Monday, April 6, 2015

အရေးပေါ်သွေးလို နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သွေးလှူဒါန်းခဲ့တဲ့ အေးမြတ်သူ





အေးမြတ်သူက ကွမ်းလုံမြို့ကို ဒုတိယအကြိမ် ၁ပတ်ကြာ ထပ်မံ သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်ပြည် သူတွေကို စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့သလို အရေးပေါ် သွေးလိုနေ တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအတွက်လည်း သွေးလှူဒါန်း ခဲ့ကြောင်း ပြောပါတယ်။ သွေးလှူ ဒါန်းဖြစ်ခဲ့ပုံကို အေးမြတ်သူက "အဲဒီမှာသွေးမေတ္တာပရဟိတ အသင်းရှိတော့ ဆေးရုံက အရေး ပေါ် သွေးလိုတယ်ဆိုတာနဲ့ လှူဖြစ် သွားတာပါ။ ကောင်မလေးက ကိုယ် ဝန်ရှိတယ်။ သွေးက အရေးပေါ် လိုနေတာနဲ့ လှူလိုက်တာပါ။ ပထမဆုံး အကြိမ်သွေးလှူဖြစ် တာပါ။ ကြည်နူးတယ်။ သွေးက ဒုတ်ဒုတ်နဲ့ဆင်းနေတာ မြန် တယ်။ သွေးအား ကောင်း တယ်လို့ပြောတယ်။ အဲဒါကို ကြည့်ပြီး ပီတိဖြစ်တယ်။ ကိုယ့်သွေးနဲ့လူတစ် ယောက် အသက်ရှင်နိုင်တယ်။ ပိုပြီး ကုသိုလ်ကံကောင်းတယ် ဆိုရင် ဗိုက်ထဲက
ကလေးလေးပါ ဆက်ကယ်လို့ရမယ်လို့ မျှော်လင့်မိတယ်။ အခုလို သွားတာကလည်း သူတို့တွေဘာလိုအပ်မလဲ လိုအပ်တာ တွေကို တတ်နိုင်သလောက်အခုလို ဖြည့်ဆည်းဖို့ အ တွက်သွားတာပါ" လို့ ပြော ပါတယ်။ ကွမ်လုံမှာ ရောက် ရှိနေကြတဲ့ ဝေဠုကျော်နဲ့ အေးမြတ်သူတို့က တိုက်ပွဲဖြစ် နေတဲ့နေရာက သူတွေကို ကူညီကယ်ဆယ်ဆောင်ရွက်ရင်း အသက်ပေးဆပ်ခဲ့တဲ့ ကြက်ခြေနီ ကိုမိုးကျော်သန်းရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို နွေးနွေးထွေးထွေးနဲ့ သွား ရောက်အားပေးခဲ့ကြပါတယ်။
"မတ်လ ၂၆ရက်မှာ သူအခြေ အနေမကောင်းဘူးဆိုတာကြား တယ်။ ၂၇ရက်နေ့မှာ ဆုံးသွားတာ သေချာ သွားပြီ။ သူ့မိသားစုဆီကို ဒီသတင်း မရောက်ဘူး။ ဖုန်းတွေ လည်းမရှိဘူး။ ကိုယ်တွေသိလို့သွားပြောတော့ နေ့လည် ၂နာရီတောင်ရှိနေပြီ။ အသုဘချဖို့ အားလုံးစီစဉ်ပြီးမှ သူတို့အိမ်ကို သွား ကြတယ်။ ကလေးတွေကတော့ ကိုယ် တွေလာတော့ပျော်နေတာပေါ့။ နောက်မှပြောပြတော့ ငိုကြတယ်။ သူ တို့ အတွက်က ဒီတစ်ယောက်ပဲ အား ကိုး စရာရှိတယ်။ အဖေတစ်ယောက် အနေနဲ့ရော၊ အိမ်ထောင်ဦးစီးတစ်
ယောက်အနေနဲ့ရော အားလုံးက သူ့ ကိုပဲ အားကိုးနေကြရတာ။ သူတို့ အတွက်ကတော့ ရွှေတောင်ကြီးပြို သွားသလိုပဲပေါ့။ ကလေးတွေက လူ မမယ်ကျောင်းသားအရွယ်တွေပဲ။ အလုပ်ထွက်လုပ်ရလောက်အောင် အသက်အရွယ်လည်း မဟုတ်ဘူး။ သူတို့အတွက် သနားတယ်။ ကလေး တွေက ငိုတော့ကိုယ်လည်း မခံစား နိုင်တော့ဘူး" လို့ ကြေကွဲဝမ်းနည်းခဲ့ ရကြောင်း ပြောပြပါတယ်။


ခိုင်ဝေလွင်
Popular Journal

0 comments:

Post a Comment