Wednesday, December 4, 2019

ဆီးဂိမ်းစ် ဆီမီးဖိုင်နယ် ဘောလုံးပွဲစဉ် လက်မှတ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အခမဲ့ ဝေငှပေးသွားမည်

Image may contain: 5 people

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် ကျင်းပလျက်ရှိသည့် ၂၀၁၉ ဆီးဂိမ်းစ် ဘောလုံးပွဲစဉ် လက်မှတ်များကို ဖိလစ်ပိုင်ရောက် မြန်မာပရိသတ် များအတွက် အခမဲ့ ဝေငှပေးလျက် ရှိကြောင်း သိရှိရသည်။

MFF အနေဖြင့် လက်မှတ်များ ဝယ်ယူထားမည် ဖြစ်ပြီး ပွဲနေ့များတွင် အထူးတန်း ပွဲကြည့်စင် ဂိတ်ဝင်ပေါက်တွင် ပွဲချိန်မတိုင်မီ ၁ နာရီအလိုမှ စတင်၍ ပရိသတ်များအား လက်မှတ်ဝေငှပေးသွားမည် ဖြစ်သည်။
မြန်မာပရိသတ်များ အနေဖြင့် ရိုးရိုးတန်း ပွဲကြည့်စင်တွင် ထားရှိမည့် နိုင်ငံတော်အလံကြီး အနီးတွင် စုစည်းကြပါရန်နှင့် နိုင်ငံတော်သီချင်း အတူတကွ သီဆိုချင်း၊ Myanmar Myanmar We are Myanmar အားပေးသံများဖြင့် အားပေးခြင်းတို့တွင် ပါဝင်ကူညီကြပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်။
ယနေ့ ယှဉ်ပြိုင်ကစားမည့် မြန်မာအမျိုးသမီး အသင်းနှင့် ထိုင်း အမျိုးသမီးအသင်းတို့ ပွဲစဉ်အား လာရောက်အားပေးမည့် ဖိလစ်ပိုင်ရောက် မြန်မာ ပရိသတ်များ အနေဖြင့် အထူးတန်းဝင်ပေါက်တွင် လက်မှတ်များ ရယူနိုင်မည် ဖြစ်ပြီး ဖုန်းနံပါတ် +63 9272123580 သို့လည်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ပွဲစဉ်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Rizal Memorial Stadiumတွင် ဒီဇင်ဘာ (၅)ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဖြူရောင်ဂျာစီကို ဝတ်ဆင်မည်ဖြစ်ပြီး ထိုင်းအမျိုးသမီးအသင်းသည် အဝါရောင်ဂျာစီကို ဝတ်ဆင်ကာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Image may contain: 7 people, people on stage
<zawgyi>
ဆီးဂိမ်းစ် ဆီမီးဖိုင်နယ် ဘောလုံးပွဲစဉ် လက်မှတ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အခမဲ့ ဝေငှပေးသွားမည်
Thursday, December 5 , 2019

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် ကျင်းပလျက်ရှိသည့် ၂၀၁၉ ဆီးဂိမ်းစ် ဘောလုံးပွဲစဉ် လက်မှတ်များကို ဖိလစ်ပိုင်ရောက် မြန်မာပရိသတ် များအတွက် အခမဲ့ ဝေငှပေးလျက် ရှိကြောင်း သိရှိရသည်။
MFF အနေဖြင့် လက်မှတ်များ ဝယ်ယူထားမည် ဖြစ်ပြီး ပွဲနေ့များတွင် အထူးတန်း ပွဲကြည့်စင် ဂိတ်ဝင်ပေါက်တွင် ပွဲချိန်မတိုင်မီ ၁ နာရီအလိုမှ စတင်၍ ပရိသတ်များအား လက်မှတ်ဝေငှပေးသွားမည် ဖြစ်သည်။
မြန်မာပရိသတ်များ အနေဖြင့် ရိုးရိုးတန်း ပွဲကြည့်စင်တွင် ထားရှိမည့် နိုင်ငံတော်အလံကြီး အနီးတွင် စုစည်းကြပါရန်နှင့် နိုင်ငံတော်သီချင်း အတူတကွ သီဆိုချင်း၊ Myanmar Myanmar We are Myanmar အားပေးသံများဖြင့် အားပေးခြင်းတို့တွင် ပါဝင်ကူညီကြပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်။
ယနေ့ ယှဉ်ပြိုင်ကစားမည့် မြန်မာအမျိုးသမီး အသင်းနှင့် ထိုင်း အမျိုးသမီးအသင်းတို့ ပွဲစဉ်အား လာရောက်အားပေးမည့် ဖိလစ်ပိုင်ရောက် မြန်မာ ပရိသတ်များ အနေဖြင့် အထူးတန်းဝင်ပေါက်တွင် လက်မှတ်များ ရယူနိုင်မည် ဖြစ်ပြီး ဖုန်းနံပါတ် +63 9272123580 သို့လည်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ပွဲစဉ်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Rizal Memorial Stadiumတွင် ဒီဇင်ဘာ (၅)ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဖြူရောင်ဂျာစီကို ဝတ်ဆင်မည်ဖြစ်ပြီး ထိုင်းအမျိုးသမီးအသင်းသည် အဝါရောင်ဂျာစီကို ဝတ်ဆင်ကာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

0 comments:

Post a Comment