Wednesday, December 4, 2019

ကလေးသူခိုးဟုစွပ်စွဲခံရကာ ဝိုင်းရိုက်ကြသည့်အတွက် မျက်လုံးတစ်ဖက်ကွယ်ရသည့်အပြင် နစ်နာမှုများရှိသဖြင့် လူ ၁၀ ဦးကို ပြန်လည်အမှုဖွင့်

Image may contain: one or more people and people sitting

ယနေ့ဒီဇင်ဘာ ၄ ရက်နေ့ညနေတွင် မျက်လုံးတစ်ဖက်ကွယ်ရခြင်းအပါအဝင် နစ်နာမှုများရှိသည်ဆိုကာ ကလေးသူခိုးဟုစွပ်စွဲခံရသူက လူ ၁၀ ဦးကို ပြန်လည်အမှုဖွင့်တိုင်ကြားလိုက်ကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သတင်းရရှိသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ညပိုင်းက ပဲခူးမြို့ စီမံကိန်း (၅)လမ်း၌အစပြုဖြစ်ပွားခဲ့သော ကလေးသူခိုးဟု စွပ်စွဲကာ ဝိုင်းဝန်းထိုးကြိတ်ခံရမှုမှ ငွေဖြိုးအောင်(စွပ်စွဲခံရသူ)၏ ဘယ်ဘက်မျက်လုံးတစ်ဖက် ပျက်စီး(ကန်း)ခဲ့ရသည့်အပြင် လူအားနာကျင်ဒဏ်ရာများရရှိသည် အထိ လုပ်ဆောင်ခဲ့သူများကို အရေးယူပေးရန် နစ်နာသူ၏ဖခင် ဦးမောင်ကြိုင်(ခ)ဦးစိန်ကြိုင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်သည့်ညက ဦမောင်ကြိုင်(ခ)ဦးစိန်ကြိုင်သည် စီမံကိန်း(၅)လမ်းရှိ ၎င်း၏နေအိမ်၌ရှိနေစဉ် စီမံကိန်း(၄)လမ်းနေ ရာအိမ်မှူး ဦးအောင်မြင့်ဆိုသူက ဦးမောင်ကြိုင်ထံရောက်ရှိလာပြီး ၎င်း၏သားငွေဖြိုးအောင်ကို ကလေးသူခိုးဟုစွပ်စွဲပြီး ဝိုင်းဝန်းထိုကြိတ်နေကြောင်း အသိပေးပြောကြားလာရာမှ သားဖြစ်သူရှိရာ စီမံကိန်း(၄)သို့ လိုက်သွားခဲ့သည်ဟု ရဲမှတ်တမ်းက ဖော်ပြသည်။
(၄)လမ်းသို့ရောက်ရှိစဉ် သားဖြစ်သူငွေဖြိုးအောင်အား ကန်သာယာ(၆)လမ်း၌ နေထိုင်သူများဖြစ်သော မဝါဝါမျိုး၊ ရန်နိုင်(ခ)နှာဘူးနှင့် ၎င်း၏ဇနီး မမားလေး၊ ကျော်စိုးဆိုသူတို့အပါအဝင် ကန်သာယာ(၇)လမ်းနေ ကိုဖြိုး၊ သန်းဌေးအောင်နှင့် ၎င်း၏ဇနီး တင်မာဦး(ခ)စနေမ၊ မဖြူတို့နှင့် မဇင်းရပ်ကွက် ရေကျော်လမ်းနေ လင်းလင်းဆိုသူတို့ ၉ ဦးမှ ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခံရသည့်အပြင် အဆိုပါလူအုပ်စုအတွင်းရှိတစ်ဦးက လေးဂွနှင့်ပစ်ခတ်သည်ကို တွေ့ရှိခဲ့ရကြောင်း အမှုဖွင့်တိုင်ကြားသူ ဦးမောင်ကြိုင်က ထွက်ဆိုထားသည်။
ထို့ပြင် လူအုပ်စုအတွင်းရှိသားဖြစ်သူအား ရိုက်နှက်ခြင်းမပြုကြရန်နှင့် သက်ဆိုင်ရာသို့ အပ်နှံပေးမည်ဟုပြောဆို၍ စီမံ(၅)လမ်းရှိ ၎င်း၏နေအိမ်သို့ ငွေဖြိုးအောင်အားခေါ်ယူလာစဉ် နေအိမ်ရှေ့သို့ရောက်ရှိလာသောလူအုပ်စုမှာ ပိုမိုများပြားလာသည့်အပြင် တစ်လမ်းထဲနေ တင်ဇော်အေး(ခ)မှုံကြီးဆိုသူက နေအိမ်အတွင်းဝင်ရောက်ရိုက်နှက်ရန် ပြောဆိုခဲ့၍ ၎င်းကိုပါ အရေးယူပေးရန် ဦးမောင်ကြိုင်က ရဲစခန်းသို့ ထည့်သွင်းတိုင်ကြားခဲ့သည်။
ဝိုင်းဝန်းထိုးကြိတ်ကာလေးဂွနှင့် ပစ်ခံရမှုကြောင့် ကလေးသူခိုးဟု စွပ်စွဲခံရသူ ငွေဖြိုးအောင်၏ ဦးခေါင်းနှင့်နောက်စေ့ ဖူးရောင်၊ ဘယ်မျက်လုံးဖူးရောင်ပေါက်ပြဲ(ကန်း)၊ မျက်နှာညိုမဲနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၌ နာကျင်ဒဏ်ရာများရရှိခဲ့၍ ပဲခူးမြို့မရဲစခန်းသို့ခေါ်ယူလာရာမှတဆင့် ပဲခူးဆေးရုံကြီးသို့ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိသည်။
အထက်ပါဖြစ်စဉ်များကြောင့် မဝါဝါမျိုး၊ ရန်နိုင်(ခ)နှာဘူး၊ မမားလေး၊ သန်းဌေးအောင်၊ တင်မာဦး(ခ)စနေမ၊ ကိုဖြိုး၊ မဖြူ၊ ကျော်စိုး၊ လင်းလင်းနှင့် တင်ဇော်အေး(ခ)မှုံကြီးတို့ ၁၀ ဦးကို အရေးယူဆောင်ရွက်ပေးရန် ငွေဖြိုးအောင်၏ဖခင် ဦးမောင်ကြိုင်(ခ)ဦးစိန်ကြိုင်ကတိုင်ကြားသဖြင့် ပဲခူးမြို့မရဲစခန်းမှ ဖြစ်စဉ်အတွင်းပါဝင်သည်ဆိုသော ယင်း ၁၀ ဦးကို (ပ)၃၃၈၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၆/၃၂၅/၃၂၃/၅၀၆/၅၀၀/၁၄၄ တို့ဖြင့် အမှုရေးဖွင့်၍ ဖမ်းဆီးရမိရေးလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Image may contain: one or more people and shoes
Image may contain: one or more people and shorts
Image may contain: 4 people, crowd and outdoor
Image may contain: 1 person, smiling
<<Zawgyi>>
ကလေးသူခိုးဟုစွပ်စွဲခံရကာ ဝိုင်းရိုက်ကြသည့်အတွက် မျက်လုံးတစ်ဖက်ကွယ်ရသည့်အပြင် နစ်နာမှုများရှိသဖြင့် လူ ၁၀ ဦးကို ပြန်လည်အမှုဖွင့်
Wednesday, December 4 , 2019

ယနေ့ဒီဇင်ဘာ ၄ ရက်နေ့ညနေတွင် မျက်လုံးတစ်ဖက်ကွယ်ရခြင်းအပါအဝင် နစ်နာမှုများရှိသည်ဆိုကာ ကလေးသူခိုးဟုစွပ်စွဲခံရသူက လူ ၁၀ ဦးကို ပြန်လည်အမှုဖွင့်တိုင်ကြားလိုက်ကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သတင်းရရှိသည်။
နိုဝင်ဘာ ၃၀ ရက်နေ့ညပိုင်းက ပဲခူးမြို့ စီမံကိန်း (၅)လမ်း၌အစပြုဖြစ်ပွားခဲ့သော ကလေးသူခိုးဟု စွပ်စွဲကာ ဝိုင်းဝန်းထိုးကြိတ်ခံရမှုမှ ငွေဖြိုးအောင်(စွပ်စွဲခံရသူ)၏ ဘယ်ဘက်မျက်လုံးတစ်ဖက် ပျက်စီး(ကန်း)ခဲ့ရသည့်အပြင် လူအားနာကျင်ဒဏ်ရာများရရှိသည် အထိ လုပ်ဆောင်ခဲ့သူများကို အရေးယူပေးရန် နစ်နာသူ၏ဖခင် ဦးမောင်ကြိုင်(ခ)ဦးစိန်ကြိုင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်သည့်ညက ဦမောင်ကြိုင်(ခ)ဦးစိန်ကြိုင်သည် စီမံကိန်း(၅)လမ်းရှိ ၎င်း၏နေအိမ်၌ရှိနေစဉ် စီမံကိန်း(၄)လမ်းနေ ရာအိမ်မှူး ဦးအောင်မြင့်ဆိုသူက ဦးမောင်ကြိုင်ထံရောက်ရှိလာပြီး ၎င်း၏သားငွေဖြိုးအောင်ကို ကလေးသူခိုးဟုစွပ်စွဲပြီး ဝိုင်းဝန်းထိုကြိတ်နေကြောင်း အသိပေးပြောကြားလာရာမှ သားဖြစ်သူရှိရာ စီမံကိန်း(၄)သို့ လိုက်သွားခဲ့သည်ဟု ရဲမှတ်တမ်းက ဖော်ပြသည်။
(၄)လမ်းသို့ရောက်ရှိစဉ် သားဖြစ်သူငွေဖြိုးအောင်အား ကန်သာယာ(၆)လမ်း၌ နေထိုင်သူများဖြစ်သော မဝါဝါမျိုး၊ ရန်နိုင်(ခ)နှာဘူးနှင့် ၎င်း၏ဇနီး မမားလေး၊ ကျော်စိုးဆိုသူတို့အပါအဝင် ကန်သာယာ(၇)လမ်းနေ ကိုဖြိုး၊ သန်းဌေးအောင်နှင့် ၎င်း၏ဇနီး တင်မာဦး(ခ)စနေမ၊ မဖြူတို့နှင့် မဇင်းရပ်ကွက် ရေကျော်လမ်းနေ လင်းလင်းဆိုသူတို့ ၉ ဦးမှ ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခံရသည့်အပြင် အဆိုပါလူအုပ်စုအတွင်းရှိတစ်ဦးက လေးဂွနှင့်ပစ်ခတ်သည်ကို တွေ့ရှိခဲ့ရကြောင်း အမှုဖွင့်တိုင်ကြားသူ ဦးမောင်ကြိုင်က ထွက်ဆိုထားသည်။
ထို့ပြင် လူအုပ်စုအတွင်းရှိသားဖြစ်သူအား ရိုက်နှက်ခြင်းမပြုကြရန်နှင့် သက်ဆိုင်ရာသို့ အပ်နှံပေးမည်ဟုပြောဆို၍ စီမံ(၅)လမ်းရှိ ၎င်း၏နေအိမ်သို့ ငွေဖြိုးအောင်အားခေါ်ယူလာစဉ် နေအိမ်ရှေ့သို့ရောက်ရှိလာသောလူအုပ်စုမှာ ပိုမိုများပြားလာသည့်အပြင် တစ်လမ်းထဲနေ တင်ဇော်အေး(ခ)မှုံကြီးဆိုသူက နေအိမ်အတွင်းဝင်ရောက်ရိုက်နှက်ရန် ပြောဆိုခဲ့၍ ၎င်းကိုပါ အရေးယူပေးရန် ဦးမောင်ကြိုင်က ရဲစခန်းသို့ ထည့်သွင်းတိုင်ကြားခဲ့သည်။
ဝိုင်းဝန်းထိုးကြိတ်ကာလေးဂွနှင့် ပစ်ခံရမှုကြောင့် ကလေးသူခိုးဟု စွပ်စွဲခံရသူ ငွေဖြိုးအောင်၏ ဦးခေါင်းနှင့်နောက်စေ့ ဖူးရောင်၊ ဘယ်မျက်လုံးဖူးရောင်ပေါက်ပြဲ(ကန်း)၊ မျက်နှာညိုမဲနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ၌ နာကျင်ဒဏ်ရာများရရှိခဲ့၍ ပဲခူးမြို့မရဲစခန်းသို့ခေါ်ယူလာရာမှတဆင့် ပဲခူးဆေးရုံကြီးသို့ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိသည်။
အထက်ပါဖြစ်စဉ်များကြောင့် မဝါဝါမျိုး၊ ရန်နိုင်(ခ)နှာဘူး၊ မမားလေး၊ သန်းဌေးအောင်၊ တင်မာဦး(ခ)စနေမ၊ ကိုဖြိုး၊ မဖြူ၊ ကျော်စိုး၊ လင်းလင်းနှင့် တင်ဇော်အေး(ခ)မှုံကြီးတို့ ၁၀ ဦးကို အရေးယူဆောင်ရွက်ပေးရန် ငွေဖြိုးအောင်၏ဖခင် ဦးမောင်ကြိုင်(ခ)ဦးစိန်ကြိုင်ကတိုင်ကြားသဖြင့် ပဲခူးမြို့မရဲစခန်းမှ ဖြစ်စဉ်အတွင်းပါဝင်သည်ဆိုသော ယင်း ၁၀ ဦးကို (ပ)၃၃၈၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၆/၃၂၅/၃၂၃/၅၀၆/၅၀၀/၁၄၄ တို့ဖြင့် အမှုရေးဖွင့်၍ ဖမ်းဆီးရမိရေးလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment