Saturday, April 11, 2015

အရက် အလွန်အကျွံ သောက်သုံးခြင်းဟာ ဦးနှောက်ကို ထိခိုက်နိုင်ပြီး DNA ကို ပြောင်းလဲစေနိုင်


ဆယ်ကျော်သက် အရွယ်မှာ အရက်သေစာ သောက်စား ပျော်ပါးခြင်းဟာ အရွယ်ရောက်လာတဲ့အခါ ဦးနှောက်ကို ကြာရှည်စွာ ထိခိုက်နိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက သတိပေးလိုက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းဟာ ငယ်ရွယ်သူတွေအတွက် ဦးနှောက်ကို ထိခိုက်နိုင်ပြီး DNA ကိုလည်း အမြဲတမ်းအတွက် ပြောင်းလဲသွားစေနိုင်တာ ကြောင့်ပဲဖြစ်ပါတယ်။ထိုရလဒ်ရဲ့ နောက်ဆက်တွဲ အဖြစ်ကတော့ ဆယ်ကျော်သက်တွေကို စိုးရိမ်မှုတွေနဲ့ ကယောင်ခြောက်ခြား ဖြစ်စေတတ်ခြင်းအပြင် အရက်ကိုလည်း စွဲလန်းသွားစေတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်တာကို ထိုလေ့လာမှုက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အရက်ဟာ ဦးနှောက်ထဲက ဗီဇတွေကို ပြောင်းလဲလိုက်ပြီး ကွဲပြား ခြားနားတဲ့ အပြုအမူတွေကို ဖြစ်ပေါ် စေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒါပေမယ့် သူတို့ပြန်လည်တွေ့ရှိခဲ့တဲ့ ကုထုံးကတော့ ကင်ဆာရောဂါ အတွက် သောက်သုံးရတဲ့ ဆေးဝါးတွေက သာ ထိုဦးနှောက်ထိခိုက်မှုတွေကို သက်သာစေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ထိုလေ့လာမှုကိုတော့ University of Illinois College of Medicine က ပရော်ဖက်ဆာ Subhash Pandey က ဦးဆောင်လေ့လာခဲ့တာပဲဖြစ်ပါတယ်။

Ref:dailymail.co.uk
Trend Myanmar

0 comments:

Post a Comment