Wednesday, December 4, 2019

နေတိုးအဖွဲ့ဝင်များ အချင်းချင်း တင်းမာမှု ဖြစ်နေပြီး နေတိုးထိပ်သီးအစည်းအဝေး၌ သတင်းစာရှင်းမည့်အစီအစဉ် ဒေါ်နယ်ထရမ့် ဖျက်သိမ်း

Image may contain: 4 people, text

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် NATO နေတိုး ထိပ်သီးအစည်းအဝေး၏ ၂ ရက်တာ ကျင်းပစဉ်အတွင်း အဖွဲ့ဝင် အချင်းချင်း ကသိကအောင့် တင်းမာမှု့များဖြစ်ပွားခဲ့ရပြီးနောက် အမေရိကန်သမ္မတ၏ နောက်ဆုံးရက် သတင်းစာရှင်းလင်းမည့်အစီအစဉ်ကို ဒေါ်နယ်ထရမ့်က ရုတ်တရက်ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။

လွန်ခဲ့သောရက်များအတွင်း အတော်များများ ပြောဆိုပြီးစီးခဲ့၍ အစည်းအဝေးပြီးဆုံးသည့်အခါ သတင်းစာရှင်း မနေတော့ပဲ ဝါရှင်တန်သို့ တိုက်ရိုက်ပြန်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ Twitter စာမျက်နှာတွင် ယမန်နေ့ ရေးသားခဲ့ကြောင်း သိရှိရသည်။
သို့သော် မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ကြီး ( NATO ) ၏ အကြိမ် ၇၀ မြောက် နှစ်ပတ်လည်အစည်းအဝေးအပြီး ဒေါ်နယ်ထရမ့် စောစီးစွာပြန်လည်ထွက်ခွာရခြင်းတွင် အကြောင်းရှိလိမ့်မည်ဟု ထင်မှတ်ရသည်။ ကွယ်ရာတွင် အမည်နာမ မဖော်ပြကြပဲ ပြင်သစ်နှင့် ကနေဒါခေါင်းဆောင်များက ဒေါ်နယ်ထရမ့်အား စောင်းချိတ် လှောင်ပြောဆိုခြင်း၊ အစည်းအဝေးမတိုင်မီ ထရမ့်က ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကို ရည်ညွှန်းလျှက် “ မျက်နှာနှစ်ဖက်နဲ့ကောင် “ ဟု သတင်းထောက်များအား ပြောဆိုခြင်းတို့မှာ ဒေါ်နယ်ထရမ့်စောစောအိမ် ပြန်ရခြင်းတွင် ပါဝင်ဖွယ်ရှိကြောင်း သိရှိရသည်။
ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံများအတွင်း အခြေအတင်ဖြစ်ခြင်း၊ အခက်ကြုံရခြင်းများဖြင့် ပတ်ချာဝိုင်းလျှက်ရှိခဲ့သည်။ နေတိုးအဖွဲ့သို့ GDP ၏ ၂ ရာခိုင်နှုန်း တိုးမြှင့်ပေးခြင်းမရှိသော နိုင်ငံများအား ဒေါ်နယ်ထရမ့်က အပြစ်တင်မြဲ တင်ခဲ့သည်။ အရှေ့အလယ်ပိုင်း၌ အမေရိကန်ဖမ်းဆီးရမိထားသော ဥရောပနိုင်ငံသား အိုင်အက်စ်အကြမ်းဖက် တိုက်ခိုက်ရေးသမားများအား သက်ဆိုင်ရာနိုင်ငံတို့က ပြန်လည်လက်ခံရန် ထရမ့်က နားပူနားဆာလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြင်သစ်သမ္မတက “ ၎င်းအကြမ်းဖက်သမားများမှာ အရေအတွက် အနည်းငယ်သာရှိ၍ အိုင်အက်စ် ချေမှုန်းရေး အဆုံးသတ်ရန်လောက် အန္တရာယ်မကြီးကျယ်ကြောင်း၊ နေတိုးမှာ ဦးနှောက်သေနေသောအဖွဲ့ကြီး” ဟုပြောဆိုခြင်းတို့အပေါ် “ တစ်သက် ကြားဖူးသမျှ အဆီအငေါ် မတည့်ဆုံးတွေထဲ အဆိုးတကာ့ ထိပ်ခေါင်ပဲ “ ဟု ဒေါ်နယ်ထရမ့်က အငေါ်တူးခဲ့သည်။ "နေတိုးတစ်ဖွဲ့လုံး မွှေနှောက်ရှာတောင် ဒီလိုချာလပတ်ရမ်း အမြင်အတွေးမျိုး ရှာတွေ့နိုင်မည်မဟုတ် " ဟုလည်း သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ယခုတစ်ကြိမ် နှစ်ပတ်လည်အစည်းအဝေးကျင်းပချိန်သည် နေတိုးအဖွဲ့ဝင် အမေရိကန်နှင့် တူရကီတို့အကြား တင်းမာမှု့ မြင့်တက်နေခိုက်ဖြစ်ကြောင်း သိရှိရသည်။
ဆီးရီးယားမြောက်ပိုင်းသို့ ဝင်ရောက်ကျူးကျော်ခြင်း၊ ရုရှားထံမှ လက်နက်ဝယ်ယူခြင်းဖြင့် တူရကီသည် မဟာမိတ်တို့ကို ကျောခိုင်းရာရောက်နေသည်ဟု အမေရိကန်က သတိပေးသည်။ ထိုသို့သော အခိုက်အတန့်တွင် ရုရှားနှင့် မိတ်ဆွေဖြစ်ခြင်းကို နေတိုးအုပ်စုက မဟန့်တားရန်နှင့် ထောက်ခံမှုပေးကြရန် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က တောင်းဆိုခဲ့ပြီး အာဒိုဂန်နှင့်ပတ်သက်၍ "နေတိုးအတွက် တကယ့်အဖွဲ့ဝင်ကောင်းကြီး၊ စံနမူနာပဲ “ ဟု ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။
Image may contain: 3 people
Image may contain: 4 people, text
<zawgyi>
နေတိုးအဖွဲ့ဝင်များ အချင်းချင်း တင်းမာမှု ဖြစ်နေပြီး နေတိုးထိပ်သီးအစည်းအဝေး၌ သတင်းစာရှင်းမည့်အစီအစဉ် ဒေါ်နယ်ထရမ့် ဖျက်သိမ်း
Thursday, December 5 , 2019

#Myanmar_Online_News #Htay_Oung

0 comments:

Post a Comment