Tuesday, December 3, 2019

ချက်နိုင်ငံဆိုင်ရောက် မြန်မာမိသားစုများနှင့် သံရုံးမိသားစုများ International Christmas Festival တွင် ပထမဆုံးအကြိမ်ပါဝင်ဆင်နွှဲ

Image may contain: 3 people, people standing and indoor

ချက်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ကေသီစိုး ဦးဆောင်သော မြန်မာသံရုံးမိသားစုများနှင့် ချက်နိုင်ငံရောက် မြန်မာမိသားစုများ စုပေါင်း၍ Diplomatic Spouses Association Prague မှ ဦးဆောင်ကျင်းပသော International Christmas Festival တွင် ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲခဲ့ပါသည်။

အဆိုပါပွဲတော်ဖွင့်ပွဲသို့ ချက်ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ Mrs. Monika Babisova နှင့် ချက်နိုင်ငံခြားရေးဝန်ကြီး၏ ဇနီးဖြစ်သူ Mrs. Iva Petrickova တို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံရုံး၏ ခင်းကျင်းပြသရောင်းချမှုတို့ကို လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ပွဲတော်တွင် နိုင်ငံအလိုက် ဒေသထွက်ကုန်များရောင်းချခြင်း၊ ဒေသထွက် ရိုးရာအစားအသောက်များ ရောင်းချခြင်းနှင့် ရိုးရာယဉ်ကျေးမှု အဆို/အကများဖြင့် ဖျော်ဖြေခြင်းတို့ ပြုလုပ်ခဲ့ကြရာ မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်း၊ ချက်နိုင်ငံရောက် မြန်မာပညာတော်သင်များမှ မြန်မာအကများဖြင့် ကပြဖျော်ဖြေခြင်းနှင့် ပရာ့ဂ်မြို့တွင် ဖွင့်လှစ်ထားသော မြန်မာလူမျိုးပိုင် Yangon Restaurant မှ မြန်မာသံရုံးနှင့် ပူးပေါင်း၍ မြန်မာအစားအသောက်များ ရောင်းချခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ရရှိသော အမြတ်ငွေများအား Diplomatic Spouses Association Prague မှတစ်ဆင့် ချက်နိုင်ငံရှိ မိဘမဲ့ကလေးများဂေဟာများနှင့် အမျိုးသမီးများဂေဟာများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
Image may contain: 6 people, people standing
Image may contain: 1 person, standing
Image may contain: 4 people, people smiling, people standing and people dancing
Image may contain: 7 people, people smiling, people standing
<zawgyi>
ချက်နိုင်ငံဆိုင်ရောက် မြန်မာမိသားစုများနှင့် သံရုံးမိသားစုများ International Christmas Festival တွင် ပထမဆုံးအကြိမ်ပါဝင်ဆင်နွှဲ
Tuesday, December 3 , 2019.

ချက်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ကေသီစိုး ဦးဆောင်သော မြန်မာသံရုံးမိသားစုများနှင့် ချက်နိုင်ငံရောက် မြန်မာမိသားစုများ စုပေါင်း၍ Diplomatic Spouses Association Prague မှ ဦးဆောင်ကျင်းပသော International Christmas Festival တွင် ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါပွဲတော်ဖွင့်ပွဲသို့ ချက်ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ Mrs. Monika Babisova နှင့် ချက်နိုင်ငံခြားရေးဝန်ကြီး၏ ဇနီးဖြစ်သူ Mrs. Iva Petrickova တို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံရုံး၏ ခင်းကျင်းပြသရောင်းချမှုတို့ကို လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ပွဲတော်တွင် နိုင်ငံအလိုက် ဒေသထွက်ကုန်များရောင်းချခြင်း၊ ဒေသထွက် ရိုးရာအစားအသောက်များ ရောင်းချခြင်းနှင့် ရိုးရာယဉ်ကျေးမှု အဆို/အကများဖြင့် ဖျော်ဖြေခြင်းတို့ ပြုလုပ်ခဲ့ကြရာ မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်း၊ ချက်နိုင်ငံရောက် မြန်မာပညာတော်သင်များမှ မြန်မာအကများဖြင့် ကပြဖျော်ဖြေခြင်းနှင့် ပရာ့ဂ်မြို့တွင် ဖွင့်လှစ်ထားသော မြန်မာလူမျိုးပိုင် Yangon Restaurant မှ မြန်မာသံရုံးနှင့် ပူးပေါင်း၍ မြန်မာအစားအသောက်များ ရောင်းချခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ရရှိသော အမြတ်ငွေများအား Diplomatic Spouses Association Prague မှတစ်ဆင့် ချက်နိုင်ငံရှိ မိဘမဲ့ကလေးများဂေဟာများနှင့် အမျိုးသမီးများဂေဟာများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပါသည်။

0 comments:

Post a Comment