မြစ်ကြီးနားသင်္ဘောသည် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှသင်္ဘောဖြစ်သော်လည်း လုံခြုံစိတ်ချရသည့် အနေအထားရှိသဖြင့် ရေချခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြစ်ကြီးနားတပ်မတော်ရေယာဉ်သည် ကြယ်ငါးပွင့်သဘောင်္အဟောင်းဖြစ်ကြောင်း ဝေဖန်မှုများအပေါ် ယခုကဲ့သို့ဖြေရှင်းပြောဆိုခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မှန်ပါတယ်။ မြစ်ကြီးနားရေယာဉ်ဟာ ကြယ်ငါးပွင့်လုပ်ငန်းက ဖြစ်ပါတယ်။ ဒါကအရင်ကသိကြတဲ့အတိုင်း ကြယ်ငါးပွင့်လုပ်ငန်းဟာအရှုံးပေါ်လို့ မြန်မာစိးပွားရေးဦးပိုင်ကသင်္ဘောလုပ်ငန်းဟာမရှိမဖြစ်ရှိမှရမယ်ဆိုပြီး လွှဲပြောင်းလုပ်ကိုင်တာပါ။အဲဒီထဲမှာမှ အသုံးချလို့ရမယ့်ရေယာဉ်ကို ပြန်လည်ကျင်းတင် မွမ်းမံပြီး အသုံးပြုတာရှိပေမဲ့ အခုမြစ်ကြီးနားရေယာဉ်ကကမ်းရိုးတန်းသယ်ယူပို့ဆောင်ရေးရေယာဉ်လေးပါ။ ပြန်လည်မကောင်းတော့တဲ့အစိတ်အပိုင်းကိုဖယ်ပြီးသားပါ။ လုံခြုံစိတ်ချရတဲ့အနေအထားရှိမှ ရေချခြင်းဖြစ်ပါတယ်။ မသုံးရမယ့်သဘောင်္ကိုသုံးစရာအောကာင်းလည်းမရှိပါဘူး။ နောက်ဆေးရုံသဘောင်္တစ်စီးလည်း ဒီလိုပါပဲ။ ပြန်ပြုပြင်ထားတာပါ’’ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ အမှတ်- ၂ ရေတပ်ဆိပ်ခံတံတားတွင် ဒီဇင်ဘာလ ၂၄ ရက်ကကျင်းပသည့် ၇၂ နှစ်မြောက် တပ်မတော်ရေနှစ်ပတ်လည်အခမ်းအနားစစ်ရေယာဉ်များတပ်တော်ဝင်ရာတွင် ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေးရေယာဉ်အဖြစ် မြစ်ကြီးနား AP.03 ပါဝင်ခဲ့ခြင်းဖြစ်သည်။
<zawgyi>
မြစ်ကြီးနားသင်္ဘောသည် လုံခြုံစိတ်ချရကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ရှင်းလင်း
Friday ,December 27 , 2019

Source- Akonthi #Myanmar_Online_News
0 comments:
Post a Comment