Wednesday, December 4, 2019

New World Therapeutic Training Centerမှ စကားမပြောနိုင်သည့် အော်တစ်ဇင်ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်သည့် ဆရာနှစ်ဦးကို အမှုဖွင့်

No photo description available.

New World Therapeutic Training Center တွင် စကားမပြောနိုင် သည့် ဆယ်နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်တစ်ဦးအား ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခဲ့သည့် ဆရာနှစ်ဦးကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းတွင် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကလေး၏မိခင်ထံမှ သိရသည်။

အဆိုပါ ဆရာမနှစ်ဦးအား အောက်တိုဘာလ ၃၀ ရက်နေ့က အမှုဖွင့်ထားတာဖြစ်ပြီး ဆရာနှစ်ယောက်ကို ဒီဇင်ဘာလ ၂ ရက် နေ့မှာ သူတို့နှစ်ယောက်ကို ရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးထားပြီး လောလောဆယ် အမှုက ဥပဒေအကြံတောင်းတင်ထားကြောင်း ကလေး၏ မိခင် ဒေါက်တာ ခန့်ခန့်ဝင်းရွှေက ပြောကြားသည်။
ယင်းဖြစ်စဉ်မှာ စကားမပြောနိုင်သည့် ဆယ်နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်ကို New World Therapeutic Training Center မှ ဆရာနှစ်ဦးက အောက်တိုဘာ ၃၀ ရက်နေ့က ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း CCTV မှတ်တမ်းများမှ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုဖြစ်စဉ်မှ သင်တန်းကျောင်းဆရာ နှစ်ဦးကို မြောက်ဒဂုံမြို့မရဲစခန်း၌ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၁၀၃ (က)ဖြင့် အမှုဖွင့်အရေးယူထားပြီး မြန်မာ အော်တစ်ဇင် အသင်းဘက်ကလည်း ကျောင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အလားတူဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန်နှင့် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
<<Zawgyi>>
New World Therapeutic Training Centerမှ စကားမပြောနိုင်သည့် အော်တစ်ဇင်ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်သည့် ဆရာနှစ်ဦးကို အမှုဖွင့်
Wednesday, December 4 , 2019

New World Therapeutic Training Center တွင် စကားမပြောနိုင် သည့် ဆယ်နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်တစ်ဦးအား ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခဲ့သည့် ဆရာနှစ်ဦးကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းတွင် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကလေး၏မိခင်ထံမှ သိရသည်။
အဆိုပါ ဆရာမနှစ်ဦးအား အောက်တိုဘာလ ၃၀ ရက်နေ့က အမှုဖွင့်ထားတာဖြစ်ပြီး ဆရာနှစ်ယောက်ကို ဒီဇင်ဘာလ ၂ ရက် နေ့မှာ သူတို့နှစ်ယောက်ကို ရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးထားပြီး လောလောဆယ် အမှုက ဥပဒေအကြံတောင်းတင်ထားကြောင်း ကလေး၏ မိခင် ဒေါက်တာ ခန့်ခန့်ဝင်းရွှေက ပြောကြားသည်။
ယင်းဖြစ်စဉ်မှာ စကားမပြောနိုင်သည့် ဆယ်နှစ်အရွယ် အော်တစ်ဇင် ကလေးငယ်ကို New World Therapeutic Training Center မှ ဆရာနှစ်ဦးက အောက်တိုဘာ ၃၀ ရက်နေ့က ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း CCTV မှတ်တမ်းများမှ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုဖြစ်စဉ်မှ သင်တန်းကျောင်းဆရာ နှစ်ဦးကို မြောက်ဒဂုံမြို့မရဲစခန်း၌ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၁၀၃ (က)ဖြင့် အမှုဖွင့်အရေးယူထားပြီး မြန်မာ အော်တစ်ဇင် အသင်းဘက်ကလည်း ကျောင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အလားတူဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန်နှင့် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
#Myanmar_Online_News #New_World_Therapeutic_Training_Center #အော်တစ်ဇင်ကလေးငယ်

0 comments:

Post a Comment