Wednesday, December 4, 2019

ကလေးမြို့နယ်အတွင်း ဆိုင်ကယ် ၃၇ စီးနှင့်အတူ ဆိုင်ကယ်များ ခိုးယူနေသည့် လူတစ်စုကို ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ဆိုင်ကယ်များ လိုက်လံခိုးယူနေသည့် မုံရွာမြို့နယ် ကံကြီးကျေးရွာတွင် နေထိုင်သည့် လူတစ်စု ကို ဆိုင်ကယ် (၃၇)စီးနှင့် အတူဖမ်းဆီးရမိခဲ့ကြောင်း ကလေး မြို့မရဲစခန်းမှ သိရသည်။

ဆိုင်ကယ်ခိုးယူ သူများမှာ မုံရွာမြို့နယ်၊ကံကြီးကျေးရွာနေ ကိုကျော်စိုးသန်း(၁၉)နှစ် ၊ ကိုကောင်းထက်ဇော် (၂၅)နှစ်၊ ကိုထွန်းထွန်း (၃၉)နှစ် ၊ကိုဇော်ထွေး (၂၁)နှစ်နှင့် ကိုနိုင်လင်း (၂၃) နှစ်တို့ ၅ဦး တို့ဖြစ်ပြီး ကလေးမြို့နယ် လက်ပံချောင်းကျေးရွာ အတွင်းရှိ လူနေအိမ်တစ်အိမ်မှ အိန္ဒိယ နိုင်ငံထုတ် ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နေ့တွင် ၎င်းတို့အနက်မှ ကိုကျော်စိုးသန်း ကို စတင်ဖမ်းဆီးခဲ့နိုင်ခဲ့သည်။
၎င်းမှ တစ်ဆင့် ကျန်သူများကို ဆက်လက်ဖမ်းဆီးပြီး ၎င်းတို့၏ ပြောပြချက်အရ ကလေးမြို့နယ် အတွင်းမှ ခိုးယူခဲ့သည့် ဆိုင်ကယ်(၃၇)စီး ကို မုံရွာမြို့နယ် ကံကြီးကျေးရွာတွင် ပြန်လည် ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် လိုက်လံစုံစမ်းခဲ့ရာမှ မုံရွာမြို့နယ်ရှိ လှည်းတန်းရွာသစ်၊ ကံကြီးကျေးရွာ၊ ညောင်ခြေထောက်ကျေးရွာ၊ အလုံမြို့၊ မရိုးတောကျေးရွာ ၊ဘုံကျောင်းတောင်ရွာ စသည့် နေရာများတွင် လိုက်လံရောင်းချထားသည့် ခိုးယူခံခဲ့ရသည့် ဆိုင်ကယ် (၃၇)စီး ကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည် ဟု ကလေးမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
"လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီးရင် ဆိုင်ကယ်တွေကို ပိုင်ရှင်တွေထံ ပြန်ပေးမှာပါ" ဟုလည်း ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
<<Zawgyi>>
ကလေးမြို့နယ်အတွင်း ဆိုင်ကယ် ၃၇ စီးနှင့်အတူ ဆိုင်ကယ်များ ခိုးယူနေသည့် လူတစ်စုကို ဖမ်းမိ
Wednesday, December 4 , 2019

0 comments:

Post a Comment