Thursday, December 5, 2019

အမေရိကန်ဒေါ်လာ ၇သိန်းကျော် တန်ဖိုးရှိ မော်တော်ယာဉ် ၆ စီးအတွက် အခွန်ကင်းလွှတ်ခွင့်ပြုရေး လွှတ်တော်သို့ တင်ပြ

Image may contain: one or more people and people sittingImage may contain: car

နိုင်ငံတော်အကြီးအကဲများ၊ ပြည်ပဧည့်သည်တော်များ အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၇သိန်းကျော် တန်ဖိုးရှိမော်တော်ယာဉ် ၆ စီး ဝယ်ယူမည်ဖြစ်၍ ကျသင့်မည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပေးနိုင်ပါရန် အစိုးရက ပြည်ထောင်စုလွှတ်တော်ကို ဒီနေ့တင်ပြခဲ့ကြောင်း သိရှိရသည်။

ယင်းမော်တော်ကား ၆ စီးကို ဂျပန်နိုင်ငံမှ တိုက်ရိုက်မှာယူတင်သွင်းမည်ဖြစ်ပြီး လင်ခရူဇာ၊ တိုရိုတာ မော်ဒယ်၂၀၁၉၊၂၀၂၀ထုတ် ကားများဖြစ်ကြောင်း သိရှိရသည်။ အထက်ပါ မော်တော်ယာဉ်များအတွက် ကျသင့်ပေးဆောင်ရမည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် ရှိကြောင်း သိရှိရသည်။
အစိုးရအဖွဲ့ မော်တော်ကားများဝယ်ယူရေးကိစ္စနှင့်စပ်လျဉ်းကာ အစည်းအဝေးများပြုလုပ်ပြီး အတည်ပြုဆုံးဖြတ်ခဲ့သည့်အကြောင်း၊ လွှတ်တော်ဘက်က အတည်ပြုပေးပါရန် စသည်ဖြင့် လွှတ်တော်ကို စီမံ၊ဘဏ္ဍာ၊စက်မှု ဒုဝန်ကြီးက တင်ပြခဲ့ပြီး လွှတ်တော်နာယကက ယင်းကိစ္စအပေါ်ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ စာရင်းပေးကြရန်နှင့် ဆွေးနွေးပြီး ဆုံးဖြတ်မည်ဟု လွှတ်တော်ကိုပြောကြားခဲ့ကြောင်း သိရှိရသည်။
<zawgyi>
အမေရိကန်ဒေါ်လာ ၇သိန်းကျော် တန်ဖိုးရှိ မော်တော်ယာဉ် ၆ စီးအတွက် အခွန်ကင်းလွှတ်ခွင့်ပြုရေး လွှတ်တော်သို့ တင်ပြ
Thursday, December 5 , 2019

နိုင်ငံတော်အကြီးအကဲများ၊ ပြည်ပဧည့်သည်တော်များ အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၇သိန်းကျော် တန်ဖိုးရှိမော်တော်ယာဉ် ၆ စီး ဝယ်ယူမည်ဖြစ်၍ ကျသင့်မည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပေးနိုင်ပါရန် အစိုးရက ပြည်ထောင်စုလွှတ်တော်ကို ဒီနေ့တင်ပြခဲ့ကြောင်း သိရှိရသည်။
ယင်းမော်တော်ကား ၆ စီးကို ဂျပန်နိုင်ငံမှ တိုက်ရိုက်မှာယူတင်သွင်းမည်ဖြစ်ပြီး လင်ခရူဇာ၊ တိုရိုတာ မော်ဒယ်၂၀၁၉၊၂၀၂၀ထုတ် ကားများဖြစ်ကြောင်း သိရှိရသည်။ အထက်ပါ မော်တော်ယာဉ်များအတွက် ကျသင့်ပေးဆောင်ရမည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ သိန်းကျော် ရှိကြောင်း သိရှိရသည်။
အစိုးရအဖွဲ့ မော်တော်ကားများဝယ်ယူရေးကိစ္စနှင့်စပ်လျဉ်းကာ အစည်းအဝေးများပြုလုပ်ပြီး အတည်ပြုဆုံးဖြတ်ခဲ့သည့်အကြောင်း၊ လွှတ်တော်ဘက်က အတည်ပြုပေးပါရန် စသည်ဖြင့် လွှတ်တော်ကို စီမံ၊ဘဏ္ဍာ၊စက်မှု ဒုဝန်ကြီးက တင်ပြခဲ့ပြီး လွှတ်တော်နာယကက ယင်းကိစ္စအပေါ်ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ စာရင်းပေးကြရန်နှင့် ဆွေးနွေးပြီး ဆုံးဖြတ်မည်ဟု လွှတ်တော်ကိုပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment