Tuesday, December 3, 2019

ဂျပန်နိုင်ငံသည် အမေရိကန်နှင့်ပူးတွဲ၍ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်ရန် မာဂီးရှီးမား ကျွန်းတစ်ကျွန်းလုံး ဝယ်ယူ

Image may contain: outdoor

ဂျပန်နိုင်ငံသည် အမေရိကန်နှင့်ပူးတွဲ၍ စစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ရန် အတွက် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မာဂီးရှီးမား အမည်ရှိကျွန်းတစ်ကျွန်းအား အမေရိကန် ဒေါ်လာ ၁၄၆ မီလီယံဖြင့် ဝယ်ယူခဲ့ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ တောင်ဘက်ပိုင်းဒေသ များမှတစ်ဆင့် ရေပြင်၊ ဝေဟင်တို့မှ ကျူးကျော်လာမည့်ရန်သူများအား ဟန့်တားချေမှုန်း သွားနိုင်ရေးနှင့် ဒိုအိုယု ကျွန်းများအား ကာကွယ်ရေးအတွက် အခြေစိုက်စခန်းတစ်ခု တည် ထောင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဓိကအားဖြင့် လက်ရှိတွင် တရုတ်နှင့်ဖြစ်ပေါ်လျက်ရှိ သည့် ပဋိပက္ခများအပေါ် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရေးအတွက် ယခုကဲ့သို့ ဝယ်ယူ တည်ဆောက် လေ့ကျင့်သွားမည်ဖြစ်သည်။
မာဂီးရှီးမားကျွန်းပေါ်တွင် စစ်ရေးလေ့ကျင့် ခန်းဆိုင်ရာများ၊ ဂျပန်နှင့် အမေရိကန်လေတပ်အခြေစိုက်စခန်းများ တည်ဆောက်ထားရှိ မည်ဖြစ်သည်။
အဆိုပါကျွန်းတွင် ဂျပန်တို့အနေဖြင့် လေတပ်အခြေစိုက်စခန်းတစ်ခုထားရှိကာ အမေရိကန်တို့နှင့်ပူးတွဲ၍ စစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ လေယာဉ်ကွင်းတည်ဆောက်ပြီးစီးပါက ဂျပန်တို့အနေဖြင့် Osprey သယ်ယူပို့ ဆောင်ရေး လေယာဉ်အချို့ကို မာဂီးရှီးမားကျွန်းတွင် သွားရောက်ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။
No photo description available.
Image may contain: mountain, sky, outdoor and nature
Image may contain: ocean, sky, outdoor, water and nature
Image may contain: outdoor
<zawgyi>
ဂျပန်နိုင်ငံသည် အမေရိကန်နှင့်ပူးတွဲ၍ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်ရန် မာဂီးရှီးမား ကျွန်းတစ်ကျွန်းလုံး ဝယ်ယူ
Tuesday, December 3 , 2019.

ဂျပန်နိုင်ငံသည် အမေရိကန်နှင့်ပူးတွဲ၍ စစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ရန် အတွက် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မာဂီးရှီးမား အမည်ရှိကျွန်းတစ်ကျွန်းအား အမေရိကန် ဒေါ်လာ ၁၄၆ မီလီယံဖြင့် ဝယ်ယူခဲ့ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံ တောင်ဘက်ပိုင်းဒေသ များမှတစ်ဆင့် ရေပြင်၊ ဝေဟင်တို့မှ ကျူးကျော်လာမည့်ရန်သူများအား ဟန့်တားချေမှုန်း သွားနိုင်ရေးနှင့် ဒိုအိုယု ကျွန်းများအား ကာကွယ်ရေးအတွက် အခြေစိုက်စခန်းတစ်ခု တည် ထောင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဓိကအားဖြင့် လက်ရှိတွင် တရုတ်နှင့်ဖြစ်ပေါ်လျက်ရှိ သည့် ပဋိပက္ခများအပေါ် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရေးအတွက် ယခုကဲ့သို့ ဝယ်ယူ တည်ဆောက် လေ့ကျင့်သွားမည်ဖြစ်သည်။
မာဂီးရှီးမားကျွန်းပေါ်တွင် စစ်ရေးလေ့ကျင့် ခန်းဆိုင်ရာများ၊ ဂျပန်နှင့် အမေရိကန်လေတပ်အခြေစိုက်စခန်းများ တည်ဆောက်ထားရှိ မည်ဖြစ်သည်။
အဆိုပါကျွန်းတွင် ဂျပန်တို့အနေဖြင့် လေတပ်အခြေစိုက်စခန်းတစ်ခုထားရှိကာ အမေရိကန်တို့နှင့်ပူးတွဲ၍ စစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ လေယာဉ်ကွင်းတည်ဆောက်ပြီးစီးပါက ဂျပန်တို့အနေဖြင့် Osprey သယ်ယူပို့ ဆောင်ရေး လေယာဉ်အချို့ကို မာဂီးရှီးမားကျွန်းတွင် သွားရောက်ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment