Wednesday, December 4, 2019

(၇၀)ရာခိုင်နှုန်း ပျက်စီးနေသော အောင်ဆန်းအားကစားကွင်းအား ဖျက်သိမ်းပြီး ခေတ်မီအားကစားကွင်းသစ် တည်ဆောက်မည်

Image may contain: crowd, sky, grass and outdoor

ရန်ကုန်မြို့ရှိ သမိုင်း၀င် အောင်ဆန်းအားကစားကွင်းကြီးသည် (၇၀)ရာခိုင်နှုန်း ပျက်စီး၍ အန္တရာယ်ရှိသော အဆောက်အဦးဖြစ်သောကြောင့် အမြန်ဖျက်သိမ်းပြီး ခေတ်မီအားကစားကွင်းအဖြစ် အသစ်တည်ဆောက်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။

အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၉) မှ ဒေါက်တာဇော်လင်းထွဋ် မေးမြန်းသည့် သမိုင်း၀င် အောင်ဆန်း အားကစားကွင်းကြီးအား အကြီးစားပြင်ဆင်ပေးရန်နှင့် ကွင်းပတ်လည်ရှိ ဆိုင်ခန်းဌားရမ်းခများအား ကာလပေါက်စျေးအတိုင်း တိုးမြှင့်ပေးရန် အစီစဉ်ရှိမရှိမေးမြန်းခဲ့မှုအား အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အောင်ဆန်း အားကစားကွင်းအား (၃၀-၃-၂၀၁၈)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ပြန်လည်လွှဲပြောင်းလက်ခံရယူခဲ့ပြီး ဆိုင်ခန်းဌားရမ်းခများကို ယခင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကောက်ခံနှုန်းထားအတိုင်း ကောက်ခံခဲ့ပြီး နိုင်ငံတော်ရငွေစာရင်းသို့ (၁-၁-၂၀၁၉)ရက်မှစတင်၍ ပေးသွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
<zawgyi>
(၇၀)ရာခိုင်နှုန်း ပျက်စီးနေသော အောင်ဆန်းအားကစားကွင်းအား ဖျက်သိမ်းပြီး ခေတ်မီအားကစားကွင်းသစ် တည်ဆောက်မည်
Wednesday,December 4 ,2019

ရန်ကုန်မြို့ရှိ သမိုင်းဝင် အောင်ဆန်းအားကစားကွင်းကြီးသည် (၇၀)ရာခိုင်နှုန်း ပျက်စီး၍ အန္တရာယ်ရှိသော အဆောက်အဦးဖြစ်သောကြောင့် အမြန်ဖျက်သိမ်းပြီး ခေတ်မီအားကစားကွင်းအဖြစ် အသစ်တည်ဆောက်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၉) မှ ဒေါက်တာဇော်လင်းထွဋ် မေးမြန်းသည့် သမိုင်းဝင် အောင်ဆန်း အားကစားကွင်းကြီးအား အကြီးစားပြင်ဆင်ပေးရန်နှင့် ကွင်းပတ်လည်ရှိ ဆိုင်ခန်းဌားရမ်းခများအား ကာလပေါက်စျေးအတိုင်း တိုးမြှင့်ပေးရန် အစီစဉ်ရှိမရှိမေးမြန်းခဲ့မှုအား အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အောင်ဆန်း အားကစားကွင်းအား (၃၀-၃-၂၀၁၈)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြန်လည်လွှဲပြောင်းလက်ခံရယူခဲ့ပြီး ဆိုင်ခန်းဌားရမ်းခများကို ယခင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကောက်ခံနှုန်းထားအတိုင်း ကောက်ခံခဲ့ပြီး နိုင်ငံတော်ရငွေစာရင်းသို့ (၁-၁-၂၀၁၉)ရက်မှစတင်၍ ပေးသွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment