Tuesday, December 3, 2019

တရားမဝင် ကျောက်စရစ်ထုတ်လုပ်မှုများအား ဒေသဆိုင်ရာကော်မတီများဖြင့် ကြပ်မတ် လုပ်ဆောင်မည်

Image may contain: sky, ocean, cloud, outdoor and water

မကွေးတိုင်းဒေသကြီးအတွင်းတွင် လိုင်စင်သက်တမ်းမတိုးဘဲ ကျောက်စရစ်ထုတ်လုပ်နေသူများ ၊ ခိုးထုတ်နေ သူများရှိနေပြီး မြို့နယ်၊ခရိုင်အသီးသီးတွင် ဖွဲ့စည်းထားသည့် “ ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများစီမံခန့်ခွဲမှုကော်မတီ ” အင်အားဖြင့် ကြပ်မတ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စီမံခန့်ခွဲမှုကော်မတီများတွင် ထွေအုပ် ၊ ရဲတပ်ဖွဲ့ ၊ စည်ပင် ၊မီးသတ် ၊ ငါးလုပ်ငန်း ၊ ပြည်တွင်း ရေကြောင်း ၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်း ဦးစီးဌာန တို့ပါဝင်မည်ဖြစ်ပြီး အရပ်ဘက်မှ လုပ်ငန်းရှင်(၃)ဦး ၊ လွှတ်တော်ကိုယ်စားလှယ်များမှ အမည်စာရင်းပေးပို့သူ ရပ်မိရပ်ဖ(၃)ဦး တို့အား ထည့်သွင်းဖွဲ့စည်းထားကြောင်း သိရှိရသည်။
“ခုဖြစ်နေတာက နိုင်ငံတော် ဘတ်ဂျက်ကာလအပြောင်းအလဲမှာ ကြားထဲမှာ လေးလလောက် ဟနေတယ်။ အဲဒီလေးလအပြင် ခုက ဘတ်ဂျက်ကာလရောက်နေတာတောင် လုပ်ငန်းရှင်တချို့က သက်တမ်းမတိုးကြဘူး။ တရားဝင်လိုင်စင်တွေ ထုတ်ပေးနေရက်သားနဲ့ တရားမဝင် ထုတ်နေကြတယ်။ ခွင့်ပြုချက်မရဘဲ နယ်ကျော်တင်ပို့ ရောင်းနေတာလည်း ရှိတယ်။ ခုလောလော ဆယ် သရက်ခရိုင်အတွင်းက ကျောက်စရစ်ခိုးထုတ်သူ ၆ဦး နဲ့ ရေယာဉ်(၁၄)စီးကို အရေးယူ ထားရတယ် ” ဟု ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မကွေးတိုင်း ဦးစီးမှူး ဦးဇော်လွင် ကပြောသည်။
ကော်မတီအနေဖြင့် ဆိပ်ကမ်းနယ်တွင်အလုပ်လုပ်ကိုင်သော ပုဂ္ဂိုလ်၊အသင်းအဖွဲ့၊ကုမ္ပဏီများ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရာတွင် သဘောထားမှတ်ချက်ပေးခြင်း ၊ ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့် ရသူများအား အခွင့်အရေးဆုံးရှုံးမှု မရှိစေရန် အကာအကွယ်ပေးခြင်း ၊ လုပ်ငန်းများ ကြောင့် ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မဖြစ်ရေး ၊ ရေနေ သတ္တဝါများ၏ ဂေဟစနစ် မပျက်စီးရေး ၊ မျိုးမတုံးစေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည် ဖြစ်သည်။
“ စီမံခန့်ခွဲသူတွေအနေနဲ့ မြစ်ကျောက်စရစ်လုပ်ကွက်တွေရဲ့ ထုတ်လုပ်မှု ၊ စည်းကမ်းဖောက်ဖျက်မှု ၊ လုပ်ငန်း ရှင်နဲ့ ဒေသခံတွေကြား ပဋပက္ခဖြစ်မှုတွေကို မှတ်တမ်းတင်တာတွေ ၊ ဖြေရှင်းတာတွေ ဆောင်ရွက်သွားမှာပါ။ သဲကျောက် ဈေးနှုန်းတွေတည်ငြိမ်ဖို့နဲ့ လုပ်ငန်းသမားအချင်းချင်း မျှတမှုရှိစေဖို့လည်း ဈေးနှုန်းသတ်မှတ်ပေးတာတွေကို လုပ်ဆောင်မှာပါ ” ဟု မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မကွေးတိုင်းဦးစီးမှူး ဦးဇော်လွင် က ရှင်းပြသည်။
ဇေယျတု(မကွေး)
<zawgyi>
တရားမဝင် ကျောက်စရစ်ထုတ်လုပ်မှုများအား ဒေသဆိုင်ရာကော်မတီများဖြင့် ကြပ်မတ် လုပ်ဆောင်မည်
Tuesday, December 3 , 2019.

ေဇယ်တု(မေကြး)

0 comments:

Post a Comment