Wednesday, December 4, 2019

မကွေးမြို့နှင့် ပျော်ဘွယ်မြို့တို့ မြေကျင်းတူးရာမှ လက်ပစ်ဗုံး ၊ ခဲယမ်းများနှင့် ဗုံးသီးတို့ တွေ့ရှိ

No photo description available.Image may contain: outdoor

မကွေးမြို့၊ သိင်္ဂါရပ်ကွက်နှင့် ပျော်ဘွယ်မြို့၊ ပြည်သာယာရပ်ကွက်တို့၌ ဒီဇင်ဘာ ၃ ရက်နေ့တွင် မြေကျင်းတူးရာမှ လက်ပစ်ဗုံးဟောင်းတစ်လုံး၊ ခဲယမ်းများနှင့် ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့၊ သိင်္ဂါရပ်ကွက်၊ သီတာလမ်း၊ အိမ်အမှတ်(၄)နေ ဒေါ်ငြိမ်းငြိမ်းဝင်း(ဘ)ဦးအောင်ကြည်၏ နေအိမ်ခြံဝင်းအတွင်း၌ ဒီဇင်ဘာ ၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်အိမ်ဆောက်လုပ်ရန် မြေကျင်းတူးနေစဉ် လုံးပတ် ၇ လက်မ၊ အချင်း ၂ လက်မခန့်၊ အလျား ၃ လက်မခွဲခန့်ရှိ လက်ပစ်ဗုံးဟောင်း တစ်လုံးနှင့် ၉ မမကျည် ၃၄ တောင့် တွေ့ ရှိသဖြင့် တာဝန်ရှိသူများထံမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ ပြည်သာယာရပ်ကွက်၊ (၇) လမ်း၊ သာသနာရေးဦးစီးဌာနရုံး ဝန်ထမ်း အိမ်ရာနေ ဦးဇော်မျိုးအောင်(ဘ) ဦးအောင်လွင်သည် ခြံစည်းရိုးပြုပြင်ရန် မြေကျင်း တူးနေစဉ် လုံးပတ် ၇ လက်မ၊ အချင်း ၅ လက်မခန့်၊ အလျား ၁၀ လက်မခန့်ရှိ ဗုံးသီး ဟောင်းတစ်လုံးတွေ့ရှိသဖြင့် တာဝန်ရှိသူ များထံမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လက်ပစ်ဗုံးဟောင်း၊ ခဲယမ်းများ နှင့် ဗုံးသီးဟောင်းတို့ကို နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်အသီးသီးမှ လုပ်ထုံးလုပ် နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
<zawgyi>
မကွေးမြို့နှင့် ပျော်ဘွယ်မြို့တို့ မြေကျင်းတူးရာမှ လက်ပစ်ဗုံး ၊ ခဲယမ်းများနှင့် ဗုံးသီးတို့ တွေ့ရှိ
Thursday, December 5 , 2019

မကွေးမြို့၊ သိင်္ဂါရပ်ကွက်နှင့် ပျော်ဘွယ်မြို့၊ ပြည်သာယာရပ်ကွက်တို့၌ ဒီဇင်ဘာ ၃ ရက်နေ့တွင် မြေကျင်းတူးရာမှ လက်ပစ်ဗုံးဟောင်းတစ်လုံး၊ ခဲယမ်းများနှင့် ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။
ဖြစ်စဉ်မှာ မကွေးမြို့၊ သိင်္ဂါရပ်ကွက်၊ သီတာလမ်း၊ အိမ်အမှတ်(၄)နေ ဒေါ်ငြိမ်းငြိမ်းဝင်း(ဘ)ဦးအောင်ကြည်၏ နေအိမ်ခြံဝင်းအတွင်း၌ ဒီဇင်ဘာ ၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်အိမ်ဆောက်လုပ်ရန် မြေကျင်းတူးနေစဉ် လုံးပတ် ၇ လက်မ၊ အချင်း ၂ လက်မခန့်၊ အလျား ၃ လက်မခွဲခန့်ရှိ လက်ပစ်ဗုံးဟောင်း တစ်လုံးနှင့် ၉ မမကျည် ၃၄ တောင့် တွေ့ ရှိသဖြင့် တာဝန်ရှိသူများထံမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ ပြည်သာယာရပ်ကွက်၊ (၇) လမ်း၊ သာသနာရေးဦးစီးဌာနရုံး ဝန်ထမ်း အိမ်ရာနေ ဦးဇော်မျိုးအောင်(ဘ) ဦးအောင်လွင်သည် ခြံစည်းရိုးပြုပြင်ရန် မြေကျင်း တူးနေစဉ် လုံးပတ် ၇ လက်မ၊ အချင်း ၅ လက်မခန့်၊ အလျား ၁၀ လက်မခန့်ရှိ ဗုံးသီး ဟောင်းတစ်လုံးတွေ့ရှိသဖြင့် တာဝန်ရှိသူ များထံမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လက်ပစ်ဗုံးဟောင်း၊ ခဲယမ်းများ နှင့် ဗုံးသီးဟောင်းတို့ကို နယ်မြေခံစစ်မြေပြင် အင်ဂျင်နီယာတပ်အသီးသီးမှ လုပ်ထုံးလုပ် နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment