Thursday, December 5, 2019

မော်တော်ယာဉ်များမှ Battery ၁၁ လုံး ခိုးယူသူအား ဖမ်းဆီးရမိ

Image may contain: one or more people and people standing

ရန်ကုန်မြို့၌ ညအိပ်ရပ်နားထားသည့် Car Battery (၁၁)လုံး ခိုးယူသူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၂၇)ရက်နေ့ (၁၃းဝဝ)အချိန်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် Car Battery အိုးများဖြုတ်၍ ခိုးယူရောင်းချနေကြောင်း သတင်းရရှိချက်ဖြင့် မြင့်သိန်းအား (၂)ရပ်ကွက်၊ သုဓမ္မာလမ်း၌ TOYO 12V 120 Ah အမျိုးအစား Car Battery (၂)လုံးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါ Battery များအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေး၌ ညအိပ်ရပ်နားထားသည့် ဒိုင်နာယာဉ်(၁)စီးမှ ဖြုတ်၌ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသူ မြင့်သိန်းအား အခြားခိုးမှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးဘေး၌ ည အိပ်ရပ်နားထားသော ကား(၆)စီးမှ GS N70L အမျိုးအစား Battery (၁)လုံး၊ GS NS100L အမျိုးအစား Battery (၁)လုံး၊ Tuflang HG II 130 F51 အမျိုးအစား Battery (၂)လုံး၊ 3K N 70 12V 70Ah အမျိုးအစား Battery (၂)လုံး၊ TOYO N.70 အမျိုးအစား Battery (၁)လုံး၊ TOYO N.100 အမျိုးအစား Battery (၁)လုံး၊ HITACHI N.120 အမျိုးအစား Battery (၂)လုံး၊ 3I-3686 ADDO အမျိုးအစား Battery (၁)လုံး၊ စုစုပေါင်း Car Battery (၁၁)လုံးကို ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မြင့်သိန်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုင်ရှင်များအနေဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။
<zawgyi>
မော်တော်ယာဉ်များမှ Battery ၁၁ လုံး ခိုးယူသူအား ဖမ်းဆီးရမိ
Thursday, December 5 , 2019

#Myanmar_Online_News #YangonPolice

0 comments:

Post a Comment