Thursday, December 26, 2019

AA သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိ

No photo description available.

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ တမန်းသားကျေးရွာနေ ဦးမောင်လှ(ဘ) ဦးကံကြီးသည် ဒီဇင်ဘာ ၂၁ ရက်တွင် တစ်ရွာတည်းနေ အမျိုးသားလေးဦးနှင့်အတူ ဘူးသီးတောင်မြို့သို့ စျေးဝယ်၍ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ကျေးရွာသို့ ပြန်လည်ထွက်ခွာလာရာ ခမီးချောင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅ဝဝ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား ဦးမောင်လှမှ နင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာအား ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

<zawgyi>
AA သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိ
Friday ,December 27 , 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ တမန်းသားကျေးရွာနေ ဦးမောင်လှ(ဘ) ဦးကံကြီးသည် ဒီဇင်ဘာ ၂၁ ရက်တွင် တစ်ရွာတည်းနေ အမျိုးသားလေးဦးနှင့်အတူ ဘူးသီးတောင်မြို့သို့ စျေးဝယ်၍ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ကျေးရွာသို့ ပြန်လည်ထွက်ခွာလာရာ ခမီးချောင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၅ဝဝ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား ဦးမောင်လှမှ နင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာအား ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment