်ကာနဲ့ မှုတ်ထုတ်ပေးရပါ မယ်။ ဒီလိုမျိုးဖျန်းပေးလိုက်၊ ပန်ကာနဲ့မှုတ်ထုတ်ပေး လိုက်လုပ်ခြင်းအားဖြင့် အပူတွေကိုအငွေ့ပြန်ပြီး ကျ ဆင်းစေလာမှာဖြစ်ပါတယ်။ လူနာကိုတော့ အရင်ဆုံး အင်္ကျီချွတ်ပေးထားဖို့ မမေ့ပါနဲ့။

ဘယ်လောက်အထိအပူချိန်ကိုချပေးဖို့ဆို တာသိဖို့အတွက် ခန္ဓာကိုယ်အပူချိန် ကိုလည်း မကြာခဏတိုင်းပေးနေရမှာ ဖြစ်ပြီး Body temperature 39 De-grees Celsius ရောက်ပြီဆိုရင်တော့ ဒီလို ရေပတ်ဝတ်တွေ၊ ရေခဲတွေသုံး တာကို ပြန်ရပ်ပေးထားရပါမယ်။ ဒါ မှသာ Overshooting ခေါ်တဲ့ အ ပူချိန်မြင့်တာကိုဖြေရှင်းတာကနေ ရှိ သင့်တာထက် အပူချိန်ကျတဲ့ Hypothermia မဖြစ်တော့မှာပါ။

နောက်ထပ်ပြီးတော့လည်း လို အပ်ချက်အရ အောက်ဆီဂျင်ရှူရတာ၊ အကြောဆေးတွေသွင်းရတာနဲ့ လေ ပြွန်ကိုကာကွယ်ဖို့ Intubation လုပ် ရတာ၊ ဆီးပိုက်ထည့်ရတာ၊ နှာခေါင်း ပိုက်ထည့်ပေးရတာ စတဲ့ကုသမှုတွေ လည်း ပါနိုင်ပါတယ်။ ဒါကြောင့် ဒီလို အချိန်မီ အနီးကပ်စောင့်ကြည့်ပြီး body temperature ကိုချပေးတာဟာ နောက်ဆက်တွဲအပူများလို့ဖြစ်လာတဲ့ Multisystem Organ Failure ဆိုတဲ့ အတွင်းအင်္ဂါကလီစာတွေ အ လုပ်မလုပ်နိုင်တော့တာShut Down ဖြစ် လာတာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါ ကြောင့် စာရေးသူရဲ့ Heat Stroke ဆောင်း ပါးကိုတော့ Heat Stroke မဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲဆိုတဲ့ ခေါင်းစည်း လေးနဲ့ နိဂုံးချုပ်လိုက်ပါတော့မယ်။

- အဝတ်အစားကို အထပ်ထပ်ဝတ်တာ၊ ကျပ်ထုပ်နေ အောင်ဝတ်တာမျိုးကိုရှောင်ပါ။ အေးအေး၊ ပွပွ အင်္ကျီ မျိုးကို ဦးစားပေးရွေးချယ်ပါ။

- နေရောင်ပူပူအောက်မှာသွားရမယ်ဆိုရင် ဦးထုပ်ခပ် ကြီးကြီးဆောင်းပြီး နေကာမျက်မှန်တပ်တာ၊ SPF အ နည်းဆုံး ၁၅လောက်ပါတဲ့ Cream ကို အနည်းဆုံး နှစ် နာရီခြားတစ်ခါ ပြန်လူးပေးတာမျိုးကို ပြုလုပ်သင့်ပါတယ်။

- ရေဓာတ်ကိုပုံမှန်ဖြည့်တင်းပေးဖို့ မမေ့ပါနဲ့။ ချွေး ထွက်စရာရေဓာတ်မရှိရင် ပိုဆိုးနိုင်ပါတယ်။

- ပါကင်ထိုးထားတဲ့ကားပေါ်မှာ ဘယ်သူ့ကိုမှ အကြာ ကြီးစောင့်ခိုင်းတာ၊ ချန်ထားခဲ့တာမျိုးမလုပ်ပါနဲ့။ နေပူ ထဲမှာရပ်ထားတဲ့ကားတစ်စီးဟာ ၁ဝ မိနစ်လောက်အ တွင်းမှာပဲ အပူချိန်၂ဝဒီဂရီဖာရင်ဟိုက်အထိ မြင့်တက် လာနိုင်ပါတယ်။ တကယ်တမ်းရာသီပူလွန်းရင် နေရိပ် ထဲမှာရပ်ထားရင်တောင် ကားထဲမှာအကြာကြီးထိုင်မ နေသင့်ပါလို့အကြံပေးချင်ပါတယ်။

- အားအင်စိုက်ရမယ့်အလုပ်တွေရှိရင် အပူချိန်လျော့ နည်းချိန်ကိုရွေးချယ်ပါ။ မရွေးချယ်နိုင်ရင်တော့ နေရိပ် ထဲမှာ၊ အေးတဲ့နေရာမှာမကြာခဏရေသောက်ပြီး နား နားပေးပါ။

အားလုံးပဲကျန်းမာရွှင်လန်းကြပါစေ။

Reference – WebMD, Medscape, Mayoclinic
Yangon Media Group

0 comments:

Post a Comment