Tuesday, December 3, 2019

မကွေးမြို့တွင် အိမ်ဆောက်ရန် လိုင်းကျင်းတူးရာမှ ဗုံးသီးနှင့် ကျည်ဆန်များတွေ့ရှိ

Image may contain: outdoor and nature

မကွေးမြို့ သိင်္ဂါရပ်ကွက် အမှတ်(၄) သီတာလမ်းရှိ ဒေါ်ငြိမ်းငြိမ်းဝင်း၏ ဝိုင်းမြေပေါ်တွင် တိုက်အိမ်ဆောက်ရန် လိုင်းကျင်းတူးရာမှ ဗုံးသီးနှင့် ကျည်ဆံများကို အလုပ်သမားတစ်ဦးဖြစ်သူ ကိုဖြိုးဝေအောင်က ဒီဇင်ဘာလ ၃ရက်နေ့ နံနက် ၁၁ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။

“အိမ်ဆောက်ဖို့ လိုင်းကျင်းတူးနေတာ။ မြေကြီးတူးနေရင်း ကျင်းရဲ့ညာဘက်ဘေးမှာ ကျည်ဆံတွေက ပလတ် စတစ်အိတ် ထုပ်ထဲကနေ ပြေကျနေတာ ၊ ကျွန်တော်က မီးသီးဟောင်း မှတ်ပြီး မြေကြီးကိုထပ်ပေါက် (တူး) လိုက်တာ ယမ်းစော်နံ လာလို့ နောက်ဆုတ်ပြီး သေချာ ကြည့်တော့ ကျည်ဆံတွေဖြစ်နေတာ။ အိတ်ကိုဆွဲထုတ်လိုက်တော့ ဗုံးတစ်လုံး ပါလာတယ် ” ဟု စတင်တွေ့ရှိခဲ့သူ ကိုဖြိုးဝေအောင် က ပြောပြသည်။
အိမ်ရှင်နှင့် ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးမှူး ဦးကျော်သန်းထံ သတင်းပို့ခဲ့ပြီး သက်ဆိုင် ရာ ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေး နှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ချက်ချင်း လာရောက် စစ်ဆေးကာ ၇.၆၂ ကျည်ဆံ(၉)တောင့် ၊ ၉ မမကျည်ဆံ(၃၄)တောင့် ၊ 91 ဗုံးသီးတစ်လုံး ၊ ဝါယာကြိုးထုံး တစ်ခုတို့ကို မွန်းလွဲ ၁၂ နာရီခွဲ အချိန်၌ အန္တရာယ်ကင်းစွာ စစ်ဆေး သိမ်းဆည်း နိုင်ခဲ့သည်။
“ အဟောင်းတွေ သုံးလို့တော့မရဘူး။ အန္တရာယ်တော့ရှိတယ်။ အဟောင်းဆိုတော့ အတွင်းထဲက စက်ခလုတ်ပိုင်း ဆိုင်ရာ ဘယ်လိုဖြစ်နေတယ်တော့မသိဘူးလေ။ အဲတော့ ပိုအန္တရာယ်ရှိတာပေါ့။ အသစ်ဆိုရင်တော့ သူ့ရဲ့ စက်ခလုတ်ပိုင်းဆိုင်ရာ ဘယ်လိုဆိုတာ ကိုင်လို့ရတယ်။ အန္တရာယ် သိပ်မရှိဘူးပေါ့။ ဒါကို ကျွန်တော်ဆို့ဆီမှာ ထိန်းသိမ်းထားပြီးတော့ ဖောက်ခွဲဖျက်ဆီးဖို့ တင်ပြရတယ် " ဟု နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Image may contain: 1 person
Image may contain: 1 person, sitting, outdoor and closeup
Image may contain: one or more people, shoes and outdoor
ဇေယျတု(မကွေး)
<zawgyi>
မကွေးမြို့တွင် အိမ်ဆောက်ရန် လိုင်းကျင်းတူးရာမှ ဗုံးသီးနှင့် ကျည်ဆန်များတွေ့ရှိ
Tuesday, December 3 , 2019.

မကွေးမြို့ သိင်္ဂါရပ်ကွက် အမှတ်(၄) သီတာလမ်းရှိ ဒေါ်ငြိမ်းငြိမ်းဝင်း၏ ဝိုင်းမြေပေါ်တွင် တိုက်အိမ်ဆောက်ရန် လိုင်းကျင်းတူးရာမှ ဗုံးသီးနှင့် ကျည်ဆံများကို အလုပ်သမားတစ်ဦးဖြစ်သူ ကိုဖြိုးဝေအောင်က ဒီဇင်ဘာလ ၃ရက်နေ့ နံနက် ၁၁ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။
“အိမ်ဆောက်ဖို့ လိုင်းကျင်းတူးနေတာ။ မြေကြီးတူးနေရင်း ကျင်းရဲ့ညာဘက်ဘေးမှာ ကျည်ဆံတွေက ပလတ် စတစ်အိတ် ထုပ်ထဲကနေ ပြေကျနေတာ ၊ ကျွန်တော်က မီးသီးဟောင်း မှတ်ပြီး မြေကြီးကိုထပ်ပေါက် (တူး) လိုက်တာ ယမ်းစော်နံ လာလို့ နောက်ဆုတ်ပြီး သေချာ ကြည့်တော့ ကျည်ဆံတွေဖြစ်နေတာ။ အိတ်ကိုဆွဲထုတ်လိုက်တော့ ဗုံးတစ်လုံး ပါလာတယ် ” ဟု စတင်တွေ့ရှိခဲ့သူ ကိုဖြိုးဝေအောင် က ပြောပြသည်။
အိမ်ရှင်နှင့် ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးမှူး ဦးကျော်သန်းထံ သတင်းပို့ခဲ့ပြီး သက်ဆိုင် ရာ ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေး နှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ချက်ချင်း လာရောက် စစ်ဆေးကာ ၇.၆၂ ကျည်ဆံ(၉)တောင့် ၊ ၉ မမကျည်ဆံ(၃၄)တောင့် ၊ 91 ဗုံးသီးတစ်လုံး ၊ ဝါယာကြိုးထုံး တစ်ခုတို့ကို မွန်းလွဲ ၁၂ နာရီခွဲ အချိန်၌ အန္တရာယ်ကင်းစွာ စစ်ဆေး သိမ်းဆည်း နိုင်ခဲ့သည်။
“ အဟောင်းတွေ သုံးလို့တော့မရဘူး။ အန္တရာယ်တော့ရှိတယ်။ အဟောင်းဆိုတော့ အတွင်းထဲက စက်ခလုတ်ပိုင်း ဆိုင်ရာ ဘယ်လိုဖြစ်နေတယ်တော့မသိဘူးလေ။ အဲတော့ ပိုအန္တရာယ်ရှိတာပေါ့။ အသစ်ဆိုရင်တော့ သူ့ရဲ့ စက်ခလုတ်ပိုင်းဆိုင်ရာ ဘယ်လိုဆိုတာ ကိုင်လို့ရတယ်။ အန္တရာယ် သိပ်မရှိဘူးပေါ့။ ဒါကို ကျွန်တော်ဆို့ဆီမှာ ထိန်းသိမ်းထားပြီးတော့ ဖောက်ခွဲဖျက်ဆီးဖို့ တင်ပြရတယ် " ဟု နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ေဇယ်တု(မေကြး)

0 comments:

Post a Comment