Tuesday, December 3, 2019

မြောက်ဦးတွင် ဗုံးသီးဟောင်းတစ်လုံးအား ကျောက်ခဲဖြင့် ထုနှက်ခဲ့ရာ ပေါက်ကွဲ၍ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိ

Image may contain: outdoor

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ချင်းပျံ တောရပ်ကွက်ရှိ ကားလမ်းမပေါ်၌ ဒီဇင်ဘာလ ၂ ရက် ညနေ ၅ နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့သောကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။

ဖြစ်စဉ်မှာ ချင်းပျံတောရပ်ကွက်နေ မောင်လှမောင်သိန်း(ဘ)ဦးချဘူးသည် ညနေ ၃ နာရီခွဲခန့်တွင် အလယ်ဈေးရပ်ကွက်၊ ကျောက်ပြင်ဆပ်တောရဘုန်းကြီးကျောင်း အနီး၌ တွေ့ရှိခဲ့သည့် အရှည် ၁ ပေခန့်ရှိ ဗုံးသီးဟောင်းတစ်လုံးအား ယူဆောင်လာ ပြီး ၎င်း၏အိမ်အနီးရှိ လမ်းမပေါ်၌ချထားခဲ့ရာ ၎င်း၏အစ်မဖြစ်သူ မဆန်းအေးနု က အဆိုပါဗုံးသီးဟောင်းအား ကျောက်ခဲ ဖြင့် ထုနှက်ခဲ့ရာမှ ပေါက်ကွဲခဲ့ရာ မနုနုဝင်း နှင့် ကလေးငယ် ၂ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား ၁
ဦးနှင့် အမျိုးသမီး ၅ ဦးတို့ ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး အဆိုပါဒဏ်ရာရရှိသူများအား မြောက်ဦး ပြည်သူ့ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုခံယူ စေလျက်ရှိကြောင်း သိရှိရသည်။

<zawgyi>
မြောက်ဦးတွင် ဗုံးသီးဟောင်းတစ်လုံးအား ကျောက်ခဲဖြင့် ထုနှက်ခဲ့ရာ ပေါက်ကွဲ၍ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိ
Wednesday,December 4 ,2019

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ချင်းပျံ တောရပ်ကွက်ရှိ ကားလမ်းမပေါ်၌ ဒီဇင်ဘာလ ၂ ရက် ညနေ ၅ နာရီခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့သောကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။
ဖြစ်စဉ်မှာ ချင်းပျံတောရပ်ကွက်နေ မောင်လှမောင်သိန်း(ဘ)ဦးချဘူးသည် ညနေ ၃ နာရီခွဲခန့်တွင် အလယ်ဈေးရပ်ကွက်၊ ကျောက်ပြင်ဆပ်တောရဘုန်းကြီးကျောင်း အနီး၌ တွေ့ရှိခဲ့သည့် အရှည် ၁ ပေခန့်ရှိ ဗုံးသီးဟောင်းတစ်လုံးအား ယူဆောင်လာ ပြီး ၎င်း၏အိမ်အနီးရှိ လမ်းမပေါ်၌ချထားခဲ့ရာ ၎င်း၏အစ်မဖြစ်သူ မဆန်းအေးနု က အဆိုပါဗုံးသီးဟောင်းအား ကျောက်ခဲ ဖြင့် ထုနှက်ခဲ့ရာမှ ပေါက်ကွဲခဲ့ရာ မနုနုဝင်း နှင့် ကလေးငယ် ၂ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား ၁
ဦးနှင့် အမျိုးသမီး ၅ ဦးတို့ ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး အဆိုပါဒဏ်ရာရရှိသူများအား မြောက်ဦး ပြည်သူ့ဆေးရုံသို့ပို့ဆောင်ဆေးကုသမှုခံယူ စေလျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment