Wednesday, December 4, 2019

ဆီးဂိမ်း 9 Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်း ဗိုလ်လုပွဲတက်ရောက်

Image may contain: 2 people, people playing sports and indoor

ဆီးဂိမ်း 9Ball Pool နှစ်ယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက မနီလာဟိုတယ်၌ ကျင်းပရာ မြန်မာအသင်းမှ မောင်မောင် (ခ) အားတီနှင့် အောင်မိုးသူအတွဲ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

မြန်မာအတွဲသည် ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင် (ခ)အသင်းနှင့် တွေ့ဆုံခဲ့ပြီး (၉-၈) ပွဲဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဆီမီးဖိုင်နယ် ဖြစ်သောကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းခဲ့ပြီး ပွဲငယ်လေးပွဲအပြီးတွင် သုံးပွဲ-တစ်ပွဲ ရှုံးနိမ့်နေရာ ပွဲငယ် ၁၁ ပွဲမြောက်နှင့် ၁၂ ပွဲမြောက်တွင် နှစ်ပွဲဆက်ပြန်နိုင်ကာ ခြောက်ပွဲစီ တူညီသွားခြင်းဖြစ်သည်။
လက်ကျန်ငါးပွဲတွင် မြန်မာအတွဲက သုံးပွဲအနိုင်ရခဲ့ပြီး နောက်ဆုံးပွဲငယ် နှစ်ပွဲဆက် အနိုင်ရသောကြောင့် ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအတွဲသည် ယခုပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားခဲ့ရပြီး ထိုင်းအတွဲကို အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအတွဲသည် ဗိုလ်လုပွဲတွင် စင်ကာပူအတွဲနှင့် ဒီဇင်ဘာ ၅ ရက် (ယနေ့) မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာအသင်းနှင့် တွေ့ဆုံမည့် စင်ကာပူအတွဲမှာ ဆီးဂိမ်း လက်ရှိချန်ပီယံလည်း ဖြစ်သည်။
<<Zawgyi>>
ဆီးဂိမ်း 9 Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်း ဗိုလ်လုပွဲတက်ရောက်
Wednesday, December 4 , 2019

ဆီးဂိမ်း 9Ball Pool နှစ်ယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ညနေပိုင်းက မနီလာဟိုတယ်၌ ကျင်းပရာ မြန်မာအသင်းမှ မောင်မောင် (ခ) အားတီနှင့် အောင်မိုးသူအတွဲ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
မြန်မာအတွဲသည် ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင် (ခ)အသင်းနှင့် တွေ့ဆုံခဲ့ပြီး (၉-၈) ပွဲဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ဆီမီးဖိုင်နယ် ဖြစ်သောကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းခဲ့ပြီး ပွဲငယ်လေးပွဲအပြီးတွင် သုံးပွဲ-တစ်ပွဲ ရှုံးနိမ့်နေရာ ပွဲငယ် ၁၁ ပွဲမြောက်နှင့် ၁၂ ပွဲမြောက်တွင် နှစ်ပွဲဆက်ပြန်နိုင်ကာ ခြောက်ပွဲစီ တူညီသွားခြင်းဖြစ်သည်။
လက်ကျန်ငါးပွဲတွင် မြန်မာအတွဲက သုံးပွဲအနိုင်ရခဲ့ပြီး နောက်ဆုံးပွဲငယ် နှစ်ပွဲဆက် အနိုင်ရသောကြောင့် ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအတွဲသည် ယခုပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားခဲ့ရပြီး ထိုင်းအတွဲကို အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအတွဲသည် ဗိုလ်လုပွဲတွင် စင်ကာပူအတွဲနှင့် ဒီဇင်ဘာ ၅ ရက် (ယနေ့) မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာအသင်းနှင့် တွေ့ဆုံမည့် စင်ကာပူအတွဲမှာ ဆီးဂိမ်း လက်ရှိချန်ပီယံလည်း ဖြစ်သည်။
#MDN #Myanmar_Online_News #ဆီးဂိမ်း #9_Ball_Pool #မြန်မာအသင်း

0 comments:

Post a Comment