Wednesday, December 4, 2019

မလေးရှားနိုင်ငံသား ၆ ဦးအား ဘာသာရေးဝတ်ပြုဆုတောင်းပွဲ မတက်ရောက်သည့်အတွက် ထောင်ဒဏ်ချမှတ်

Image may contain: 2 people, people standingImage may contain: tree, outdoor, nature and water

အစ္စလာမ်ဥပဒေကိုချိုးဖောက်ပြီး သောကြာနေ့တိုင်း ပြုလုပ်ရသည့် ဘာသာရေးဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ရန် ပျက်ကွက်သူ ၆ ဦးကို မလေးရှားတရားရုံးက ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ်ပေးလိုက်ကြောင်း သိရှိရသည်။

အသက် ၁၇ နှစ်နှင့် ၃၅ နှစ်အရွယ်ကြားရှိ မလေးရှားနိုင်ငံသား ၆ ဦးသည် သောကြာနေ့က ဘာသာရေးဝတ်ပြုဆုတောင်းပွဲ မတက်ရောက်ဘဲ ရေတံခွန်သို့ ပျော်ပွဲစားထွက်ခဲ့ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။ မလေးရှားနိုင်ငံ တီရမ်ဂါနုပြည်နယ်ရှိ တရားရုံးက ထောင်ဒဏ်အပြင် ငွေဒဏ်ရင်းဂစ် ၂၄၀၀ နှင့် ၂၅၀၀ ကြား ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် အဆိုပါမလေးရှားနိုင်ငံသား ၆ ဦးအား တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့်ပေးထားသည်။ မလေးရှားနိုင်ငံတွင် အစ္စလာမ် ဥပဒေချိုးဖောက်သူများကို ထောင်ဒဏ်အမြင့်ဆုံး ၂ နှစ်ပေးလေ့ရှိကြောင်း သိရှိရသည်။
Ref; Channel News Asia #Myanmar_Online_News

<zawgyi>
မလေးရှားနိုင်ငံသား ၆ ဦးအား ဘာသာရေးဝတ်ပြုဆုတောင်းပွဲ မတက်ရောက်သည့်အတွက် ထောင်ဒဏ်ချမှတ်
Thursday, December 5 , 2019

အစ္စလာမ်ဥပဒေကိုချိုးဖောက်ပြီး သောကြာနေ့တိုင်း ပြုလုပ်ရသည့် ဘာသာရေးဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ရန် ပျက်ကွက်သူ ၆ ဦးကို မလေးရှားတရားရုံးက ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ်ပေးလိုက်ကြောင်း သိရှိရသည်။
အသက် ၁၇ နှစ်နှင့် ၃၅ နှစ်အရွယ်ကြားရှိ မလေးရှားနိုင်ငံသား ၆ ဦးသည် သောကြာနေ့က ဘာသာရေးဝတ်ပြုဆုတောင်းပွဲ မတက်ရောက်ဘဲ ရေတံခွန်သို့ ပျော်ပွဲစားထွက်ခဲ့ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။ မလေးရှားနိုင်ငံ တီရမ်ဂါနုပြည်နယ်ရှိ တရားရုံးက ထောင်ဒဏ်အပြင် ငွေဒဏ်ရင်းဂစ် ၂၄၀၀ နှင့် ၂၅၀၀ ကြား ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် အဆိုပါမလေးရှားနိုင်ငံသား ၆ ဦးအား တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့်ပေးထားသည်။ မလေးရှားနိုင်ငံတွင် အစ္စလာမ် ဥပဒေချိုးဖောက်သူများကို ထောင်ဒဏ်အမြင့်ဆုံး ၂ နှစ်ပေးလေ့ရှိကြောင်း သိရှိရသည်။
Ref; Channel News Asia #Myanmar_Online_News

0 comments:

Post a Comment