Thursday, December 26, 2019

အမေရိကန်နိုင်ငံမှ Airbus A-319-100 လေယာဉ်သစ်တစ်စီး Myanmar Airways International (MAI) လေကြောင်းလိုင်းသို့ ထပ်မံရောက်ရှိ

Image may contain: one or more people, people standing and outdoor

Myanmar Airways International (MAI) လေကြောင်းလိုင်းသည် လေယာဉ်အသစ်များ ထပ်မံဖြည့်တင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Airbus A319-100, MSN-5193, XY-ALK လေယာဉ်အသစ်သည် အမေရိကန်နိုင်ငံ Phinix မြို့မှ ပျံသန်းထွက်ခွာလာရာ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ယခုထပ်မံရောက်ရှိလာသော လေယာဉ်အပါအဝင် MAI လေကြောင်းလိုင်းတွင် Airbus A319 လေယာဉ်ငါးစင်း၊ A-320 လေယာဉ်တစ်စင်း စုစုပေါင်း Airbus ခြောက်စီးဖြင့် ပြည်ပခရီးစဉ်များ ပြေးဆွဲပေးမည်ဖြစ်ပြီး Airbus A320-214 လေယာဉ်လေးစင်းနှင့်၊ Embraer 190 နှစ်စင်းမှာလည်း မကြာမီထပ်မံရောက်ရှိလာမည်ဖြစ်သည်။ MAI လေကြောင်းလိုင်းအနေဖြင့် ရာသီဥတုဆိုးရွားမှုမှလွဲ၍ လေယာဉ်များကြောင့် ခရီးစဉ်ဖျက်သိမ်းခြင်းနှင့် ခရီးစဉ်များ Delay ဖြစ်ခြင်း မရှိစေရန် ဆောင်ရွက်လျက်ရှိကာ Safety Standard တွင် အဆင့်မြင့်ဆုံး သတ်မှတ်ခံထားရသည့် လေကြောင်းလိုင်းတစ်ခုလည်းဖြစ်သည်။ ထို့ပြင် MAI လေကြောင်းလိုင်းသည် Embraer နှင့် Airbus A319 တို့ကိုအသုံးပြုကာ အကျိုးတူပူးပေါင်းပျံသန်းနေသော AIR KBZ နှင့် ပူးပေါင်း၍ MAI Domestic Route များကို မကြာမီပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။
Image may contain: sky, airplane and outdoor
Source- MDN #Myanmar_Online_News

<zawgyi>
အမေရိကန်နိုင်ငံမှ Airbus A-319-100 လေယာဉ်သစ်တစ်စီး Myanmar Airways International (MAI) လေကြောင်းလိုင်းသို့ ထပ်မံရောက်ရှိ
Friday ,December 27 , 2019

Myanmar Airways International (MAI) လေကြောင်းလိုင်းသည် လေယာဉ်အသစ်များ ထပ်မံဖြည့်တင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Airbus A319-100, MSN-5193, XY-ALK လေယာဉ်အသစ်သည် အမေရိကန်နိုင်ငံ Phinix မြို့မှ ပျံသန်းထွက်ခွာလာရာ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
ယခုထပ်မံရောက်ရှိလာသော လေယာဉ်အပါအဝင် MAI လေကြောင်းလိုင်းတွင် Airbus A319 လေယာဉ်ငါးစင်း၊ A-320 လေယာဉ်တစ်စင်း စုစုပေါင်း Airbus ခြောက်စီးဖြင့် ပြည်ပခရီးစဉ်များ ပြေးဆွဲပေးမည်ဖြစ်ပြီး Airbus A320-214 လေယာဉ်လေးစင်းနှင့်၊ Embraer 190 နှစ်စင်းမှာလည်း မကြာမီထပ်မံရောက်ရှိလာမည်ဖြစ်သည်။ MAI လေကြောင်းလိုင်းအနေဖြင့် ရာသီဥတုဆိုးရွားမှုမှလွဲ၍ လေယာဉ်များကြောင့် ခရီးစဉ်ဖျက်သိမ်းခြင်းနှင့် ခရီးစဉ်များ Delay ဖြစ်ခြင်း မရှိစေရန် ဆောင်ရွက်လျက်ရှိကာ Safety Standard တွင် အဆင့်မြင့်ဆုံး သတ်မှတ်ခံထားရသည့် လေကြောင်းလိုင်းတစ်ခုလည်းဖြစ်သည်။ ထို့ပြင် MAI လေကြောင်းလိုင်းသည် Embraer နှင့် Airbus A319 တို့ကိုအသုံးပြုကာ အကျိုးတူပူးပေါင်းပျံသန်းနေသော AIR KBZ နှင့် ပူးပေါင်း၍ MAI Domestic Route များကို မကြာမီပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရသည်။
Source- MDN #Myanmar_Online_News

0 comments:

Post a Comment