Sunday, April 5, 2015

ဘရိန်းဝပ်ရှ် လုပ်ခံထားရသူများ - Ye Moe


ဒီရက်ပိုင်း အားလုံးကို …
လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ သတင်းက …
တရုတ်နိုင်ငံသားတွေကို …
အသက်ဆုံးရှုံးသွားစေတဲ့ ဗုံးဟာ …
မြန်မာ စစ်လေယာဉ်တွေက …
ကြဲချလိုက်တဲ့ ဗုံး ဖြစ်နေပြီး …
တရုတ်နိုင်ငံကို မြန်မာက …
တရားဝင်တောင်းပန်လိုက်ရတဲ့ ဖြစ်ရပ်ပဲ …တကယ်တော့ ဒီဖြစ်စဉ်ဟာ …
ဘာမှတော့ သိပ်မထူးဆန်းလှဘူး …
နယ်စပ်မှာ တိုက်ပွဲဖြစ်တယ် …
လေယာဉ်တွေက ဗုံးဝင်ကြဲတယ် …
ဗုံးက တစ်ဘက်နိုင်ငံထဲ ကျော်ကျတယ် …
အရပ်သားတွေ သေကုန်တယ် …
ပူးတွဲ စစ်ဆေးတယ် …
ကိုယ့်ကြောင့် ဖြစ်တာ မှန်နေတယ် …
တောင်းပန်တယ် …
လျော်ကြေးပေးတယ် …
ဒါပဲ …. ဒါဘာမှအထူးအဆန်း မဟုတ်ဘူး ….
ထူးဆန်းတာက …
မြန်မာနိုင်ငံသားဆိုသူ လူတစ်ချို့ ရဲ့ 
အောက်ကလိအာ ဝေဖန်သုံးသပ်မှုတွေ ဖြစ်တယ် …
တကယ်တော့ ဒီလူတွေဟာ …
အစိုးရ မုန်းတီးရေး ကို …
တောက်လျောက် ဘရိန်းဝပ်ရှ်လုပ်ခံလာရရင်း …
ကြာလာတော့ …
အစိုးရ နဲ့  နိုင်ငံတော်နဲ့  မကွဲတော့ဘဲ …
ရောထွေးကုန်တော့တဲ့  သဘောရှိတယ် …
ယိုးဒယားနဲ့ အချေအတင် ဖြစ်တယ် …
အစိုးရကို မကြိုက်သမို့  …
အစိုးရ လုပ်သမျှ ပြက်ရယ်လိုက်ပြုရင်း …
ယိုးဒယားဘက်က ထောက်ခံသူ …
ဖြစ်မှန်းမသိ ဖြစ်လာတယ်
ဘင်္ဂလားဒေ့ရှ်နဲ့  နယ်စပ်အရေးတင်းမာတယ် …
အစိုးရကို မကြိုက်သမို့  …
အစိုးရ လုပ်သမျှ ပြက်ရယ်လိုက်ပြုရင်း …
ဘင်္ဂလားဒေ့ရှ်ဘက်က ထောက်ခံသူ …
ဖြစ်မှန်းမသိ ဖြစ်လာတယ် …
ဖုန်ကြားရှင်က ကိုးကန့် ဒေသကို ၀င်တိုက်တယ် …
အစိုးရကို မကြိုက်သမို့  …
အစိုးရ လုပ်သမျှ ပြက်ရယ်လိုက်ပြုရင်း …
ဖုန်ကြားရှင် ဘက်က ထောက်ခံသူ …
ဖြစ်မှန်းမသိ ဖြစ်လာတယ် …
တဆက်တည်းမှာပဲ …
တရုတ်နဲ့  ပြသနာတက်တယ် ….
အစိုးရကို မကြိုက်သမို့  …
အစိုးရ လုပ်သမျှ ပြက်ရယ်လိုက်ပြုရင်း …
တရုတ်ဘက်က ထောက်ခံသူ …
ဖြစ်မှန်းမသိ ဖြစ်လာတယ် …
လက်ရှိ တရုတ်ဖြစ်စဉ်မှာ …
ကိုယ့်ဘက်က အစိုးရတာဝန်ရှိသူတွေဟာ …
စကားကျွံပြီး ..
ဒါ ကျွန်တော်တို့ ဘက်က လုပ်တာမဟုတ်ဘူးလို့  …
အပြတ်ပြောခဲ့မိတယ် …
ခက်တော့ခက်တယ် …
အသံထက်မြန်တဲ့  နူန်းနဲ့ မောင်းလာတဲ့  …
ဗုံးကြဲလေယာဉ်တစ်စီးက …
နယ်စပ်မျဉ်းမှာ ခံစစ်ဆင်နေတဲ့  ရန်သူ့ စခန်းကို …
ဗုံးကြဲရတဲ့  အလုပ်ဟာ …
လွယ်တဲ့ အလုပ်မဟုတ်တာတော့ သေချာတယ် …
ကျွန်တော်တို့ လေတပ်ဟာ …
Fire & Forget ပစ်ပြီးမေ့လိုက်လို့  ရတဲ့  …
Smart ဗုံးတွေကို မသုံးနိုင်သေးဘူး ….
ပိုင်းလော့ကပဲ ချိန်ဆတွက်ချက်ပြီး …
ဗုံးကို ကြဲချရချိန်မှာ …
ကိုယ်ကြဲလိုက်တဲ့ ဗုံးဟာ …
အရှိန်လွန်ပြီး တရုတ်ပြည်ထဲရောက်သွားမှန်း …
ဗုံးကြဲလေယာဉ်ရဲ့ ပိုင်းလော့ကိုယ်တိုင်တောင် …
သိဖို့ မလွယ်လှဘူးလို့  တွေးမိတယ် …
ဘာပဲဖြစ်ဖြစ် …
ကိုယ့်ဆီက အစိုးရလူကြီးတွေက …
စကားကျွံခဲ့ပြီ …
နောင် ဒါကို သူတို့ အနေနဲ့ လဲ …
သင်ခန်းစာယူမယ်လို့  မျှော်လင့်မိတယ် …
တရုတ်ကလဲ ..
ဒီစကားကျွံတာကို ဘာမှ ထည့်မပြောဘဲ …
မသိချင်ယောင်ဆောင်နေတယ် ….
ခက်တာက ….
ကိုယ့်ဆီက ….
အစိုးရမုန်းတီးရေး အစွန်းရောက်အုပ်စုတွေပဲ …
အစိုးရတော့ ကွဲပဟ ဆိုပြီး ..
ဝမ်းသာအားရ …
ဝိုင်းပြီးလှောင်ပြောင်သရော်ကြ …
ဆဲကြ ဆိုကြ …
ဟားတိုက်ရယ်ကြ …
တဖြည်းဖြည်း နဲ့  ဘေးက ကြည့်နေသူတွေမှာ …
ဒီလူတွေရဲ့ လုပ်ရပ်ကို …
စိတ်မသက်မသာ ဖြစ်လာရတယ် …
တစ်ခါတစ်လေ …
စဉ်းစားရင်း စဉ်းစားရင်း …
ဒီလူတွေ ဘာဖြစ်ချင်နေမှန်းကို မသိတော့ဘူး…
ခြောက်ပြစ်ကင်းသဲလဲစင်ကောင်းတဲ့ …
အစိုးရတစ်ရပ်ဆိုတာ …
ဘယ်တိုင်းပြည်မှာမှ မရှိနိုင်ဘူး…
လက်ရှိ အစိုးရဟာ …
အားနည်းချက်တွေ ..
ချို့ ယွင်းချက်တွေ အများကြီးရှိတယ် …
လစ်ဟာနေတဲ့ အချက်တွေလဲ အများကြီးပဲ ….
သို့ သော် တစ်ချို့  အကြောင်းအရာတွေကျတော့ …
သူ့ နေရာမှာ ဘယ်သူပဲ တက်တက် …
ဒီလိုပဲ ဖြေရှင်းရမှာပဲ …
သူတို့ လုပ်တာ မှန်နေတဲ့  အချက်တွေလဲ ..
အများကြီး ရှိနေတာပဲ ….
ဒါပေမယ့် …
အစိုးရ ဘာလုပ်လုပ် ထိုင်ဆဲရင်း ထိုင်ဆဲရင်းနဲ့  …
နောက်ဆုံးမှာ …
ကိုယ့်ကိုယ်ကို ...
တိုင်းပြည်အတွက်လို့ ထင်နေပေမယ့် …
ကိုယ်လုပ်ရပ်ဟာ …
တဖြည်းဖြည်းနဲ့  တိုင်းပြည်အဖျက် ဖြစ်လာမှန်း …
မရိပ်စားမိဘူး ဖြစ်လာကြတယ် …
ပြည်တွင်း ပြသနာတွေမှာ …
ကန့် လန့် လိုက်တိုက်ခြင်းဟာ …
ဘာမှ ပြသနာ သိပ်မရှိလှပေမယ့် …
နိုင်ငံခြားတိုင်းပြည်တွေနဲ့  ဖြစ်တဲ့ ပြသနာတွေမှာပါ …
တစ်ချိန်လုံး လိုက်ကန့် လန့် တိုက်နေတာကတော့ …
အတော့်ကို မျက်စိ စပါးမွှေးစူးလာရတယ် …
ဟိုးအရင်တုန်းက …
ယိုးဒယားဆို ဘယ်လို ဘယ်ညာ နဲ့  …
မဟာချီးမွမ်းခန်း ဖွင့်လာခဲ့တာ …
ယိုးဒယားက စစ်အာဏာသိမ်းပြီး …
အပြတ်ကိုင်ထုတ်တော့ …
ဘာဆက်ပြောရမှန်း မသိတော့ဘဲ …
အတော်ဂွကျ ကုန်တယ် …
စင်္ကာပူမှာ လေ …
သားတို့ စင်္ကာပူမှာ လေ …
သမီးတို့  စင်္ကာပူမှာ လေနဲ့  …
ဟို ၁၆ နှစ်ကလေးက …
မုဗွီဖိုင်လေး တစ်ခုတင်မိပါတယ် ..
ချက်ချင်းဆွဲစိတော့ …
ငါ့လခွီး အတော်နောက်တဲ့ စင်္ကာပူ အစိုးရလို့  …
စိတ်ထဲက ကြိတ်ဆဲကြတယ် …
အပြင်မှာတော့ …
ဖေ့စ်ဘုတ်ပေါ်တောင် …
စတေးတပ်စ် တစ်ခု မတင်ရဲဘူး…
လီရှန်လွန်း သက်တော်ရာကျော်ရှည်ပါစေ …
ထိုင်ကြွေးကြော်နေကြတယ် ….
မင်းတို့ တရုတ်ကို တိုက်ရဲလား ..
ဝ ကို တိုက်ရဲလား နဲ့  …
တစ်ချိန်လုံး ပျော်ပျော်ကြီး ကလိလာခဲ့တာ …
ကိုးကန့် ပြသနာလဲတက် …
ဝကို တပ်က အပြတ်ခေါ်သတိပေး …
နယ်စပ်မျဉ်းမှာပဲ ဗုံးတွေဝင်ကြဲ …
အမြောက်တွေနဲ့ တစ်ချိန်လုံးပစ် …
ဆော်ပလော် တီးပြစ်တယ် ….
တစ်ဖက်နိုင်ငံ ဗုံး ကျော်ကျလို့  ….
တရုတ်လေယာဉ်တွေ လွှတ်လိုက်တယ်လဲဆိုရော …
မင်းတို့ တရုတ်ကို တိုက်လို့ နိုင်မလားဟ …
ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲဟ …
မင်းတို့ လက်နက်တွေက အစုတ်တွေဟ …
ဘယ်လို ဘယ်ချမ်းသာ ဖြစ်ကုန်တယ် …
ရှေ့ တန်းမှာ စစ်တိုက်နေတဲ့ တပ်တွေကို ...
ပြည်သူတွေက ...
အလှူငွေနဲ့  စားစရာတွေ ၀ိုင်းပို့ ကြတော့ ...
နေ၀န်းနီ ပရိုဖိုင်တွေ ချိန်းကြတော့ ...
နေ၀န်းနီ တံဆိပ်က ကြက်ဥကြော်နဲ့  တူတယ်တို့  ...
ကျဆုံးစစ်သည်ကို အကြောင်းပြု မျက်ရည်ချူ တယ်တို့  ...
တပ်မတော်က အဲလောက်မွဲနေလား ...
အလှူ ခံရတဲ့  အနေအထားရောက်နေလားတို့  ...
စသဖြင့် စသဖြင့် ...
ဂဏန်း အကောင်တစ်သိန်းအားနဲ့  ...
ကန့် လန့် ထတိုက် ပြန်တယ် ....
ဒီ ဥပမာတွေလောက်ဆိုရင်ကို …
ခင်ဗျားတို့  အနေနဲ့ ...
ကိုယ့်အခြေအနေကိုယ် သိသင့်တယ် …
တကယ်တန်းကတော့ …
ဘရိန်းဝပ်ရှ် လုပ်ခံခဲ့ရသူတွေဟာ …
ခင်ဗျားတို့ သာ ဖြစ်ခဲ့တယ် … ။ ။

( ရဲမိုး )
Credit>>Ye Moe

0 comments:

Post a Comment