Thursday, December 5, 2019

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ၁၂ ဘီးယာဉ်နှင့် ၂၂ ဘီးယာဉ် တိုက်မှုဖြစ်ပွား

Image may contain: sky and outdoor

ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၀၂/၂ နှင့် ၃ အကြား ရင်းတိုက်ကုန်း သံလမ်းဂုံးအနီး လမ်းအကွေ့၌ ယနေ့ နံနက် ၇ နာရီက ၁၂ ဘီးယာဉ်နှင့် ၂၂ ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် နှစ်ဖက်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထိခိုက်ဒဏ်ရာမရှိကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုကြောင့် ၁၂ဘီးယာဉ်မှာ ယာဉ်ဦးခေါင်းပိုင်း ကြေမွပျက်စီး၍ ၂၂ဘီးတွဲယာဉ်၏ ယာဉ်ဦးခေါင်းပိုင်း ဝဲဘက်ခြမ်း ပျက်စီးခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဇော်မျိုးအောင် (၂၆)နှစ် ချောင်းပတ်ရွာ တံတားဦးမြို့နယ် မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကိုထက်ထက် (၂၂)နှစ်(လိပ်စာတူ)တို့လိုက်ပါလာသော ယာဉ်အမှတ်3B/-----NISSAN DIESEL အမျိုးအစား အပြာရောင် ၁၂ ဘီးယာဉ်သည် ရှေ့မှမောင်းနှင်နေသော 4M/-------အဖြူရောင် ၂၂ဘီး ဆီဘောက်ဆာ ယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ လမ်းမှန်အတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မျိုးသူရဇော် (၂၇)နှစ် အေးမြသီတာရပ်ကွက် ကျောက်တန်းမြို့ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော 1N/------SCANIA အမျိုးအစားလိမ္မော်ရောင် ၂၂ဘီးတွဲယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်းမှ ယာဉ်မောင်းဇော်မျိုးအောင်အား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
<zawgyi>
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ၁၂ ဘီးယာဉ်နှင့် ၂၂ ဘီးယာဉ် တိုက်မှုဖြစ်ပွား
Thursday, December 5 , 2019

0 comments:

Post a Comment