Monday, April 6, 2015

သင်္ကြန်မတိုင်ခင် ရိပ်သာဝင်နေတဲ့ ခင်ဝင့်ဝါ


ယခုနှစ် သင်္ကြန်မတိုင်မီ အနုပညာအလုပ်များ လက်ခံမ ထားဘဲ အောင်ဇမ္ဗူတောရ ကျောင်းတိုက်တွင် ဧပြီ ၆ မှ ၉ ရက်အထိ တရားစခန်းဝင်နေကြောင်း အလှမယ် ခင်ဝင့်ဝါ၏ မိခင်က ပြောသည်။

‘‘သင်္ကြန်ကို တရားစခန်းဝင် ဖို့ ပြီးခဲ့တဲ့ နှစ်ကတည်းက စီစဉ်ခဲ့ တာ။ ဒါပေမဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်နေတာနဲ့ မ၀င်ဖြစ်လိုက်ဘူး။ အဲဒါကြောင့် ခုရက်ကို အလုပ်နား ပြီး တရားစခန်းဝင်ဖြစ်တာ’’ဟု ၎င်းက ပြောသည်။ခင်ဝင့်ဝါ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်လည်း ဧပြီ ၆ ရက် နေ့လယ်က ‘‘၀င့်ဝါသင်္ကြန်မတိုင် ခင် ရိပ်သာဝင်ပါမည်။ အခုရိပ် သာဝင်ရန် ရိပ်သာသို့ သွားနေပါ သည်။ ဒီရက်ပိုင်းဝင့်ဝါ Facebook မသုံးဖြစ်ရင် ၀င့်ဝါကို မေ့မသွားနဲ့ ဦးနော်။ ချစ်ပရိသတ်ကြီး အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ လို အင်ဆန္ဒအားလုံး ပြည့်ဝကြပါစေ ရှင့်’’ဟု ရေးသား၍ တင်ထား သည်။ယခုနှစ် သင်္ကြန်ဖြတ်သန်းမှု အနေဖြင့် နေပြည်တော် ACE မဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအ စဉ်များ တင်ဆက်ပေးမည်ဟု ခင်ဝင့်ဝါ၏ မိခင်က ပြောသည်။

7Day Daily

0 comments:

Post a Comment