Thursday, December 26, 2019

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိ

Image may contain: outdoor

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိမ်းမှောက်နေသော ကားတစ်စီးအား စစ်ဆေးရာမှ ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်မှ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအနီးရှိ ဖားကန့်-ဝှေခါသွား ကားလမ်း၌ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ဦးထိန်နန်လီ(ဘ) ဦးရှတန်နှင့် ယာဉ်နောက်လိုက် ဦးကျော်စိုးမိုး(ဘ)ဦးစိုးမြင့် တို့နှစ်ဦးအား ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ ထည့်ထားသော ဆာလာအိတ် ၆၂ဝ အိတ် (ခန့်မှန်း ၂၃ဝဝဝ ကီလို)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မော်တော်ယာဉ်၊ ကျောက်စိမ်း အရိုင်းတုံး များနှင့်အတူ ဖမ်းဆီးရမိသူများအား ဖားကန့်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

<zawgyi>
ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိ
Friday ,December 27 , 2019

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိမ်းမှောက်နေသော ကားတစ်စီးအား စစ်ဆေးရာမှ ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်မှ ထုတ်ပြန်ချက်အရ သိရှိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအနီးရှိ ဖားကန့်-ဝှေခါသွား ကားလမ်း၌ မော်တော်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ဦးထိန်နန်လီ(ဘ) ဦးရှတန်နှင့် ယာဉ်နောက်လိုက် ဦးကျော်စိုးမိုး(ဘ)ဦးစိုးမြင့် တို့နှစ်ဦးအား ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ ထည့်ထားသော ဆာလာအိတ် ၆၂ဝ အိတ် (ခန့်မှန်း ၂၃ဝဝဝ ကီလို)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မော်တော်ယာဉ်၊ ကျောက်စိမ်း အရိုင်းတုံး များနှင့်အတူ ဖမ်းဆီးရမိသူများအား ဖားကန့်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment