Friday, December 27, 2019

ချင်းအမတ် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ဆို

Image may contain: 1 person, standing and sitting

ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းသေဆုံး သွားကြောင်း AA က ထုတ်ပြန်ခြင်းကြောင့် နှစ်လနီးပါးကြာ ဖမ်းဆီးခံထားရသည့် ချင်းပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၏အသက် အန္တရာယ်ကိုလည်း စိုးရိမ်မိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန် က ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကျင်းပရန် ကြိုးပမ်း သည်ဆိုကာ ဘူးသီးတောင် NLD ဥက္ကဋ္ဌကို AA က ဒီဇင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးခဲ့ပြီး AA ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့သည်။
‘‘ချင်းလူ့အခွင့်အရေးအဖွဲ့ အစည်းအနေနဲ့ မနေ့ကခရစ္စမတ် နေ့မှာ သူတို့ထုတ်ပြန်တာတွေ့ရ တယ်။ တကယ်စိုးရိမ်ရပါတယ်။ ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်’’ ဟု ဆလိုင်းလျန်က ပြော သည်။
ထောက်ခံပွဲ မလုပ်ဖြစ်၍ ဦးရဲသိန်းကို ပြန်လွှတ်ပေးသင့်ပြီး ဆက်လက်ထိန်းသိမ်းထားခြင်း ကြောင့် ဦးရဲသိန်းသေဆုံးခဲ့ရ သည့်အခြေအနေ ဖြစ်ပေါ်လာ ခြင်းဖြစ်ကာ ထိုသို့ထိန်းသိမ်းထားစဉ် သေဆုံးခဲ့မှုသည်လည်း AA အတွက်မကောင်းကြောင်း ဆ လိုင်းလျန်က ပြောသည်။
လက်ရှိတွင် လူမှုကွန်ရက်၌ ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ် ပေးရန် တောင်းဆိုသည့်လှုပ်ရှားမှု လုပ်ဆောင်နေသကဲ့သို့ AA ကို စကားပြောဆိုနိုင်သည့် အဖွဲ့အစည်းကို ဆက်သွယ်၍ ဦးဝှေ့တင်း လွတ်မြောက်ရေး ကြိုးပမ်းနေ ကြောင်း ဆလိုင်းလျန်ကပြော သည်။ ဦးဝှေ့တင်းသည် AA က နိုဝင်ဘာ ၃ ရက်ကတည်းက ဖမ်းဆီးထား ခြင်းဖြစ်သည်။
Source- 7day #Myanmar_Online_News

<zawgyi>

0 comments:

Post a Comment