Wednesday, December 4, 2019

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၅ ဦးအား ဖမ်းဆီး

No photo description available.

တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနားပြည်နယ်၊ ကျင်းဟုန်ခရိုင်၊ မုန်းဟိုင်းမြို့နယ်၊ တိုင်ချိုင်းကွေးရွာနေ တရုတ်နိင်ငံသား အိုက်ကျန်းစွဲ့သည် တုံတာမြို့၊ ပန်မတ်လုံအုပ်စု၊ ဟိုအုံးရွာနေ မြန်မာနိုင်ငံသူ မနန်းလူအား လက်ထပ်ရန်အတွက် ၎င်း အပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့နှင့်အတူ မနန်းလူ၏ မိဘများထံ တရုတ်ယွမ်ငွေ ၁၀၀၀၀ ဖြင့် လာရောက်တင်တောင်းခဲ့ပြီး အပြန်ခရီးတွင် ဖမ်းဆီခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများသည် ၎င်းတို့နေထိုင်ရာဒေသမှ တရုတ်နိုင်ငံလိုင်စင်နံပါတ် VIGO အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် အထူးဒေသ (၄) မိုင်းလားသို့ ဝင်ရောက်ခဲ့ပြီး မိုင်းလား၌ ယာဉ်နံပါတ်ပြား ပြောင်းလဲ တပ်ဆင်ကာ နိုဝင်ဘာလ ၂ ရက်တွင် တုံတာမြို့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကိုယ့်နိုင်ငံပိုင်နက် နယ်မြေထဲကို အလွယ်တကူ ဝင်လာနိုင်အောင် လုံခြုံရေး စည်းပေါက်သလို ဖြစ်နေပါတယ်။ အကယ်၍ အကြမ်းဖက်သူ ဖြစ်နေရင် ဘယ်လိုဖြစ်မှာလည်း မတွေးရဲစရာပါပဲ” ဟု ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသား ၅ ဦးအား ဒီဇင်ဘာလ ၃ ရက်တွင် ကျိုင်းတုံမြို့မရဲစခန်းမှ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃ (၁) ဖြင့် အမှုဖွင့်အရေးယူ ထားပြီး ၎င်းတို့အား ခေါ်ဆောင်လာသည့် မနန်းလူအား လဝကအက် ပုဒ်မ ၁၃ (၅) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
<zawgyi>
တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၅ ဦးအား ဖမ်းဆီး
Thursday, December 5 , 2019

0 comments:

Post a Comment