အခမ်းအနားတွင် စစ်တက္ကသိုလ်ဗိုလ်လောင်းအပါတ်စဉ် (၁၅)မှ ဒုတိယသမ္မတ သရေစည်သူ ဦးမြင့်ဆွေမှ ပေးပို့လာသော ကန်တော့ပန်းဆင်စာလွှာအား စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအပတ် စဉ် (၁၅)မှ ကျောင်းဆင်းအရာရှိ ဦးဇော်ဝင်းက ဖတ်ကြားတင်ပြခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပါတ်စဉ် (၁၉)မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏ ကန်တော့ပန်းဆင်စာလွှာအား ကိုယ်တိုင်ဖတ်ကြားတင်ပြခဲ့ပါသည်။
ထို့နောက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးတို့အား ရှိခိုးကန်တော့ခြင်းအား စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ်(၁၅) ၊(၁၆)၊(၁၇)၊(၁၈)နှင့် (၁၉) ကျောင်းဆင်းအရာရှိများကိုယ်စား စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ် (၁၅)မှ ကျောင်းဆင်းအရာရှိ ဦးမြင့်သိန်းမှ ကန်တော့ပန်းဆင် ကန်တော့ချိုးဖြင့် ရှိခိုးကန့်တော့ခဲ့ကြပြီး ကန်တော့ခံဆရာကြီး/ဆရာမကြီးများကိုယ်စားဗိုလ်ချုပ်မောင်ညို (ငြိမ်း)က သြဝါဒစကား မြွက်ကြားခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ်(၁၅) ၊(၁၆)၊(၁၇)၊(၁၈)နှင့် (၁၉) ကျောင်းဆင်းအရာရှိများက ကန်တော့ခံဆရာကြီး/ဆရာမကြီးများတပြိုင်နက်ဂါရဝပြုကန်တော့ပစ္စည်းများကို လက်ရောက်ပေးအပ်ကန်တော့ခဲ့ကြပြီး ကန်တော့ခံဆရာကြီး/ဆရာ မကြီးများနှင့် စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ်(၁၅) ၊(၁၆)၊ (၁၇)၊(၁၈)နှင့် (၁၉) ကျောင်းဆင်းအရာရှိက အပတ်စဉ်အလိုက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ကန်တော့ခံဆရာကြီး/ဆရာမကြီးများကို နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။
Source- USDP #Myanmar_Online_News
<zawgyi>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၁၅)၊(၁၆)၊(၁၇)၊(၁၈)နှင့် (၁၉) တို့၏ ပ ဉ္ဓမအကြိမ်အာစရိယပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ဂါရဝပြု
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်ရှိ တပ်မတော်ဓမ္မာရုံတွင်ကျင်းပပြုလုပ်သည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၁၅)၊(၁၆)၊(၁၇)၊(၁၈)နှင့် (၁၉) တို့၏ ပ ဉ္ဓမအကြိမ်အာစရိယပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် စစ်တက္ကသိုလ်ဗိုလ်လောင်းအပါတ်စဉ် (၁၅)မှ ဒုတိယသမ္မတ သရေစည်သူ ဦးမြင့်ဆွေမှ ပေးပို့လာသော ကန်တော့ပန်းဆင်စာလွှာအား စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအပတ် စဉ် (၁၅)မှ ကျောင်းဆင်းအရာရှိ ဦးဇော်ဝင်းက ဖတ်ကြားတင်ပြခဲ့ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပါတ်စဉ် (၁၉)မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏ ကန်တော့ပန်းဆင်စာလွှာအား ကိုယ်တိုင်ဖတ်ကြားတင်ပြခဲ့ပါသည်။
ထို့နောက် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးတို့အား ရှိခိုးကန်တော့ခြင်းအား စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ်(၁၅) ၊(၁၆)၊(၁၇)၊(၁၈)နှင့် (၁၉) ကျောင်းဆင်းအရာရှိများကိုယ်စား စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ် (၁၅)မှ ကျောင်းဆင်းအရာရှိ ဦးမြင့်သိန်းမှ ကန်တော့ပန်းဆင် ကန်တော့ချိုးဖြင့် ရှိခိုးကန့်တော့ခဲ့ကြပြီး ကန်တော့ခံဆရာကြီး/ဆရာမကြီးများကိုယ်စားဗိုလ်ချုပ်မောင်ညို (ငြိမ်း)က သြဝါဒစကား မြွက်ကြားခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ်(၁၅) ၊(၁၆)၊(၁၇)၊(၁၈)နှင့် (၁၉) ကျောင်းဆင်းအရာရှိများက ကန်တော့ခံဆရာကြီး/ဆရာမကြီးများတပြိုင်နက်ဂါရဝပြုကန်တော့ပစ္စည်းများကို လက်ရောက်ပေးအပ်ကန်တော့ခဲ့ကြပြီး ကန်တော့ခံဆရာကြီး/ဆရာ မကြီးများနှင့် စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ်(၁၅) ၊(၁၆)၊ (၁၇)၊(၁၈)နှင့် (၁၉) ကျောင်းဆင်းအရာရှိက အပတ်စဉ်အလိုက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ကန်တော့ခံဆရာကြီး/ဆရာမကြီးများကို နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။
Source- USDP #Myanmar_Online_News
0 comments:
Post a Comment