Wednesday, December 4, 2019

ရည်စားဟောင်းက ကာမလိမ်လည်မှုဖြင့် တရားစွဲလိုက်တဲ့ သရုပ်ဆောင်မိုးအောင်ရင်

Image may contain: 1 person

ရန်ကင်းမြို့နယ်တရားရုံးတွင် ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင်မိုးအောင်ရင်ကို ရည်စားဟောင်းက ဦးတိုက်လျှောက်ထား တရားစွဲဆိုထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သရုပ်ဆောင် မိုးအောင်ရင်၏ ရည်းစားဟောင်းဖြစ်သူဟုဆိုသည့် မ . . . . က နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံးသို့ လာရောက်ပြီး သရုပ်ဆောင်မိုးအောင်ရင်က ၎င်းအား လက်ထပ်မည်ဟုပြောဆိုပြီး ကာမလိမ်လည်ရယူကာ လက်ထပ်ခြင်းမရှိသဖြင့် လာရောက်ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိထံမှ သိရသည်။
ထိုသို့တရားစွဲဆိုရာ ရန်ကင်းမြို့နယ်တရားရုံးမှ တရားလို မ. . . . အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကင်းမြို့နယ်တရားရုံးမှ သိရသည်။
ထို့နောက် ရုံးချိန်းကို ဒီဇင်ဘာ ၆ ရက်သို့ ပြန်လည်ချိန်းဆိုပေးခဲ့ပြီး သရုပ်ဆောင်မိုးအောင်ရင်အား ရုံးတော်ရှေ့ လာရောက်ရန် ဆင့်ခေါ်စာပေးပို့ထားကြောင်း သိရသည်။
သရုပ်ဆောင်မိုးအောင်ရင်ကို တရားစွဲဆိုထားသည့် ပုဒ်မ ၄၁၇ မှာ လိမ်လည်မှုပုဒ်မဖြစ်ပြီး မည်သူမဆို လိမ်လည်မှုကိုကျူးလွန်လျှင် ထိုသူကို သုံနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းထားကြောင်းသိရသည်။
သရုပ်ဆောင်မိုးအောင်ရင်အနေဖြင့် သူ၏ ချစ်သူသည် လက်မခံနိုင်သော အကြောင်းအရာများကို ကျူးလွန်ခဲ့သည့်အတွက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုတွင် အင်တာဗျူးဖြေကြားခဲ့ပြီးနောက်ပိုင်း တရားစွဲဆိုခြင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
<<Zawgyi>>
ရည်စားဟောင်းက ကာမလိမ်လည်မှုဖြင့် တရားစွဲလိုက်တဲ့ သရုပ်ဆောင်မိုးအောင်ရင်
Wednesday, December 4 , 2019

0 comments:

Post a Comment